ငွေသုံး ငွေရှာနည်း ဗဟုသုတ

in #myanmar6 years ago (edited)

ဖတ်ဖူးခဲ့သော ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် အကြောင်း လူအမျိုးမျိုးရှိတဲ့အလျှောက် ချမ်းသာသူဆင်းရဲသူနဲ့ အလယ်အလတ်အတန်းအစား သုံးမျိုးသုံးစားရှိကြတယ် ချမ်းသာသူကကောဘာကြောင့် ချမ်းသာတာလဲ ဆင်းရဲသူကကောဘာကြောင့်ဆင်းရဲကြတာလဲ ဆိုတာ ကို ဘေဘီလုံမှာအချမ်းသာဆုံး ပုဂ္ဂိုလ်ဆိုတဲ့ စာအုပ်လေးကိုဖတ်ရင်း အသိတရားလေးတစ်ခု ရလိုက်တယ် လူတစ်ယောက်ဟာ ချမ်းသာချင်တယ်ဆိုပြီး ပိုက်ဆံတွေရှာပြီး အသုံးအစွဲမတက်ရင် အဲ့ဒီရှာဖွေမှုဟာလဲအလကားပါပဲ ချမ်းသာတဲ့သူတော်တော်များကတော့ လိုအင်ဆန္ဒထက် လိုအပ်ချက်ကိုဦးစားပေးကြတယ် ဆင်းရဲသူတွေတော်တော်များများကတော့ လိုအပ်ချက်ထက် လိုအင်ဆန္ဒကို ဦးစားပေးကြလို့ မချမ်းသာပဲ ဆင်းရဲတဲ့ဘဝကမလွတ်မြောက်နိုင်တာတွေလဲရှိတယ် တချို့ဆင်းရဲသူတွေတော်များများကတော့ အလုပ်မလုပ်ချင်တာကြောင့် ဆင်းရဲတယ် အဲ့လိုလူမျိုးတွေကြတော့ လူတော့ စိတ်ချမ်းသာတယ် ငွေကြေးကြတော့ သူများလိုမဝတ်နိုင်မစားနိုင်ဘူးပေါ့ image
ဥပမာပြောပြမယ် ကျမတို့ဝန်ထမ်းတွေမှာလဲ လစာနှုန်းထားမတူညီကြတွေရှိတယ် ဒါပေမဲ့ အားလုံးကိုယ်စီ လောက်လောက်ငှငှ စားသုံးနိုင်ကြတယ် တစ်ချို့ဆို ကိုယ်ထက် လစာနှုန်းထား နည်းပါးတာတောင် ပိုက်ဆံစုနိုင်ကြတယ် အဲ့ဒါဘာကြောင့်လဲ ရှင်းရှင်း လေးပါ သူတို့ဟာလဲ လိုအင်ဆန္ဒထက် လိုအပ်ချက်ကိုပဲ ဦးစားပေးတဲ့သူတွေမို့ပါ ချမ်းသာသူတော်တော်များများဟာလဲ ဒီနှစ်ချက်ကိုပဲ နှလုံးမူတဲ့သူတွေပါ တချို့ပိုက်ဆံတွေရှာ စီးပွားတွေရှာကြတယ် image ဒါပေမယ့်လဲ အဲ့ပိုက်ဆံတွေဆုံးရှုံးလို့ အရင်ဆင်းရဲတဲ့ဘဝပြန်ရောက်ကုန်ကြတယ် အဲ့ဒါတွေရဲ့သော့ချက်ဟာ ဘာလဲဆိုတာကို ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဆိုတဲ့ စာအုပ်လေးကနေသိခွင့်ရခဲ့တယ် အဲ့ထဲကဇတ်လမ်းလေးကို ကိုးကားပြီးပြောပါ့မယ် ဦးနီပေါ့ ဦးနီဟာ လက်နိုပ်စက်ရိုက်ပြီး သူ့မိသားစုစားဝတ်နေရေးကိုရှာဖွေပါတယ် အဲ့ထဲကမှ ပိုရှံတာလေးကိုဆုတယ် 1နှစ်လောက်ကြာမှာတော့ အရင်းအနှီးလေးတစ်ခုရခဲ့တယ် ဒါပေမဲ့ အဲ့အရင်းအနှီးကို သူဘာလုပ်ရမှန်းမသိဘူး အဲ့အချိန်မှာ သူ့သူငယ်ချင်း ဆိုက္ကားသမားက ဆိုက္ကားနင်းမကောင်းလို့ ကျောက်သွားတူးပြီးကျောက်ပွဲစားလုပ်မယ်လို့ပြောလာတယ် အဲ့အချိန်မှာသူကလဲ အရင်းနှီးလေးရှိနေတော့ သူ့သူငယ်ချင်းဆီရှယ်ယာဝင်မယ်ဆိုပြီး တစ်နှစ်လောက်စုထားတဲ့ ပိုက်ဆံတွေအကုန်ပေးလိုက်ပါတယ် နောက်တော့ သူ့သူငယ်ချင်လဲ ကျောက်သွားတူးပြီးကျောက်ပွဲစားလုပ်တာမကြာသေးပဲ ကျောက်အတုတွေနဲ့ လိမ်တာခံလိုက်ရပါတယ် အဲ့မှာတင်ပဲ ဦးနီရဲ့ တစ်နှစ်ပတ်လုံးရှာထားသမျှပိုက်ဆံလေးကုန်ဆုံးပြီး အရင်ဘဝကိုပဲပြန်ရောက်သွားခဲ့တယ် အဲ့ဒါတွေက ဘာကြောင့် လဲ ကျောက်အကြောင်းဘာမှနားမလည်တဲ့ ဆိုက္ကားသမားကိုပုံအပ်မိလို့ပါပဲ အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာ ကိုယ့်ရဲ့ပိုက်ဆံလေးတွေမဆုံးရှုံးချင်ရင် အလုပ်သဘောကိုကျေလည်စွာနားလည်တဲ့သူလဲဖြစ် သစ္စာရှိသူလဲ ဖြစ်မှသာမိမိရဲ့ ပိုက်ဆံတိုးပွားမှာပဲဖြစ်ပါတယ် image
အားလုံးပဲ စီးပွားတိုးကြပါစေ
Credit image goggle
By @coralbright

Sort:  

မမ သန် ပြောပြပေးတာ
ကျေးဇူးနော်

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 69718.72
ETH 3746.11
USDT 1.00
SBD 3.81