အဆောင်များ

in #myanmar6 years ago (edited)

မိမိ၏ သားငယ် သမီးငယ်များ အချိန်တန်လို့ ကိုးတန်း ဆယ်တန်းအရွှယ် ရောက်လာပြီဆိုပါက အဆောင်ဆိုသော နေရာများသို့ ပို့ဆောင်ကြလေသည် ။ ပညာရေး အတွက် ဖြစ်ပေမဲ့ ထိုသို့ ပြုလုပ်ရာတွင် မိမိသားသမီး၏ ခံနိုင်ရည်အားလည်း ဆန်းစစ်သင့်သည် ထင်ပါသည် ။ အချို့ အဆောင်များမှာ အနေချောင်သော်လည်း ။ အချို့ အနေမချောင်သော နေရာများတွင် ဆိုလျှင် မိမိသားသမီးများမှာ ခံနိုင်ရည် မရှိလျှင် အခက်တွေ့ကြလိမ့်မည် ထင်ပါသည် ။

ထို အဆောင်ဆိုသော နေရာအား ရင်းနီးသော်လည်း မနေခဲ့ဖူးပါ ။ ကျူရှင်သာလျှင် တက်ဖူးပြီး အဆောင် နှစ်ရက်သုံးရက်ခန့် ခဏနေကြည့်သည်ပင် အဆင်မပြေသဖြင့် မနေခဲ့ပါ ။ ကိုယ်နေသော အဆောင်မှာ အရမ်းကြီး မတင်းကြပ်ပေမဲ့ အိပ်ရေးပျက်တတ်သော ထိုအဆောင်ဆိုသော နေရာတွင် မနေဖြစ်ခဲ့ပါ ။ မိမိ၏ သားသမီးအား အောင်မြင်စေချင်သည် မှန်သော်လည်း အချို့နေရာများတွင် သားသမီးများအတွက် ဒုက္ခ ဖြစ်နေတတ်သည်လည်း ရှိနိုင်ပါသည် ။ အချို့ အဆောင်များတွင်ကား စာမေးပွဲ အောင်ရန်ကိုသာ ဦးစားပေးတတ်သည် ထင်ပါသည် ။

ကိုယ်ကိုယ်တိုင် ကြုံတွေ့ရသည် မဟုတ်သဖြင့် အတိအကျတော့ မှန်ကန်ပါသည်ဟု အာမမခံနိုင်ပါ ။ အဆောင်လား ကိုယ်ပိုင်ကျောင်း လားတော့ မသိ အဆောင်ဘဲ ဆိုပါစို့ ။ ကိုးတန်းအထိ အတူနေသူ သူငယ်ချင်းတစ်ယောက်အား သူ့မိဘများက အမှတ်များများနှင့် အောင်စေချင်သည် ထင်ပါသည် ။ နာမည်ကြီး ဈေးကြီးသော မြို့ကြီးမှ အဆောင်တစ်ခုသို့ပို့လေသည် ။ အဆောင်တွင် အိပ်ယာထချိန် မထဖြစ်ခြင်း စာကျက်ချိန် စာကျက်ရန်နေရာ မရောက်ခြင်း စာမရခြင်း စသော အပြစ်တို့အတွက် ကြာပွတ်ကောင်းကောင်းကို အင်္ကျီချွတ် အဆော်ခံရသည် ဆိုပါသည် ။ အတော်အတန် ဝဝဖြိုးဖြိုးရှိသော သူ ပြန်လာတော့ အရိုးပေါ် အရေတင် ဖြစ်လာသည် ။ ဝိတ်လျှော့လိုသူများ ထိုနေရာမျိုးနှင့် အဆင်ပြေနိုင်ပါသည် ။

ထိုသို့သော ဒဏ်ရာများကို ခံနိုင်ရည်ရှိမည်လား တင်းကျပ်သော စည်းကမ်းများကို ခံနိုင်ရည် ရှိမည်လား ဟူသည်ကို ပြန်လည်စဉ်းစားဖို့ လိုအပ်ပါမည် ။ ပြင်ပဒါဏ်ရာများအား ကုသ ပျောက်ကင်းနိုင်သော်လည်း အတွင်းတွင် ထိခိုက်သည်များ စိတ်ဒဏ်ရာများ ဖြစ်လာခဲ့လျှင်ခက်ချေမည် ။ သူတို့လူပေါင်းများစွာကို သင်ကြားနေသည်ဆိုသည်ကို လက်ခံနိုင်သော်လည်း လူတစ်ဦးနှင့် တစ်ဦး ခံနိုင်ရည်ချင်း မတူညီကြပါ ။ အိမ်တွင်ပင် မကြာခဏ ဖျားနာတတ်သူ ကျန်းမာရေး မကောင်းသူ တစ်ယောက် အဆောင်ထားခဲ့သည် ။ အဆောင်တွင်လည်း တစ်ရှောင်ရှောင် ဆိုသည် ။ ထို့နောက် စာမေးပွဲဖြေပြီးချိန်မှာတော့ အိပ်ယာထဲ လဲလေတော့သည် ။ စာမေးပွဲတော့ ဖြေနိုင်လိုက်သေးသည် ။ သို့သော် ကလေးမှာ အသက်ပြန်မရှင်လာတော့ ပေ ငါးဘာသာသော ဂုဏ်ထူးဖြင့် အောင်ခဲ့သည်ကိုပင် သိခွင့် မရရှာတော့ ။ထိုသို့ဖြစ်လာပါက ထိုသို့အောင်ခဲ့သော စာမေးပွဲသည် ဘာများသုံးစား၍ရဦးမည်နည်း ။ ထို့ကြောင့် မနိုင်ဝန်အား အတင်းအကြပ် ထမ်းဆောင်စေခြင်းလဲ မဖြစ်သင့်ဟူ၍ ထင်မိပါသည် ။

နောက်တစ်ခုက ကောင်မလေး တစ်ယောက်အကြောင်းပါ ။ မိဘများမှ စည်းကမ်းကောင်းပါသည်ဆိုသော အဆောင်ကို ကုန်ကျစရိတ်များစွာဖြင့် ရွှေးထားခဲ့သည် ။ အိမ်တွင် အလိုလိုက်ခံရသမျှ ဟိုမှာ အိမ်နှင့်လုံးဝ မတူနိုင် ။ အလွန်တော်သော သူမ ယခုအချိန်တွင် ယာဉ်ယာဉ်လေး စိတ်ဖောက်နေပါသည် ။ သူ့ကို နင်ဂေါက်နေတယ်လို့ပြောရင် အကိုက်ခံရဖို့သေချာနေပါပြီ ။

ကဲ ဒီလောက်ပါဘဲလေ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရေးပြီးပြီ အဆာင်ထားမယ်ဆို ဟင်းကောင်းတာလေးတွေ ပို့ဖို့လဲ မမေ့နဲ့နော် ပို့ရင်လဲ သူငယ်ချင်းများနှင့် မျှစားမှာပါ တစ်ခါတည်းတွက်ပါ ။ တော်ကြာ ချဉ်ပေါင်နေ့တိုင်းစားပြီး အစာအိမ်ထဲ အချဉ်တွေပြည့်နေမှာ စိုးလို့ပါ ။ ဒါနဲ့ ပုံတွေ မထည့်ထားတော့ဘူးနော် ညင်ညင်သာသာ သင်တဲ့ ပုံတွေဘဲရှိတယ် အားကျစရာ အလွန်ကောင်းပါတယ် ။ ဒါပေမဲ့ လက်တွေ့မှာ ညင်ညင်သာသာ မဟုတ်တဲ့ နေရာတွေ ကိုယ်တွေ နေထိုင်ရာမှာ အများကြီး ရှိတယ်ဆိုတာ သိသာပါတယ်လေ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

တချို့အ​ဆောင်​​တွေကအစားအ​သောက်​မ​ကောင်းတာတို့အများကြီး။

ဟုတယ်နော့ ဟီးဟီး

စာရေးသားသောအလုပ်ဖြင့် အသက်မွေးဝမ်းပြုသူများသည် ပဋိဥာဉ်ဥပေးအရ
စာနယ်ဇင်းကျင့်ဝတ်များကို လိုက်နာပြီးဖြစ်ကြောင်းမှတ်ယူရပါမယ်။
စာနယ်ဇင်းသမားမှန်လျှင် အစွန်းနှစ်ပါးကိုလွတ်အောင်ရေးရပါသည်၊ အစွန်းတစ်ဖက်ကိုနင်းမိပါက တာဝန်ယူရဲရပါသည်။
ဆရာ့အနေဖြင့် နှစ်ပေါင်း(၂၀)ဦးစီးလုပ်ကိုင်ခဲ့သူဖြစ်ပါသည်။ မိမိသဘောဖြင့် ဖွင့်၍ရသည့်အချိန်ကပင် နိုင်ငံတော်၏တရားဝင်အသိမှတ်ပြုဖြစ်အောင်ဆောင်ရွက်ခဲ့ပါသည်။
ယနေ့ခေတ်မှာ ဥပဒေများတိတိကျကျပေါ်ထွက်နေပြီဖြစ်သည်။ ဘွဲ့ရတိုင်း အဆောင်ဖွင့်၍မရပါ၊
အဆောင်ကိုအချိန်မရွေး စစ်ဆေးခံနိုင်ရပါတယ်၊ ပညာရေးဌာနသာမက စည်ပင်၊ ကျန်းမာရေးဌာန၊ အခွန်ဦးစီးဌာနတို့ကပါ စစ်ဆေးလေ့ရှိပါတယ်။
သို့သော် ကိုယ်ပိုင်ကျောင်းများအကြောင်းကိုပြောတော့မည်ဆိုလျှင် ရာခိုင်နှုန်းနှင့်တိတိကျကျ တင်ပြနိုင်ရပါမယ်၊ ယခုနှစ် တစ်ပြည်လုံးအောင်ချက် ၃၂.၃၃%သာရှိပါတယ်၊ ယခင်နှစ်က ရာခိုင်နှုန်း ၆၀ ကျော်ဆိုတော့ အောင်ချက် ထက်ဝက်ကျသွားပါတယ်။
ဒိုမီပြောပြတဲ့ ၅ ဘာသာဂုဏ်ထားကို မသိလိုက်ရပဲ ဆံးပါးသွားသူမျိုး အဆောင်လောကမှာ(၇၀%)လောက်အဲဒီအတိုင်းဖြစ်နေတာဆိုတော့ ရေးသင့်ပါတယ်၊ တစ်ဦးတစ်လေဆိုရင်တော့ မပြောတာလက်ခံပေမယ်၊ ခုဖြစ်တဲ့ရာနှုန်းကများနေပြီဆိုတော့ ဒိုမီရေးသင့်ပါတယ်၊ အဲဒီလိုသတိမပေးခဲ့ရင် ပြီးခဲ့တဲ့နျစ်ကအောင်ချက် ၆၀% က ဒီနှစ် ၃၂% ထိကျခဲ့သလို၊ ဂုဏ်ထူးနဲ့သေဆုံးမှုရာနှုန်းဟာနောက်နှစ် ၁၄၀% လောက်ဖြစ်လာနိုင်ပါတယ်။

ရေးချင်တာ ရေးချထားပြီး တင်ရမလား မတင်ရမး စဉ်းစားရင်းနဲ့ တင်စရာလဲ မရှိတာနဲ့လကောက်တင်လိုက်တာပါဆရာ ။

လွတ်လပ်စွာ ပညာသင်ခွင့်ပေးရမှာပေါ့နော်

ဟုတ်

အဆောင်နေတိုင်းလည်း ကိုယ်ကြိုးစားမှပါ ဒီနေ့ ခေတ် မိဘတွေ ဖြစ်ချင်တာကိုပဲ သားသမီးကလိုက်နေပေးရတယ် ကိုယ့်သားသမီးဘာဖြစ်ချင်လဲ မမေးကြတော့ဘူး

မှန်ပါ့ဘုရား သူတို့ကိုယ်သူတို့ ဘာဖြစ်ချင်မန်းမသိတော့တဲ့သူတွေတောင် အများကြီး ဖြစ်လာပါတယ်ဘုရား တပည့်တော်လဲ ပါတယ် ။ ဟီး

သေချာတယ်အစ်ကို ဒါမျိုးလေးတွေလည်းရှိနေမှာပဲ။မိဘတွေအနေနဲ့ သတိထားသင့်တယ်လို့မြင်ပါတယ်ခင်ဗျာ။

ဟုတ်ကဲ့ပါခင်ဗျ ကိုယ်ကတော့ တော်စေချင်တာပါဘဲ ဒါပေမဲ့ အဲ့တာကြီးကို ကလေးက မခံနိုင်တဲ့အခါ ။

စာလုံးပေါင်းပြန်စစ် အချိန်မီသေးပါတယ် ဒိုမီရယ်

ဟုတ်ဥဥ

အိုက်စ် ဂတုံးလေးနက် ချောနေရော နာ့မောင်ယေး မတ်မတ်လဲ ၁၀တန်း အဆောင်မနေပါဘူး သူ့သူ အောင်လာတာ 😊

ဝုတ်စ် အာ့ကောင်းလယ်

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63517.53
ETH 3062.83
USDT 1.00
SBD 3.81