အလင်းနှစ် မည်မျှကွာ

in #myanmar5 years ago (edited)

ကျွန်တော်တို့ သည် တစ်ခါတစ်ရန် စကြာဝဠာကြီးအကြောင်း ရေသားထားသော စာပေများကို ဖတ်ရှုကြရာတွင် အလင်းနှစ်ဆိုသည်ကို မြင်တွေ့ဖူးကြပါသည် ။ ဟုတ်ပါတယ် နေနဲ့ ကမ္ဘာဟာ မိုင်ပေါင်း ၉၄ သန်း ဝေးသည်ဟု ဆိုပါသည် ။ ထိုအကွာအဝေးအတွက် အလင်းရဲ့သွားနှုန်းမှာ ၈ မိနစ် ဖြစ်ပါသည် ။ ကျွန်တော်တို့သည် လွန်ခဲ့သော ရှစ်မိနစ်မှ နေမင်းကြီးအား မြင်တွေ့နေရခြင်းသာ ဖြစ်ပါသည် ။



Image source

ဓူဝံကြယ်သည် အလင်းနှစ် ၄၃၀ ကွာဝေးသဖြင့် ကျွန်တော်တို့သည် လွှန်ခဲ့သော နှစ်ပေါင်း၄၃၀ က ဓူဝံကြယ်ရဲ့ အလင်းရောင်ကို မြင်တွေ့နေရခြင်းပါ ။ ကျွန်တော်တို့ glaxy မှာပင် အစမှ အဆုံးကို ကို အလင်းနှစ်များ သိန်းချီ ရှိပါသတဲ့ ။ ဒါဆိုရင် ကျွန်တော်တို့နဲ့ အလင်းနှစ်ပေါင်း ရှစ်ဆယ် လောက် အကွာမှာရှိတဲ့ သက်ရှိ လူတစ်ယောက် ရှိခဲ့မယ် ဆိုရင် ။ ကျွန်တော်တို့ထက်လဲ များစွာ ဖွံ့ဖြိုးပြီး ဒီကမ္ဘာ ထဲက လှုတ်ရှားမှုတွေကို မြင်တွေ့ရလောက်တဲ့ထိ အားကောင်းတဲ့ တယ်လီ စကုတ်တွေ နဲ့ ကြည့်နေမယ် ဆိုရင် ခုအချိန်မှာ ဒုတိယ ကမ္ဘာစစ်ကြီးကို အသံတိတ် ရုပ်ရှင် တစ်ခုလို ထိုင်ကြည့်နေမလားနော် ။

အဲ့ဒီလို သာဖြစ်ခဲ့ရင် အချိန် အရီးသွားခြင်း ဆိုသော စကားလေးကို ပြန်သတိရမိပါသေးသည် ။ အတိတ်သို့ ပြန်သွားလို့ မရလို့လဲ ထင်မြင်ခဲ့ဖူးသည် ။ ကျွန်တော်တို့ အလင်းထက် အဆပေါင်းများစွာ မြန်တဲ့ ယာဉ် ဒါမှမဟုတ် ခုန်မှတ်တွေပေါ့ အဲ့ဒါတွေကနေ အလင်းနှစ်များစွာကို ရောက်ရှိအောင်သွားပြီး ဒီကမ္ဘာကို ပြန်ထိုင်ကြည့်နိုင်မည် ဆိုလျှင် အတိတ်ကို အချိန်ခရီးသွားလိုက်သည်နှင့် ဆင်တူနေပါမည် ။



Image source

အလင်းနှစ် နှစ်ထောင့်ငါးရာ ကျော် ကွာဝေးတဲ့ နေရာကနေ ဗုဒ္ဓဘုရားရှင် ဆွမ်းခံကြွနေတဲ့ ပုံရိပ်ကို သွားရောက် ကြည့်ရှကြမလား ။ အလင်းနှစ် နှစ်ထောင့် ဆယ့်ကိုး လောက်ကနေ သခင်ရေရှုမွေးဖွား တာကနေစ ကြည့်ကြမလား ။ ဒါမှ မဟုတ် အလင်းနှစ် သန်းပေါင်းများစွာ အကွာကနေ ဒိုင်နိုဆောတွေ ဘယ်လောက်လှလဲ ကြည့်ကြမလား ရနိုင်မည် ထင်ပါသည် ။ တစ်ကယ်လို့ အဲ့ဒီလောက်တောင် မြင်နိုင်တဲ့ ပစ္စည်းတွေ ရှိခဲ့ရင်ပေါ့ ။ ကဲ အဲ့လို ကြည့်လို့ ရနိုင်တဲ့ ခေတ် ရောက်လာနိုင်ဦးမည်လို့ ထင်ကြလားဟင် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

အဲလောက်ဝေးတာကို ပူချက်ကွာ

Posted using Partiko Android

အဲ့ထက် နီးချင်သေးလားဟင် ။

စတင်းဈေးတက်မယ့် အလင်းနှစ်ကိုကြည့်မယ်လေ ကိုချစ်ရ

ဒါဆို ဟိုတစ်နှစ်က အချိန်လောက်ကြည့်ရမည့်နေရာကိုသွားပါ ။ ဒါပေမဲ့ အဲ့ဒါက ကြည့်လိုဘဲရမယ် ဖြစ်ပြီးသားဆိုတော့ ကိုယ် ပါဝင်လှုတ်ရှားလို့မရတော့ဘူး ။

နာဆာက ဟိုတလောက ကမ္ဘာထက်နှစ်ဆကြီးပီး ကမ္ဘာနဲ့ အလွန်ဆင်တူတဲ့ဂြိုလ်တစ်လုံးတွေ့ထားသတဲ့ အဲဒီကိုရောက်ဖို့ နှစ်သန်းပေါင်း ၄ သန်းလောက်ပဲကြာမတဲ့ သွားကြစို့လား ဒိုမီရေ

အဲ့ဂြိုလ်ပေါ်ရောက်ရင် အရိုးတောင် ကျန်ပါတော့မလား ?

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 61757.83
ETH 2905.75
USDT 1.00
SBD 3.62