app လိုက်ရှာ
အတေွးကကုန် မီးကလေးက ပျက် တစ်ရက်ထက်တစ်ရက် ရေးစရာက ပိုပိုခက်လာတော့ application လေးတွေ နဲ့ တန်းစီ မိတ်ဆက်ပေးဖို့ စဉ်းစားပြီး playstore ထဲဝင် တစ်ခုပြီး တစ်ခု download ဆွဲတော့တာပေါ့ ။ အကြံကောင်းလေးပေါ့လေ ။ အဲ့တာနဲ့ဘဲ တစ်ဖြည်းဖြည်းနဲ့ download လုပ်ထားတဲ့ app တွေသာ တန်းစီသွားတယ် အဆင်တော့ မပြေသေးပေ ။ ထို့ကြောင့် တင်လိုက်ဖျင်လိုက်ဖြင့် တစ်လုံးမှလဲ မရေးရဖြစ်နေမိသည် ။ အကြံတော့ထုတ်ထားပေမဲ့ တစ်ခုမှတော့ ရေးစရာ မကြုံကြိုက်သေး ဖြစ်နေသည် ။ နောက်တစ်ရက်တော့ ဟုတ်ဟုတ်မဟုတ်ဟုတ် application တစ်ခုလောက် တစ်ပုဒ်စာ ရအောင်ရှာထားပါဦးမည် ။
Image source
အဲ့ဒီကမရတာနဲ့ ပျင်းပျင်းနဲ့ ရှိတဲ့ဇာတ်ကား ထိုင်ကြည့်တော့တာပေါ့ antman 2 ပါ ။ ကျွှန်တော်ကလည်း super power လေးတွေ ကြိုက်မိတယ်လေ ။ ကိုယ့်မှာသာ အစွမ်းမရှိတာ စွမ်းအားရှင်တွေ ထူးဆန်းတဲ့ အကောင်တွေနဲ့ ဇာတ်ကားတွေဆိုရင် ကြိုက်မိပါသည် ။ ထို့ကြောင့် ယနေ့လဲ antman ဇာတ်ကားလေးကြည့်ဖြစ်ပါတယ် ။ ဟာဒ် တို့ သားအဖ အသေးလွန်ပြီး ကွန်တမ် နယ်မြေထဲရောက်သွားတဲ့ သူ့သမီးရဲ့ အမေကို ပြန်ခေါ်ဖို့ ကြိုးစားတာပါ ။ ဒီလို ကြိုးစားရင်း အနှောက်အယှက် အခက်အခဲတွေ အမျိုးမျိုးနဲ့ ဇာတ်လမ်းကတော့ ဒီလိုပါဘဲ ။ review ကလည်း မရေးတတ် ပြီးတော့ ဇာတ်ကားကလည်း သိပြီးသားဖြစ်နေလောက်တော့ ဒီလောက်ပါဘဲပေါ့နော် ။
Image source
ဇာတ်ကားလေးပြီးချိန်ရာက်တော့ ကျန်နေတဲ့ အားနဲ့ ရအောင်ရေးမည်ဆိုကာ ဖုန်းထံသို့ အလှည့်ပြန်ရောက်လာလေသည် ။ မနေ့ကလည်း ဘာမှ မတင်ထားရ ဒီလိုနဲ့ မတင်ရတဲ့ ရက်တွေလည်း အစထည်းက ရေတွက်လျှင် လပင် ချီ၍ များနေလောက်ပြီ ။ ဒါနဲ့ ဖုန်းလေး နဲ့ အမြန်ရေးပြီး စာတစ်ပုဒ် ဖြစ်ဖို့ကြိုးစားလိုက်ပါတယ် ။ ဆက်ပြီး ရေးကောင်းမယ်ထင်တဲ့ application လေးတွေ download ဆွဲလိုက်ပါဦးမည် ။
MSC - 9
@domelay (အတွေးမျှင်လေးများ)
Apple ပန်းသီးမှတ်တာ အလုံးကောင်းရင်
တစ်လုံး ၇၀၀ကျပ်လောက်ပေးရတယ်
အနာလေးများပါရင် တစ်ထောင်ဖိုး ၃လုံးတဲ့
ဇာတ်ကားကြည့်ရင် စားပေါ့ 😁
အေ ပီပီ အယ်အီး စားလို့ကောင်းသည် ။ ဖုန်းဆို လက်ဆောင်ပေးချင်လဲရသည် ။
ရေးစရာမရှိတာလဲ ပိုစ်တပုဒ်ရတာဘဲ
တော်လိုက်ထာ
Posted using Partiko Android
thank you ဘီးဘီကျ
ဆရာဒို နောက်ကျတယ်နော်
တော်သေးတယ် ဝင်ကြည့်မိလို့
ဦးယုတော့ လုပ်ပြီ ။
စာအုပ်ရှာတဲ့appတို့ နည်းပညာ app တို့ ရှာတင်ပေးပါကိုဒိုရေ။စောင့်နေမယ်နော်။
ဟုတ် ခုလို လမ်းညွှန်ပေးတဲ့အတွက်ကျေးဇူးပါ ။ လိုက်ရှာကြည့်ပါဦးမယ် ။
Ant Man ကွ အားပေးတယ် ကြည့်ကြည့် ပိုက်ဆံပေါရင်ပြောတာပါ app တွေဒေါင်းတာ ပိုက်ပိုက်ကုန်တယ် wifi free ရနေလို့လား အဲဒါဆိုရင်တော့မပြောတော့ပါဘူး ဖရီးမရရင်တော့ မဆွဲပါနဲ့မတန်ပါဘူးလေ တွေ့ကရာစာအုပ်ဖတ် ကြားနေတဲ့စကားတွေမှတ်ထားရင် အဆင်ပြေနိုင်ပါတယ်ဟ Ant Man တဲ့ဟေ့ ☺
တယ်လီနော်ဒေ ခေတ်စားနေဒယ်လေ ဟိဟိ ။
အတွေးငှားမယ်ကွယ်၊ ရေးပြီးသားတွေ တောင်လိုပုံနေလို့။
၁။ အလုပ်လုပ်တဲ့အခါ အားစိုက်ထုတ်ရပုံ
၂။အားစိုက်ထုတ်ရာမှာ စိတ်အင်အားကို ဘယ်လိုအသုံးချမလဲ။
၃။တစ်ဝက်တစ်ပျက်လုပ်တတ်တဲ့အကျင့်ဆိုးတွေကိုဘ်ာလိုဖျက်မလဲ
လောလောဆယ် အဲတာတွေရေးချင်တယ်၊ အတွေးကရှိတယ် တခြားအကြောင်းတွေဦးစားပေးနေရတယ်။
ဟုတ်ဆရာ ကျွှန်တော်လဲ တစ်ခါတစ်လေ အကြောင်းတစ်ခုခုကြောင့် တစ်ဝကိတစ်ပျင်နဲ့ မတင်ဖြစ်တော့ ပြန်လဲ စဉ်းစားမရတော့တာတွေ ရှိတယ် ။ တစ်ခါထဲတင်ရင်တင်မှ ကိုယ့်ဖာသာကိုယ် ပြန်ဖတ်ပြီးရင် အဆင်မပြေဆို ဖျက်မိတာနဲ့ ဟီး ။
ပျင်းတော့လည်း ဇာတ်ကားကြည့်ပေါ့အေ
Posted using Partiko Android
ဟုတ် တယ် မတ်မတ်စု ကြညိ့ကြပါဦးလား ။
ဟုတ်ကဲ့...စိတ်ဝင်စားစရာappတွေမျော်နေပါ့မယ်...
Posted using Partiko Android
ဟုစ် လာပါမယ် ခည
EPC ရဲ့မီးရှယ်ပျက်အစီအစဉ်စတင်နေပါပြီနော်😂
ရှယ်မှ ရှယ်ပါဘဲဗျာ
ပိုက်ပိုက်ရမယ့် app ပဲ မိတ်ဆက်ပါဗျို့
Posted using Partiko Android
Partiko / Essteem / 8 ball