အသုံးဝင်မှု

in #myanmar6 years ago (edited)

ကျွန်တော်တို့ လူသားများသည် အလုပ်များကို လုပ်ကိုင်ကြရာတွင် အလုပ်တွင်ကျယ်စေရန် လျှင်မြန်စွာ ပြီးစေရန် လူအင်အား သက်သာစေရန်အတွက် လက်နက်ပစ္စည်းများကို သူ့နေရာနှင့်သူ အသုံးချကြလေသည် ။ ထိုသို့အသုံးချရာတွင် လက်နက်များမှာ များစွာ အသုံးဝင်လှပြီး ထိုလက်နက်များမှ ရရှိလာမည့် အန္တရာယ်ကိုလည်း အတတ်နိုင်ဆုံးကာကွယ်ထားပါသည် ။ ထိုလက်နက်များမှာ အလုံးစုံ အန္တရာယ် ကင်းဝေးသည်တော့ မဟုတ်ပါ ။ သို့သော် လူသားများကို များစွာ အကျိုးပြုလျှက် ရှိပါသည် ။


minnnne.jpg
Image source

အသုံးပြုကြသည့် လက်နက်ပစ္စည်း စက်ပစ္စည်းများမှာ တစ်နေရာနှင့် တစ်နေရာ မတူညီသကဲ့သို့ အသုံးဝင်ပုံမှာလည်း အတူညီကြပါ ။ အချို့ မစ္စည်းများမှာ လျှင်မြန်စေသော ပိုမို ကောင်းမွှန်စေသော စွမ်းအားကို ပေးစွမ်းကြသော်လည်း အချို့လက်နက်များမှာ ကြောက်မက်ဖွယ် ဖြစ်ပါသည် ။ လူအများက ကြောက်စရာ လက်နက်ဟု သတ်မှတ်ထားသော လက်နက်များလဲ များစွာရှိပြီး အသက်ကယ်သော လက်နက်များလည်း ရှိနေပေသည် ။ ကြောက်စရာကောင်းသော လက်နက်ကို ကိုင်စွဲထားရုံ လူသတ်လက်နက်ဟု ဆိုသောအရာကို ကိုင်ထားရုံနှင့် ထိုလက်နက်ဖြင့် လူသတ်မည် ဟူ၍ ကျွန်တော်မထင်မိပါ ။ ထို့ပြင် အသက်ကယ်သော လက်နက်ကို ကိုင်ထားရုံနှင့်လည်း အသက်ကယ်နေပြီ ဟူ၍ မထင်မိပါ ။ သုံးစွဲသည့်သူ အပေါ်တွင်လည်း ထိုလက်နက်များ၏ အသုံးဝင်မှုသည် မှီခိုလျှက် ရှိနေလေသည် ။

ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ကိုင်စွဲထားသော်လည်း ထိုပစ္စည်းများဖြင့် ကယ်ခဲ့သော လူများရှိနိုင်လေသည် ။ တောတောင်အတွင်း ပိတ်မိနေသူများ လမ်းပိတ်မိနေသူများ ရှိခဲ့သည် ဆိုပါစို့ ထိုလက်နက်ဖြင့် ထို ပိတ်မိနေသူများကို ကယ်ဆယ်နိုင်လေသည် ။ အတွင်းတွင် ပိတ်မိနေသူများ ပေါက်ကွဲအားကြောင့် ပိုဆိုးသွားမလားဆိုသည်ကိုတော့ တွက်ချက်ဖို့နှင့် ကျွှမ်းကျင်မှုတော့ လိုပါလိမ့်မည် ။ အသုံးပြုပုံကို မူတည်ပြီး ကွဲပြားသွားတတ်ပါသည် ။


the_syringe_glove_medical_blood_research_download_hospital_needle-639165.jpg
Image source

ထို့အတူ အသက်ကယ်သော လက်နက်များ အစရှိသည်တို့ကို ကိုင်ဆောင်ထားပါသော်လည်း ထိုသူမှာ ကျွှမ်းကျင်မှု မရှိ စိတ်ထားမမှန်ပါက ထို အသက်ကယ်မည်ဆိုသော လက်နက်များသည် တရားဝင် လူသတ်လက်နက်များ ဖြစ်သွားတတ်ပါသည် ။ ထိုသို့ အသက်ကယ်သည့်လက်နက်များနှင့် အသတ်ခံရသူများ မှာ မည်မျှရှိနေမည်နည်း မတွေးဝံ့စရာပင်ရှိသည် ။ အသုံးပြုခံ လက်နက်များသည် အသုံးပြုသူအပေါ် လိုက်ပြီး ကောင်းသည် ဆိုးသည် ကွဲပြားမှုများ များစွာရှိလေသည် ။ အိမ်တွင် ထမင်ဟင်း ချက်ပါက မပါမဖြစ်အသုံး ပြုနေသော ဓါးသည် ရှေးယခင် စစ်ပွဲများတွင် ပါဝင်ခဲ့သည် ။

ကျွန်တော့ လက်ထဲတွင် မည်သည့်လက်နက် ပစ္စည်းများရှိပါသနည်း ။ ထိုအရာတို့ဖြင့် ကောင်းမွန်သော တိုးတက်သော လူအများ စိတ်ချမ်းသာစေသော ကောင်းမှုများကို များစွာ ပြုရလိုပါသည် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

အင်း... ဘာလက်နက်ဆောင်ထားရပါ့

ဆောင်ချင်တာ ဆောင်စေဗျာ

တောင်းသည့်​ဆုနှင့်​ ပြည့်​စေ😀

သာဓုပါတော် ပြည့်ဗြစေ ။

မေတ္တာလက်နက်ကတော့ အစွမ်းအထက်ဆုံးပါပဲ မေတ္တာလက်နက်သာကိုင်ဆောင်ထားရင် မည်သူမှမိမိကိုယ်ရန်မမူတော့ပါဘူး

မေတ္တာထားနိုင်ဖို့တော့ တော်တော်ကြိုးစားရဦးမည် ။ မေတ္တာတစ်ခုထဲ ဖြစ်အောင်ပေါ့ ခုက တစ်ခါတစ်လေ မေတ္တာနဲ့အတူ လောက်စာလုံးလေး တုတ်လေး အဆဲလေးတွေ ပါနေသေးတယ် ဟီး ။ မေတ္တာပို့လိုက်ရင် ကျန်တာပါ ရောလျှက်ပဲ ။

ကျွမ်းကျင်ရာ လိမ္မာရာပေါ့ဗျာ

ဟုတ်ကဲ့ပါ ဥဥထွေး

သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးဆိုတာ အာ့ပြောတာနေမှာ ကိုဒိုရေ။

ဟုတ်ကဲ့ပါဗျ

တကယ်တော့ သက်မဲံ့ဖြစ်တဲ့ အရာဝတ္ထုတွေကို သက်ရှိဖြစ်တဲ့ လူတွေရဲ့ စိတ်ဆိုး စိတ်ညစ်တွေကြောင့် အန္တရာယ်ဖြစ်စေတဲ့ လက်နက်ဆိုပြီး ဖြစ်လာခဲ့တာ

မှန်ပါ့ဘုရား

လက်နက်ကိုင်ထားတော့ ရန်မစရဲတော့ဘူးပေါ့

အယ် လက်နက်ဆွာ အထောက်အကူဖြစ်စေတဲ့ဟာ အကုန်ကိုပြောတာပါ ။

ဒီစာဖတ်ရင်း သေနတ်တစ်လက်လောက်လိုချင်လာပီ😂

ဟာ အားပေးတယ်ဗျာ ချချ

မေတ္တာလက်နက်သည်လည်း
အသုံးဝင်လှ၏

ဟုတ်ပါတယ်ခင်ဗျာ မေတ္တာလက်နက်သည် အကောင်းဆုံးပါ ။

ကျွန်တော်လက်ထဲ ဘာမှမရှိပါ😂😂

အင်းကောင်းတယ် ဒါပေမဲ့ ကိုယ့်ခွန်အားနဲ့ ကောင်းတာတွေ လုပ်လို့ရပါတယ်

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60463.70
ETH 2889.42
USDT 1.00
SBD 3.59