လေမိုးများနှင့်

in #myanmar6 years ago

ဒီညနေမှာဘဲ မိုးတွေ ရုတ်တရက် မှောင်မဲ လာပါတယ် ထို့နောက်မှာတော့ လေကလေး စတိုက်ပါတော့တယ် ။ ထို့နောက်မှာ ပိုပို ကြမ်းလာပြီး မိုးပါ ရွှာချ ပါတော့တယ် ။ ရုတ်တရက် နှစ်မိနစ်လောက်အတွင်း ရာသီဥတုသည် ပြောင်းလဲသွားခဲ့သည် ။ ပူပြင်းနေသော အခြေအနေမှသည် မိုးရေများဖြင့် စီးမျောနေသော အခြေနေသို့ ရုတ်တရက် ပြောင်းလဲသွားပါသည် ။ ထိုအရာတို့နှင့် ထပ်တူ စိတ်တို့သည်လည်း ပြန့်လွင့် မြူးတူးသော အနေအထားသို့ ပြောင်းလဲ သွားကြသည် ။


stormmy.jpg
Image source

မိုးရွှာခြင်းကို အများအားဖြင့် မနှစ်သက်တတ်ပါ ။ သို့သော် လေများတိုက်ခြင်း မိုးနှင့်လေများ ရောကာခပ်ပြင်းပြင်းလေး ကျရောက်လာလျှင် ငယ်စဉ်ကတည်းက ပျော်နေတတ်ပါသည် ။ လေကြမ်းသည်ဆိုသော်လည်း အိမ်များကြွတ်ပါရလောက်သည်ထိ ကြမ်းလျှင်တော့ အဘယ်သို့ ဖြစ်မည် မသိပါ ။ ကျွှန်တော်တို့ မြို့ကလေး၏ အနေအထားအရ သစ်ကိုင်းများ ကျိုးကျလျှင် အကြီးဆုံးမုန်တိုင်း ဟူ၍ပင် သတ်မှတ်ကြရသည် ။


stormmy.jpg
Image source

ထိုသို့ လေများမိုးများ ကျရောက်လာပါက ငယ်စဉ်ကဆိုလျှင် မိုးတော လေတောထဲတွင် ပြေးပြီး ပျော်နေလောက်ပြီ ဖြစ်သော်လည်း ယခုအချိန်မှာတော့ ထိုကဲ့သို့ လုပ်မဖြစ်၍ ကြည့်ပြီး ပျော်ရုံလေး စိတ်ထဲကသာ ပျော်နေမိပါသည် ။ ငယ်ငယ်က လေတောထဲ သူငယ်ချင်းများနှင့် ပျော်ခဲ့သည်ကိုလည်း သတိရမိသည် ။ လူကြီးများ ဒေဝေါဆိုလျင်ပင် ငယ်စဉ်ကတည်းက ဒေဝေါလာတော့မယ်တဲ့ဟေ့ဆို ပျော်ခဲ့ရသည် ။ အချို့ဒေဝေါ ဆိုလျှင် လန့်တတ်သူများကိုလည်း တွေ့ဖူးပါသည် ။ ကျွန်တော်တော့ ဒေဝေါလာမည် ဆိုလျှင် ပျော်နေတတ်သည် ။

ဘာရယ်တော့ မဟုတ်ပါဘူး မိုးကလေး နည်းနည်း ကျလာတုန်း ရေးစရာမရှိနေတာနဲ့ ရေးမိရေးရာ ရောက်တိရောက်ရာ စာစီလိုက်ပါတယ် သည်းခံ ဗို့ကြပါစေကုန် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

စစ်ကိုင်းမှာ too

ရွှေကူက စစ်ကိုင်းနဲ့ နည်းနည်းနီးလို့ထင်တယ် ။

ရန်​ကုန်​တွင်​ပူစပ်​ပူ​လောင်​​ဝေဒနာအားခံစားရင်းဗို့​ပေးခဲ့ပါ​ကြောင်း။

ဒီမလည်း မိုးပြီးနေ ပါဘဲဗျာ

ကျွန်တော်တို့လည်း ပူလွန်းလို့ မိုးကိုမျှော်နေပါပီဗျ

ကိုယ့်ရင်ကို လာသဲပေးပါမိုးရယ် လုပ်လေ ။

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63071.06
ETH 3121.31
USDT 1.00
SBD 3.84