နွေအခါ ရေးစရာရှာ

in #myanmar5 years ago (edited)

စာမရေး ဖြစ်သည်မှာ ကြာပြီ ဖြစ်သလို အကြောင်းအရာ အသစ်တို့ သည်လည်း ပေါ်မလာသဖြင့် စာတစ်ပုဒ် ရရန် ခက်ခဲလာသည် ။ ထိြု့ပင် ရာသီအချိန်က မီးပျက်ခြင်းနှင့် ပူလောင်ခြင်းကို ဆောင်ယူလာသဖြင့် စာရေးခြင်းနှင့် ဆက်လက်ကင်းကွာအောင် ထိုးနှက်လျှက် ရှိလေသည် ။ စာမရေးခြင်း တစ်နှစ်ခန့်ရှိလာသောအခါ စာမရေးခြင်း ဆိုးကျိုးကို ကောင်းမွန်စွာ ခံစားတတ်နေသည့်အတွက် ရေးတော့ ရေးရပေဦးမည် ။


51400457-lazy-summer-days.jpg
Image source

steemit post တွေ review ရေးရမည် ဆိုပြန်တော့လဲ သုံးလေးခုလေးရှိသည့်အတွက် ထိုသုံးလေးခုတင် ချာချာလည်နေနိုင်သည် ။ ဇာတ်ကားများ ကလဲ ခုတစ်လောပိုင်း သိပ်မကြည့်ဖြစ်ပါ ။ ထို့ကြောင့် ဇာတ်လမ်း review လဲ မရေးဖြစ် ။ သီချင်းတွေ ပြန်ရှာရမလားတော့ စိတ်ကူးမိပါသည် ။ သီချင်းနားမထောင်ဖြစ်သည်မှာ ပိုပြီးဆိုးကာ နှစ်ချီကြာနေပြီ ဖြစ်သဖြင့် သီချင်းတွေ အကြောင်းကတော့ ပိုလို့တောင် မသိတော့ ။ လောလောဆယ်ဆယ်တော့ ဘာမှရယ် ဖြစ်ဖြစ်မြောက်မြောက်မရှိသေးပါဘူး ။


Lazy-Summer-Days-cartoon-1-598x463.jpg
Image source

သူများတွေ steem ဈေးအတက်ကို မျော်နေကြသော်လည်း မမျော်ရဲ သလို တက်လဲ တတက်စေချင်သည့် အဖြစ်ကြီး ဖြစ်နေပါသည် ။ အခုအချိန် ဈေးတက်ခဲ့လျှင်တောင် သုံးစရာ ကိုယ့်မှာ မရှိရ ။ ထို့ပြင် ဈေးတက်သွားလျှင် post တစ်ခုက ရရှိသည့် ပမာဏ နည်းသွားမည်လား များသွားမည်လား ပင်ကောင်းစွာ မတွက်တတ်တော့ပါ ။ ဒီတစ်ပုဒ် လဲ ဘာရယ်တော့ မဟုတ်ပါဘူး မီးပျက်နေတုန်း ရှိစုမဲ့စု အားကလေးနဲ့ ရောက်တတ်ရာရာပေါ့ဗျာ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ဟော့ ပြောရင်း ဆိုရင်း ရေးရင်း steem ဈေတွေတက်လာပါစေသားလို့ 😁

အဲ့ဂလိုကိုး ပြောနိုင်သေးဘူး hf 21 တဲ့နော် လာတော့မယ်ဆိုလား

ကိုချစ်ရ hf21 ဆိုတာဘာတုန်း ငါမသိဘူးဝေ့

မသိလဲဘာမှ တော့ မဖြစ်ပါဘူး အဲ့တာက သူ့ဖာသူ သွားနေတာပါ နည်းနည်း အရနည်းလာနိုင်တယ် အ ပြောင်းလဲ နည်းနည်းရှိနိုင်တယ် ဒီ လောက်ပါဘဲ

ဟု ဟု 😁

ရှာကာရှာ မတွေ့
ရေးမှ တွေ့၏

Posted using Partiko Android

ဟုတ်တယ် အကိုရေ အဲ့ဒီလိုပါဘဲ

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.040
BTC 70744.80
ETH 3561.94
USDT 1.00
SBD 4.80