game ထဲလည်း အဆဲကျွှမ်းသူ (2) ပြီး

in #myanmar6 years ago

မောင်လီ ထိုသို့ လိုက်ပါသွားပြီးနောက်တွင် အလွန်ကြီးမားပြီး ခမ်းနားထည်ဝါသော တိုက်ကြီးအား မြင်တွေ့လိုက်ရလေသည် ။ ရဲတိုက်အိုကြီးမဟုတ် ယခုခေတ်အနေဖြင့်ပင် လိုက်မမီအောင် ခမ်းနားပြီး ခေတ်မီ ပစ္စည်းများ တစ်ကယ်ဆိုလျှင် ခေတ်မီသည် ဆိုသည်ထက်ပင် လွန်ပါသည် ။ သူ့အား အတွင်းသို့ ခေါ်ဆောင်သွားကြလေသည် ။ အလွန်ကောင်းသော game ခမ်းမကြီးအား တွေ့မြင်ရလေသည် ။ မှန် လောင်အိမ်နှင့် ပုံစံတူသော မြင်ကွင်း ဖြင့်ဆော့နေကြသဖြင့် ရုပ်ထွက်မှာလဲ အလွန်ကောင်းနေသည် ။ သူ ဆော့ဖူးခဲ့သော game များလဲ ပါဝင်နေပါသည် ။


ydfud
Image source from pixabay by kellepics

သူသေချာကြည့်မိရာတွင် မှန်လောင်အိမ်အတွင်းတွင် လူအစစ်များ အကောင်အစစ်များ ကဲ့သို့ပင် မြင်မိပါသည် ။ ထိုအချိန် တစ်ခုသော နေရာမှ game ပြီးသွားရာ gameထဲမှ အကောင်များမှာ လူများဖြစ်လာပြီး game ထဲမှ အကောင်ပုံစံဖြစ်ကာ တိုက်ခိုက်နေရခြင်းဖြစ်ကြောင်း တွေ့မြင်ရလေသည် ။ ထို့ပြင် သူတို့မှာ ကိုယ်တိုင် လုပ်ပိုင်ခွင့်မရှိဘဲ ကစားနေသူ ငရဲပြည်၏ ဝန်ထမ်းများ အပမ်းဖြေသော game ခလုပ်များ ရွှေ့လျှားမှု အတိုင်း လိုက်ပါ လုပ်ဆောင်နေရသည် ။

ဖိုအချိန် ငရဲသူကြီးဆိုသူမှာ ရောက်လာပြီလားဟု တစ်ခွန်းပြောဆိုကာ သူဆော့နေသော စစ်တိုက်သော ဂိမ်းမှ စစ်သားအား လက်ပစ်ဗုန်း ဖြုတ်စေ၍ ပါးစပ်အတွင်း ထိုးထည့်သည့် ခလုပ်နိပ်လိုက်ရာ လက်ပစ်ဗုန်းကွဲပြီး game over ဖြစ်သွားလေသည် ။ " လူ့ဘဝမှာ ဆော့ရင်းဆဲတဲ့ကောင်တွေ ဟားဟားဟား " "မင်းကို စီရင်စရာ ရှိလို့ အရှုံးခံလိုက်တာနော် " ကြောက်မက်ဖွယ် အသံဆိုးကြီးအား ကြားလိုက်မိသည် ။ မောင်လီ မဆဲနိုင်တော့ဘဲ အလွန်လန့်နေလေပြီး သူ့အားခေါ်ဆောင်လာသူများမှာလဲ ကောင်မလေးများ မဟုတ်တော့ဘဲ အလွန်ကြောက်မက်ဖွယ် မျက်နှာထားများဖြင့် ဖြစ်နေလေသည် ။


fantasy
Image source from pixabay by kellepics

" မင်းလူ့ဘဝမှာ ဂိမ်းဆော့ရင်း ဆဲတဲ့ အပြစ်အတွက် အရင် ကျခံရမယ် ငါတို့ မင်းကို game ထဲထည့်ဆော့ချင်ဆော့မယ် အဲ့ဒီနေ့လမင်းသက်သာတာဘဲ မဆော့တဲ့ အချိန် ငရဲကျခံရမယ် " ကြောက်မက်ဖွယ် အသံကြီးဖြင့်ဆက်ဆိုသည် ။ မောင်လီ အလွန်ကြောက်နေလေပြီ ။ နောက် မဆဲတော့ပါဘူးဗျာ ။ အသံမှာ အနည်းငယ် တိမ်စွာ ပြောလိုက်လေသည် ။ " ဟားဟား နောက်ကျပြီ ကလေးရဲ့ ကျန်တဲ့ အပြစ်တွေလည်း လာဦးမယ်လေ မပျော်ဘူးလား ငရဲခံရင်း ကိုယ်တိုင် game ထဲက အကောင် ဖြစ်ရဦးမှာ " ။ မောင်လီ ငိုရတော့မလိုလို ဖြစ်လာသည် ။ ထိုအချိန် တစ်ခြား တစ်ယောက် game မှာ ပြီးသွား၍ ကြည့်လိုက်ရာ သူမြင်ဖူးသလိုလို တစ်ယောက်အား တွေ့မိသည် ။ ဘယ်သူများလဲ စဉ်းစားရင်းနှင့် ထိုသူမှာ သူနှင့် game ဆော့ရင်းဆဲနေကျလူ ဖြစ်ကာ သူ့ ပလိုဖိုင်အား မြင်ယောင်မိလာသည် ။ မောင်လီလဲ ပို၍ လန့်လာသည် ။ " မင်း ဆော့ရင်းဆဲခဲ့တဲ့သူတွေထဲမှာ မင်းထက် အသက် ဂုဏ် ကြီးသူတွေ အများကြီးပါတယ် ။ နောက်ပြီး မင်းအဖေ ကိုယ်တိုင်ရဲ့ account တောင် ပါနေတယ်လေ " ။ " ကျွှန်တော်မသိလို့ပါဗျာ "။ ဟု ဝမ်းနည်းစွာ ပြောသည် ။ ဆော့တာက အပြစ်မဟုတ်ပေမဲ့ ဆော့ရင်း ဖြစ်ဖြစ် အင်တာနက်သုံးရင်း ဖြစ်ဖြစ် မကောင်းမှုတွေ လုပ်တာက အပြစ်ပဲလေ ။ " ဟုတ် "

ထိုအချိန် ထို ဂိမ်း ထဲမှ ရှုံးသူများအား ဆော့မည့်သူမရှိသည့် နေရာတွင်နေသူများကို ငရဲခံသည့်နေရာသို့ပို့ပြီဖြစ်ပြီး ထိုအရာကို ပရော်ဂျက်တာမှ တစ်ဆင့်မြင်ရလေသည် ။ ထိုမြင်ရခြင်နှင့်ထပ်တူ ငရဲသူကြီးမှာလည်း ဖုန်းဝင်လာသဖြင့် ဖုန်းပြောနေသည် ။ ထို့နောက် ငရဲမင်းကြီးမှ မောင်လီဖက်လှည့်၍ " မင်း သေချိန် လိုသေးတယ် ခုက ဒဏ်ရာ အပြင်းအထန် ရထားပြီး မင်း အသက်ဆက်ဖို့ အဆင်သင့် ဖြစ်နေပြီ တစ်ကယ်လို့များ ဒီလာချင်သေးရင် ပြန်လာခဲ့ပေါ့ကွာ ခုတော့ ပြန်ဖို့ ဒရုန်းတစ်စင်း စီစဉ်ပေးလိုက်ပါမယ် " ။ ငရဲမင်းကြီး စကားအဆုံး ချောမောလှပ နုအိနေသော လက်တစ်ဖက်မှာ မောင်လီ ဂုတ်ကို ဆွဲကိုင်လျှက် ဒရုန်းအတွင်း ထည့်လိုက်သည် ။ ထို့နောက် ဒရုန်းအား ထို အမျိုးသမီး မောင်းလာလေသည် ။ မောင်းသည့် အရှိန်မှာမြန်လွန်းသဖြင့် မောင်လီ ခေါင်းမိုက်ကနဲ ဖြစ်ကာ မူးမိုက်သွားသည် ။ ထို့နောက် ခေါင်း ကိုက်ခြင်းနှင့်အတူ ဆေးရုံတွင် ပြန်လည် နိုးထလာခဲ့သည် ။

မောင်လီ ထို အချိန်မှစ၍ ဂိမ်းဆော့လျှင်ဖြစ်ဖြစ် အပြင်မှာ ဖြစ်ဖြစ် social media မှာ ဖြစ်ဖြစ် မဆဲတော့ပေ ။ ထိုနေရာမှာ ငရဲပြည် သော်လည်းကောင်း မောင်လီ၏ မေ့မျောနေစဉ် ဖြစ်ပေါ်ခဲ့သော အိပ်မက်ရှည်သော် လည်းကောင်း အတိအကျ မသိပါ ။ မည်သို့ပင် ဖြစ်စေ မောင်လီ ပြောင်းလဲသွားလေပြီ ။ ထူးခြားသည်မှာ သူ့အဖေ၏ အကောင့်အား သူမသိခဲ့သဖြင့် သူ့ဖခင်အားမေးမြန်း ကြည့်ရှုချိန်တွင် သူ့ ဖခင် အကောင့်နှင့် သူရောက်ခဲ့သော နေရာမှ ငရဲမင်းကြီးပြောသည့် သူ့ အဖေအကောင့်မှာ ထပ်တူ ဖြစ်နေလေသည် ။

MSC . 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ကြောက်စရာကြီး

ဟုတယ်နော့

game ဆော့နေပီပေါ့လေ

၈ ဘောက ဘာရီဖိုင်း ဖြစ်တေးဘုလေ

သားသား ကြောက်တယ် ကိုဒို

ဘာအထုမှ ကြောက်ပါပြီလဲဟင် ဟဲဟဲ စထှာဘာ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64222.08
ETH 3135.29
USDT 1.00
SBD 3.99