ကျွန်တော်နှင့် အတွေးများ

in #myanmar6 years ago

ကျွန်တော်တို့တွင် မရပ်တန့်နိုင်သော အတွေးများစွာရှိသည် ။ အခြားသူများ ဘယ်လိုရှိတယ်တော့ လိုက်မစုံစမ်းထားပါ ။ သို့သော် အခြားသူ အများစုလဲ ကျွန်တော့်ကဲ့သို့ပင် ရှိနေလိမ့်မည်ဟု ထင်မိပါသည် ။ ကျွန်တော်ကတော့ အချိန်တိုင်း တစ်ခုခုကို စဉ်းစားနေမိသည် ။ ဘာကြောင့်ရယ် မသိ စိတ်ကတောင်ပြေးလိုက် မြောက်ပြေးလိုက်ဖြင့် အတွေးတို့သည် မရပ်တန့်ဘဲ တစ်ခုပြီး တစ်ခုဖြစ်နေပါသည် ။ ထို့ပြင် ထူးခြားသည်မှာ တွေးနေသော စိတ်ကလေးမှာ တစ်ခုတည်းမဟုတ် နောက်တစ်ခုကပါ နောက်က လိုက်နေပြန်သည် ။ ထိုသို့ လိုက်နေသည်ကို အရာတစ်ခုတည်း အပေါ်မှာ အာရုံစိုက်ကြည့်သည့် အခါမျိုးတွင် ပိုသိသာသည် ။


thinnnk.jpg
Image source

ကျွန်တော်တို့သည် မြန်မာလူမျိုးများဖြစ်ကြပါသည် ။ မြန်မာလူမျိုးများ ဖြစ်သည့်အတိုင်းမြန်မာ စကားဖြင့်ပြောကြသည် ။ ထို့ကြောင့်ဖြစ်မည်ထင်သည် စိတ်ကနေ အတွေးတွေတွေးတိုင်း စကားလုံးများဖြင့်သာ ဖြစ်သည် ။ မြန်မာ စကားလုံးများဖြင့် စီကာတွေးနေတတ်သည် ။ အခြား ဘာသာစကားတစ်ခု အသုံးပြုသူများ တွေးတောလျှင် အခြားဘာသာစကားတစ်ခုနှင့် တွေးတောကြလိမ့်မည် ထင်ပါသည် ။ ဘာသာစကားမတတ်သူများ ဖြစ်လျှင်ရော သူတို့ အတွေးမှာ မည်သို့ ရှိမည်နည်း ဆိုသည်ကိုတော့ မသိပါ ။ သို့သော် သူတို့လည်း အစဉ်မပြတ်သော အတွေးများ ရှိနေကြလိမ့်မည်ထင်ပါသည် ။


thinking.jpg
Image source

ငယ်စဉ်အခါက ဘာမှ မသိသေးခင် တွေးခဲ့သော စဉ်းစားခဲ့သော စဉ်းစားပုံများကို ကျွှန်တော်မမှတ်မိတော့ပါ ။ သို့သော် ထိုသို့ ဘာသာစကားမလိုတဲ့ အတွေးများကို တွေးဖူးကြမလားမသိပါဘူး ။ ကျွှန်တော်တော့ သိတတ်ပြီးချိန်နောက်ပိုင်း တွေးဖူးခဲ့ပါသည် ။ ဦးနှောက်သည် အိပ်နေသော အချိန်တွင်တောင် အလုပ်လုပ်သည်ဟု ဆိုကြပါသည် ။ စိတ်၏ လျှင်မြန်မှုသည်လည်း စက္ကန့်ပိုင်းလေး အတွင်းမှာပင် များစွာ ဖြစ်ပျက်သည်ဟု မှတ်သား ဖူးပါသည် ။ ကျွန်တော် လှေကားပေါ်မှ ပြုတ်ကျစဉ်က ထိုသို့ လျှင်မြန်သော အတွေးများ ဖြစ်ခဲ့ဖူးသည် ။ လှေကား ပေါ်မှာ ပြုတ်ကျရာတွင် တစ်ထစ်ချင်းကျသည်မဟုတ် လှေကားဘေးမှ ပြုတ်ကျသည် ဖြစ်ရာ အပေါ်မှအောက်ခဏလေး ဖြစ်ပြီး မြန်ဆန်လွန်းသည် ။ ထိုခဏလေးအတွင်းတွင်ဘာလုပ်ရမလဲ ဘာဖြစ်သွားလဲ အစရှိသဖြင့် များစွာသော အတွေးများကို တစ်ပြိုင်နက် စဉ်းစားမိခဲ့ဖူးသည် ။

ထိုကဲ့သို့ ဖြစ်စဉ် ကဲ့သို့အခြား ဖြစ်ဖူးသည်များလဲ ရှိခဲ့ပါသည် ။ ထိုသို့ ဖြစ်စဉ်များတွင် စကားလုံးများဖြင့် စဉ်းစားနေချိန်မရတာကြောင့်လားမသိပါ စကားလုံးများမပါ သည့်အပြင် အလွန်လျှင်မြန်လှသည် ။ ကျွန်တော်ခုလောလောဆယ်တော့ စာရေးရဖို့ စကားလုံးလေးတွေ စီပြီး စဉ်းစားတွေးတော နေပါသည် ။ ဘယ်သူတွေမှာ ဘယ်လို အတွေးတွေ ရှိသလဲ မန့်မှာ ကြည့်ပါရစေဗျာ ။ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

တောင်စဉ်ရေမရ တွေးချင်တာတွေးတယ်အေ တစ်ခါတစ်လေတော့လည်း ကြည်နူးလိုက် တစ်ခါတစ်လေတော့လည်း လွမ်းလေိုက် တစ်ခါတလေတော့လည်း ကုသိုလ်စိတ် တစ်ခါတစ်လေတော့လည်း အကုသိုလ်စိတ် ဒေါသ ဒေါသပြီးရင် မောဟ ပြီးတော့လောဘ

ဟုတယ် အဲ့ဂလိုပါဘဲ ကျွန်ျတ်ာလဲ

အ​တွေး​တွေက​တော့ ​တွေး​နေမိဆဲပါ

ဟုတ် အမြဲတမ်းကြီးနော့

လူပျို့လက် ဝက်မြီး ဆိုတော့ကာ
လူပျို့စိတ်ကတော့.......

အမငိ မဟုတ်ရပါဘူးဂျာ ။

လျှင်မြန်သောစိတ်အစိုးမရသောအရာပါ

ဟုတ် အန်တီ

ဦးနှောက်ကို update လုပ်ထားတုန်းမို့  ခုတော့ သိပ်မတွေးရသေးဘူး

သိဘု တွေးမှာပါဘဲဘုရား

အတွေးကောင်းအရေးကောင်းပါလားကိုဒိုရေ။

ကျေးကျေးပါခင်ဗျာ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64344.02
ETH 3142.36
USDT 1.00
SBD 4.01