မဆော့ဖြစ်သော game လေးများ

in #myanmar5 years ago

steemit သည် စာရေးခြင်းနှင့် အစပြုခဲ့သော် လည်း ယခုအခါတွင် game များစွာ ရှိလေပြီ ။ super 8 ကနေ စခဲ့သည် ထင်ပါသည် ။ ကျွှန်တော်ကတော့ super 8 ကနေ စဆော့ ခဲ့ရပါသည် ။ ငယ်ငယ်ထဲက game ကစား ဝါသနာပါသော်လည်း game ဘက်မှာ ထူးချွှန်သူ တစ်ယောက်တော့ မဟုတ်ခဲ့ပါ ။ အခြား game များတွင် စိတ်အပမ်း ဖြေရုံ ဆော့ကစား ခဲ့သလို steemit game များတွင်လည်း ထိုသို့သာ ဖြစ်နေပါသည် ။

DQmWVzTZoN3nJ35t9AZZBx5cCXWt7qSsNazxoxbExfs1Z3W.png

game နှင့် ပတ်သက်၍ ကျွှမ်းကျင်မှု မရှိကြောင်းကို steemit game များတွင် သာလွန် သိသာလှပါသည် ။ super 8 တုန်းက ကောင်းစွာ မကစားတတ်ခဲ့သလို အခြား game များတွင်လဲ အသိနောက်ကျခဲ့ပါသည် ။ အသိနောက်ကျခဲ့သည်ဆိုသည်ထက် အသိနောက်မကျသော game များ ပင် ဖြစ်မြောက်အောင် ဆော့ နိုင်ခဲ့သူ မဟုတ်ပေ ။ စာရေးခြင်း ဘက်တွင် မစွံသကဲ့သို့ game ကစားသည့် ဘက်တွင်လဲ မစွံ ။ တစ်ခါတစ်လေ အဖြစ်မှာ မတွေးဝံ့စရာ ။ ယခု အချိန်တွင် steemit ကို မှီခိုနေသော game များ အများအပြား ရှိခဲ့ပြီ ။ ကျွှန်တော်တို့ မှာ စာရေးခြင်း game ဆော့ ခြင်းတို့ အပေါ် မှီခိုနေသော်လည်း အားရလောက်အောင် ဖြစ်ခဲ့ခြင်း မရှိပါ ။

Understand the Steemit Game 2.png

ယခုလဲ game များ အသစ်အသစ်များ ပေါ်ပေါက်လာလေပြီ nextcolony လား ကိုစိုးရဲ့ post အား မြင်တွေ့ရာမှ သိခဲ့သော်လည်း အခုထိ ဘာမန်းညာမန်း ကောင်းကောင်းပင်မသိရသေးပါ ။ ထို့ အတူ steemmonsters တွင်လဲ ခေတ်ကောင်းမမီခဲ့ပါ ။ ယခုဆိုလျှင် မဆော့ဖြစ်တော့ သော အခြေနေသို့ရောက်နေလေပြီ ။ စာလဲ မရေးဖြစ် game လဲ မဆော့ဖြစ်ဖြင့် steempower တို့မှာလဲ ရပ်တန့်နေသည်မှာ ကြာလေပြီ ။ နောက်ပိုင်းတွင်တော့ တစ်ခုခုတော့ ဖြစ်အောင်လုပ်ရပေဦးမည် ။ ဘယ်တစ်ခုခုလဲတော့ ဖြစ်မည်လဲ မသိ ။ လုပ်တော့ လုပ်ရမည် ။ လက်ခုတ်သံတွေ မကြားရပေမဲ့ အကောင်းဆုံး လေးတော့ တတ်အား သလောက်ကြိုးစားကြည့်လိုက်ပါဦးမည် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

တစ်ခုခုတော့လုပ်အေ 😁

တစ်ခုခု လုပ်မှာပါ ။

နောက်ထွက်တဲ့ game ကျရင် အရင်ဆုံးလုပ်ပြီး အများဆုံးရအောင်ယူကြမယ်လေ။

Posted using Partiko Android

တွေ့ ဖြစ်ခဲ့ရင် လက်တို့လှည့် ဦးနော်

ဆော့ဖြစ်ပါဘူး 😂

တူတူပါဘဲ့

တခုခုလုပ်ရင် တခုခု ဖြစ်မှာပါ။ steemit မှာ စိတ်ဝင်စားစရာတွေ အများကြီး ကျန်ပါသေးတယ်

ဟုတ် အကို

သုများတွေပြောတိုင်း လိုက်လုပ်နေရတာဘာမှမသိခဲ့ဘူး

Posted using Partiko Android

ဟိုပြေးလုပ်လိုက်ဒီပြေးလုပ်လိုက် ဒါလဲ steem တိုးတက်ကြောင်း ရှာဖွေခြင်းပေါ့နော် ။ ကျွှန်တော်လေးမှာ မကျွှမ်းကျင်နေတာတော့ မတတ်နိုင်ဘူးပေါ့ဗျာ ။

ရှာဖွေလေတွေ့ရှိလေဆိုသလိုပဲ မေးမြန်းလေ ပိုသိလေပေါ့ရှင် လိုက်သာမေးထား

Posted using Partiko Android

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70557.88
ETH 3560.83
USDT 1.00
SBD 4.75