မမှတ်မိသော ကလေးဘဝ

in #myanmar5 years ago

အရင်ဘဝကို မှတ်မိတဲ့သူတွေ ရှိနေပါသတဲ့ ။ ငယ်ငယ်က တော့ အားကျမိသား ။ ကျောင်းခန်းထဲမှာ စာကျက်ရသက်သာ သွားလိမ့်မယ်က စလို့တွေးမိတယ် ။ ကလေးအတွေးကိုး ။ အခုတော့ အဲ့ဒီလိုတွေ မတွေးတော့ပါဘူး ။ ခုချိန် စာမေးပွဲဆိုလည်း ကလေးတွေရဲ့ နောက်ဆုံးက ပြန်စီရမှာ သိနေတယ်လေ ။ ဒါပေမဲ့ အတိတ်ဘဝထိမှတ်မိသူတွေကိုတော့ လေးစားမိနေပါသေးတယ် ။ ကျွှန်တော်ဆိုတဲ့သူကလည်း မနေ့က ဆိုတာတောင် ကောင်းကောင်းမှတ်မိချင်တာမဟုတ် ။ လမ်းမှာရောက်တေတုန်း ဘာအကြောင်းရေးမယ်ဆိုလား အချက်အလက်တွေမပြောနဲ့ ဘာအကြောင်းဆိုတာတောင် အခုထိ မမှတ်မိတော့ဘူးလေ ။


Past-Life-Memories-of-Children-main-2-post-768x576.jpg
Image source

ငယ်ငယ်တုန်းက ။ ကျွှန်တော် ငယ်ငယ်တုန်းက ။ ကျွှန်တော်တို့ ငယ်ငယ်က အကြောင်းအရာ တွေက ကန့်သတ်ခံထားရတာလား အသိဥာဏ် မဖွံ့ဖြိုးချိန်မို့လား ။ မှတ်မိနိုင်တဲ့ စနစ်တွေ ကောင်းကောင်း အလုပ်မလုပ်သေးလို့လားတော့မသိ ။ ကျွှန်တော်ငယ်ငယ်က လို့ပြောလိုက်လျှင် မွေးပေးခဲ့တဲ့ ဆရာဝန် မျက်နှာဟာ ဖြူလားလား မည်းလားတောင် စဉ်းစားမရ ။ မတ်တပ်ရပ်တတ်ခါနီး စကားစပြောတတ်ခါနီး အချိန်က အကြောင်းများကိုပင် တစ်စွန်းတစ်စ တစ်ခုနှစ်ခုလောက်သာ မှတ်မိသည် ။ ထိုမှတ်မိသော အရာများမှာလည်း ပျော်လွန်းသော အချိန် ဒေါသ ဖြစ်လွှန်းသော အချိန်တို့သာ ဖြစ်သည် ။ ထို့နောက်ပိုင်း ကြီးလာပြန်တော့လဲ မှတ်မှတ်ရရ အကြောင်းအရာတို့မှာ စိတ်ခံစားမှု ရိုးရိုးထက် သာသော အရာများသာ ဖြစ်နေပြန်သည် ။


adorable-baby-child-789786.jpg
Image source

ဝိုးတစ်ဝါး ရှိလှသော ကလေးအချိန် ။ ဘာသာစကား မရှိ ။ အခြားသူများနှင့် ဆက်သွယ်နိုင်မှု သိပ်မရှိ ။ ထိုအချိန်အခါမျိုး အတွက် ရရှိခဲ့သော ဒုက္ခများ နည်းမည်တော့ မဟုတ် ။ ယခု ကလေးငယ်များကို ကြည့်ပါ ဆာတတ်သည် နာတတ်သည် ။ စိတ်ခံစားမှုများရှိသည် ။ အချက်ပြ ဆက်သွယ်ရန် ငိုခြင်း အင်းအင်းအဲအဲ အသံမျှသာ ပြုတတ်ခြင်းလောက်သာရှိသည် ။ ဆာသည် နာသည် ယားယံသည်ကို မပြောတတ် ။ ဖြစ်ချင်သည်ကို မဆိုတတ် ။ ကိုယ်တိုင်ကလည်း ထမလုပ်နိုင် ။ ဒီလိုနဲ့ နှစ်နည်းနည်းတော့ကြာတတ်သည် ။ ထို့ကြောင့် ကလေးပြန်ဖြစ်ချင်သည်လား မေးလာလျှင် ကျွှန်တော် လုံးဝ ကလေးပြန်မဖြစ်ချင်ပါ ။

ငယ်ချင်သလား ဆိုလျှင်တော့ ငယ်ချင်ပါသည် ။ ယခုအချိန်ထိ နှစ်များသာ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားသည် ကိုယ်ကြီးလာသည်ကို တစ်ခါတစ်ရန် မေ့နေမိသည် ။ ဆယ်ခွန်နှစ်နှစ်ခန့် အရွှယ်များနှင့် ရွှယ်တူ ထင်နေတတ်သည် ။ သို့သော် မကြီးချင်လည်း ကြီးလာရမည် မအိုချင်လည်း အိုရမည်ဖြစ်သည် ။ ဘာလိုလိုနဲ့ စာရေးရင်း အသက်တောင်တော်တော်ကြီးသွားပြီ ။ ဖတ်ရင်းနဲ့ အိုလာတာ သတိထားမိရဲ့လား ?

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ဖတ်​ရင်းကို အသက်​ကြီးလာတာ သ​ဘောထားမိသွားပြီ

Posted using Partiko Android

ဟုတ်ကဲ့ပါ အားရပါးရမန့်တတ်တဲ့ ဥဥ။

ဟီး လုပ်​ပီ

Posted using Partiko Android

ကိုချစ် သံဝေဂတွေရ တောထွက်တော့မှာလား

ထွက်နိုင်ပါဘူးဗျာ မြို့တော့ ထွက်ရမလားလို့ စ်

အချိန်​​တွေကတစ်​နှစ်​ပြီးတစ်​နစ်​ကုန်​မြန်​လိုက်​တာ...

Posted using Partiko Android

ဟုတ်တယ် sp တွေကျ အတက်နှေးတယ် ။

Domeစာဖတ်ရင်း ကျနော်လည်း အိုလာပြီ😁😁

Posted using Partiko Android

နဂိုထည်းကများ အိုနေတာဟုတ်ဖူးလားဟင်

အခု‌တော့ ငယ်‌ချင်‌‌နေပြီ‌ပေါ့။

ဟုတ် ငဟ်တော့ ငယ်ချင်တယ် အရမ်းကြီးတော့ မဟုတ်ဖူး ။

နောက်ဆုံး မေးခွန်းလေးကတော့ ထိတယ်ဗျာ။ တကယ်

Posted using Partiko Android

ဟီးဟီး ။

ဖတ်​ရင်းကို အသက်​ကြီးလာတာ သ​ဘောထားမိသွားပြီ

Posted using Partiko Android

ကတုံးပြန်တုံးပြီး တောခိုတော့ ☺

စီနီယာဒေကို စောင့်နေတာပါ ။

အက်ပီတန်များများသောက်ခဲ့ရမှာ

Posted using Partiko Android

အက်ပီတမ်က ဘာဖိယဲဟင်

အကိုတို့ ဆို ငါ့ညီထက်အများကြီးငယ်သေးတော့
ကြိုးစားရှင်သန်ရပါဦးမယ်😁

ဟီးဟီး

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63877.55
ETH 3143.56
USDT 1.00
SBD 3.97