MSC တွေ့ဆုံပွဲလေးသို့ - 2

in #myanmar6 years ago

MSC တစ်နှစ်ပြည့် gathering သည် မြန်မာနိုင်ငံတွင် online ပေါ်မှမိတ်ဆွေဖြစ်ကြသူများ စုစည်းတွေ့ဆုံခွင့်ရသည့် အထမဆုံး ပွဲဖြစ်လေသည် ။ MSC ၏ တစ်နှစ်ပြည့် ပွဲကြီးတွင် လာရောက်ဆုံဆည်းကြသူ များစွာတို့ တွေ့ဆုံကြရသော အချိန်ကလေးတွင် ပျော်ရွှင်စွာ စကားဝိုင်းဖွဲ့ တိုင်ပင်ဆွေးနွေးကြသည် ။ ရှုခင်း အလွန်ကောင်းမွန်သော ကျောင်းဝန်းအတွင်း လှည့်ပတ်၍ ဆည်းဆာ အလှများကို ခံစားကြသည် ။ သာမန်အားဖြင့် ပူပြင်းသော အချိန်ကာလ ဖြစ်သော်လည်း ကိုသက် ရွှေးချယ်ထားသော နေရာလေးမှာ အပင်များမှ နေအပူကို ကာဆည်းပေးထားအကဲ့သို့ မြစ်ထဲမှလည်း သန့်စင်သော လေနုအေးကလေးများ ဝင်ရောက်လာသဖြင့် အပူဒါဏ်ကိုလည်း များစွာ မခံရပါ ။

DSCN1673.JPG

received_1063307330484629[1].jpeg

အနယ်နယ် အရပ်ရပ်မှ ရောက်ရှိလာသူ အပေါင်းတို့ စုစည်း တွေ့ဆုံချိန်တွင် ပျော်ရွှင်ဖွယ်ရာ ဖြစ်စေရန်အတွက်လည်း ဝိုင်းဝန်း ကြိုးပမ်းခဲ့ကြသည် ။ ကိုဒုန်ဆိုလျှင် အဖွဲ့လိုက်ဆော့ကစားရန်အတွက် game များပါစီစဉ်လာသည် ။ သို့သော် game များကိုတော့ အချိန်အားလျှော်စွာ မကစားလိုက်ရပါဘူး ။ အခြားအရာများကိုတော့ အတော်များများ လုပ်ဆောင်ခဲ့ကြပါသည် ။ ကိုသက်ဆိုလျှင် တောင်ပြေးမြောက်ပြေးဖြင့် အလုံးစုံ စီစဉ်နေရရှာသည် ။ သို့သော် အချိန်နီးကပ်သည်အထိ အတိအကျ မရှိသော လူဦးရေအတွက်ရော အစစအရာရာ သူတော်တော် ပင်ပမ်းသွားလိမ့်မည်ထင်ပါသည် ။

received_883613205166143[1].jpeg

MSC အတွက် ရှေ့ရေးများ တိုင်ပင်ကြရာတွင်လည်း messanger နှင့် မတူ လူချင်း တွေ့ဆုံရသည့် အတွက် များစွာ ထိရောက်ပါသည် ။ တစ်ဦးနှင့် တစ်ဦး ရင်းနှီးချစ်ခင်မှုများ များစွာ တိုးပွားလာကြပါသည် ။ ညဉ့်နက်သည်ထိပင် မအိပ်ကြနိုင်ဘဲ ဆုံတွေ့ခွင့် ရတုန်းအချိန်လေးကို တန်ဖိုးထားကြသည် ။ ထို့နောက် တစ်ဦးနှင့် တစ်ဦး မလှပဆုံး ဓါတ်ပုံများကို အမိအရ ရိုက်ယူကြကာ အချင်းချင်း ဆေးထိုးမှု ပြုလုပ်ကြသေးသည် ။ ထို့နောက် အိမ်ပြန်ချိန် ရောက်လာတော့လည်း တစ်ဦးနှင့် တစ်ဦး ခွဲခွာကြရပြန်သည် ။ သို့သော် ယခု တွေ့ဆုံပွဲအား မေ့နိုင်ကြလိမ့်မည်တော့ မထင်ပါ ။ အချိန်နှင့် အမျှ သတိရနေမိသော ယခုကဲ့သို့ တွေ့ဆုံပွဲလေး မှာ နောက်နှစ် တောင်ကြီးတွင် တစ်ကြိမ် ဖြစ်ပေလိမ့်ဦးမည် ။ ထိုအချိန်တွင်လည်း အတူတကွ ဆုံတွေ့ကြဖို့ မျော်မှန်းမိပါတော့သည် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

#myanmar #steemit #gathering #life #story

Sort:  

လွမ်းစရာတွေ့ဆုံပွဲနောင်နှစ်ဆုံချင်ပါသည်

နောက်နှစ်တောင် ရောက်ချင်လာပေါ့ဗျာ

ကျွန်​​တော်​တို့သည်​ ​ဆေးထိုးကြမ်း​သူများ😂

ဒါဗြဲလေ နော့

ကိုဒိုကတော့ ဖိနပ်လေးပဲသဘောကျ ဟိဟိ

သူလိုက်ကြည့်နေဒယ်

‌တွေ့ခွင့်‌ရလို့ အတိုင်းမသိ ဝမ်းသာရသလို Steemitကို‌လျှောက်‌လှမ်းဘို့ ယုံကြည်‌ချက်‌ ပိုခိုင်‌မာ‌စေတယ်‌။

ဟုတ်တယ်အကို မြန်နှုန်းမြင့် စံချိန်နဲ့ လာတွေ့တဲ့အကိုကြီးရေ ကျေးဇူးပါဗျာ ။

အမျိုးတွေရော သူငယ်ချင်းတွေရော တောင်ကြီးမှာ ဘယ်သူရှိလဲ အခုကတည်းက စာရင်းကောက်ထားလိုက်တော့မယ်

လုပ်ထားလိုက်တော့ နောက်တစ်ခါ တစ်ဝက်နဲ့ပြေးရဘူး ဒါဗြဲ

မြစ်ကမ်းနံဘေး ခြင်ကိုက်ခံခဲ့ရတာ သတိရမိတယ် ☺☺☺

အလှဆုံးပုံလေးတေ ရသွားတယ်ပေါ့.. :P

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66441.00
ETH 3217.31
USDT 1.00
SBD 4.22