MSC စာအုပ် အကြောင်း

in #myanmar6 years ago

စာရေးခဲ့သည်မှာ အချိန်အတော်ကြာလာပြီဖြစ်သဖြင့် များစွာ တိုးတက်လာကြသူများ များစွာရှိနေသော်လည်း အတွေ့အကြုံ နုနယ်သော ကျွန်တော့မှာ ခုထိ တစ်ပုဒ်တစ်ပုဒ်ထွက်ဖို့ရန် အတော်ပင် အားထုတ်ရလေသည် ။ ထို့ပြင် တစ်ခါတစ်ရန်တွင် အနည်းငယ် ရေးပြီး အကြောင်းတစ်ခုခုကြောင့် အခြားအာရုံတစ်ခုခု ကြောင့် ရေးလက်စလေးမှာ ဘယ်ရောက်မန်းမသိ ဖြစ်သွားကာ နောက်လဲ ပြန်ဆက် မစဉ်းစားတတ်တော့ သဖြင့် ပစ်ထားလိုက်ရသည်များလဲ များစွာရှိလေသည် ။ ထို့ထက် MSC မှ စာအုပ်ထုတ်ရန်ဟူ၍ ရည်ရွှယ်ချက် ရှိလာသောအခါ စာအုပ်ထဲ တွင် မိမိဆောင်းပါးလေး ပါလာမည်ကို မျှော်လင့်မိသော်လည်း ကိုယ်ရေးသားထားသည့် အထဲတွင် စာအုပ် ထုတ်ရလောက်အောင် ပြောင်မြောက်သော ဆောင်းပါးမှာ ရှာမတွေ့ ဖြစ်ရခြင်းပင် ဖြစ်သည် ။

MSC မှ ထုတ်လိုက်သော စာအုပ်အတွင်း မိမိ၏ ဖတ်မကောင်းသော ဆောင်းပါးတစ်ပုဒ်ဖြင့် စာဖတ်သူတို့အားလဲ မနှိပ်စက်ချင်ပါ ။ သို့သော် ထိုစာအုပ်လေးထဲတွင် ပါဝင်ခွင့် ရချင်သည်ကိုလည်း ငြင်းမရနိုင် ဖြစ်မိသည် ။ ထို့ကြောင့် အချိန်ရလျှင် အကောင့်ထဲ ပြန်မွှေနှောက်ပြီး လိုက်ရှာကာ ပြင်ဆင်သင့်သည်များ ပြင်ဆင်ကြည့်ပါဦးမည် ။ ယခုပင် ရေးချင်သည်က တစ်မျိုးဖြစ်ပြီး ထိုဇာတ်လမ်းတစ်ပုဒ်အား စဉ်းစားထားပြီး တစ်ကယ်တမ်းရေးသည့် အချိန်မှာ တစ်မျိုးဖြစ်ပြန်ပြီ ။ စာအုပ်တစ်အုပ် ထုတ်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို steem-myanmar အကောင့်မှ ရရှိမည် ဖြစ်သဖြင့် မမေ့မလျှော့ ဝိုင်းဝန်း vote ကြပါဦး ။ နောက်ပြီး ပထမဆုံး ထွက်လာမည့် MSC မှ စာအုပ်တွင် မိမိ ဆောင်းပါးများ ပါဝင်နိုင်ရန်အတွက်လည်း ကြိုးစားထားကြပါဦးခင်ဗျာ ။ ရေးပြီးသား ထဲမှ ဖြစ်ဖြစ် အသစ်ရေးထား ပြီးတဲ့ ထဲမှ ဖြစ်ဖြစ် အနှစ်သက်ဆုံး ရွှေးထားပြီး ပြင်ဆင်ထား ကြဖို့ နှိုးဆော်ပါရစေ ။


bookk.jpg
Image source

ယခုမှစ တိုက်တွန်းနေသော်လည်း MSC ဝင်ငွေနှင့် steem ဈေးများကြောင့် ပထမဆုံး စာအုပ်မှာ ထွက်ရှိလာဖို့ အချိန် လိုအပ်ကောင်း လိုအပ်ပါလိမ့်မည် ။ သို့သော် ထိုစာအုပ် ထွက်ရှိရေးအတွက် အားလုံးကလည်း ဝိုင်းဝန်းကြိုးစားကြမည်ဟု gathering တွင် ဆွေးနွေးခဲ့ကြသည် ။ မိမိရေးသည့် ဆောင်းပါး အတွက်ကိုတော့ မိမိကိုယ်တိုင် အာမခံရမည်ဖြစ်ပြီး မိမိရေးသားထားသော ဆောင်းပါးအား မိမိကိုယ်တိုင် တာဝန်ယူရမည် ဖြစ်ပါသည် ။ မိမိရေးထားသော ဆောင်းပါးကောင်းလေးများကို စာအုပ်ထဲတွင် ပြန်လည်မြင်တွေ့ရပြီး နိုင်ငံတစ်ဝှမ်းမှ အားပေးခြင်း ရရှိအောင် ဆောင်ရွှက်ကြပါဦးစို့ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

MSC magazine ဒုန်း ဒုန်း ဒုန်း

ဒိန်းဒိန်းဒိန်း

စာပြန်ရေးဖို့ တော်တော်အားထည့်ရအုံးမယ် 😑

တတ်နိုင်သလောက်ေ ဖြစ်ဖြစ် ရေးနေပါလေ ။

ဒီလိုဒီလိုရှိတယ်လား

ဟုတ် ရှိပါတယ်ခင်ဗျာ

ဆက်လက်အားပေးနေပါ့မယ်
မမေ့မလျော့ vote ပေးပါ့မယ် သားရေ

ဟုတ် အန်တီ

ဤ post နှင့်votes တောင်းနေပါသည်ခဗျ

ဘာမှလဲ ဆိုင်ဘု

အတူတူရှေ့ဆက်လျှောက်လမ်းကြပါစို့...
ရင်တွေတောင်တုန်တယ် တစ်ခါမှ မမက်ဖူးတဲ့အိမ်မက်
ကိုယ့်ရေးတဲ့စာ
စာအုပ်ထဲပါလိမ့်မယ်လို့။
အဲ့ဒီအိမ်မက်ကို ဖြစ်စေခဲ့တဲ့ MSC Leader ကိုဟင်၊
ဆရာတင်လှိုင်ဦး၊ admin များနှင့် မန်ဘာဝင်များအားလုံးကို
အထူးကျေးဇူးတင်မိပါတယ်ဗျာ

ခုန်စေဗျာ ရည်ရွှယ်ပြီးပြီ ဆိုတော့ တစ်ကယ်ဖြစ်အောင် လုပ်ကြတာပေါ့ဗျာ ။

ပါဝင်နိုင်အောင် ကြိုးစားကျတာပေါ့ ဒိုမီ ဖိုက်တင်း

ဖိုက်တင်းပါအမ

နေရာတစ်ခုရအောင် ကြိုးစားရေးရတော့မှာပေါ့

တပည့်တော်တို့တော့ အတော်ကြိုးစားယူရပါဦးမည် ။

စာအုပ်​ထုတ်​ရင်​ ပါနိုင်​ဖို့​တော့ ​တော်​​တော်​​​​လေြး​ကိုးစားရအုန်းမယ်​ ကိုဒို​ရေ

ဟုတ်ပါ့ ဗျာ ကျွန်တော်တို့အတွက်တော့ တစ်ကယ်မလွယ်ဘူး

ကောင်းမွန်သောအကြံအဥာဏ်ကောင်းများပါ

ဟုတ်ကဲ့ပါအန်တီ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63464.16
ETH 3111.33
USDT 1.00
SBD 3.98