Unicorn လေးရရှိခြင်း

in #myanmar5 years ago (edited)

ယနေ့တော့ အနည်းငယ် ပျော်မြူးနေသည် ။ အကြောင်းမှာ Steeemmonsters မှ အဖိုးတန် card လေး တစ်ခု ရရှိ လိုက်ခြင်းကြောင့် ဖြစ်လေသည် ။ ယခုမှ ပထမ ဦးဆုံး ရဖူးသော ကဒ် ဖြစ်ခြင်းနှင့် အရင်းအနှီး များစွာ မပြုထားသဖြင့် အရနည်းသော monsters အကောင့်လေး ဖြစ်ခြင်းကြောင့်ဖြစ်ပါသည် ။

Screenshot_20190808_181957.png
my steemmonsters screenshot

ယခု ရရှိခဲ့သော ကဒ်မှာ Sacred Unicorn ဖြစ်လေသည် ။ ရရှိသည်မှာ Gold card ဖြစ်သဖြင့် ဈေးကို သွားရောက် ကြည့်သည့်အခါ လွန်စွာမှပင် အံ့သြ ရလေသည် ။ မဆော့ ရက် မကစားရက် ချက်ချင်းပင် အပြေးလေး ရောင်းတော့သည် ။ 90$ ခန့်တန်သော်လည်း ကဒ် ရောင်းသည့်နေရာမှာ p2p ဆန်သဖြင့် ဝယ်သူ ရှိမှပင် ရောင်းရမည်ဖြစ်သည် ။ ထိုမျှ များပြားသော ဈေး ဖြင့် မည်သူက လာလို့ ဝယ်မှာတဲ့လဲ ။ ထို့ကြောင့် ပင် အရောင်းတင်ထားသော်လည်း ရောင်းမထွက်ခဲ့ ။

Screenshot_20190808_182014.png
my steemmonsters screenshot

ခဏ အကြာမှာတော့ မနေနိုင်တော့ဘဲ ရသလောက်နှင့် လဲလှယ်တော့မည်ဟု ဆုံးဖြတ်လိုက်ပါသည် ။ ထို့ကြောင့် DEC နှင့် လဲလှယ် ခြင်းကသာ ချက်ချင်းရနိုင်သည်ကို တွေ့လိုက်ရသည် ။ ထို့ကြောင့် DEC ဖြင့် လဲ လိုက်ရာ 60 $ ခန့်သာ ရမည် ဖြစ်သည် ။ တစ်ကယ်တမ်း Steem engine ထဲတွင် ရောင်းသော အခါ ရောင်းနေရင်းပင် ဈေးများ တစ်ဖြည်းဖြည်းကျလာရင်း Steem 300 ကျော်ရုံလေးသာ ရလိုက်သည် ။

Screenshot_20190808_182055.png
my steemitwallet screenshot

မတန်တဆ ဈေးလျှော့ပြီး ရောင်းလိုက်ရသော်လည်း တန်သည်ထင်ပါသည် ။ ဈေးပေါပေါနှင့် မြန်မာ ကစားသူများ ထဲမှ လိုချင်သူ ရှိခဲ့လျှင် အချင်းချင်းရောင်းပေးချင်သော်လည်း မည်သူ့ကို ရောင်းပေးရမန်း မသိပါ ။ ဈေးပေါပေါနှင့် ဆိုသည်မှာ DEC ဈေးနှုန်း လောက်နှင့် ကိုဆိုလိုပါးသည် ။ နောက်ထပ် card လေးတွေ လာခဲ့ ဖို့ ဆုတောင်းနေပါသော်လည်း တစ်ခါ ရဖို့ပင် လပေါင်းများစွာ ဆိုတော့ နောက်ထပ်တွေလဲ လိုချင်နေမိတုန်းပါဘဲ ။

Sort:  

ဟာ နှမြောစရာ ဈေးကွက်တင်ထားရင်ရပါတယ်ဟ ဝယ်သူတွေရှိကြပါတယ်

ဈေးကျလာမှာနဲ့ ဝယ်မည့်သူ ရှားမှာနဲ့ ဆိုတော့ နှမျော နေတော့ဘူးအေ ။ မဟုတ်စိတ်က အဲ့ဒီအကောင်ဆီရောက်နေတာနဲ့ ရောဂါတိုးမယ် ။

Game post တင်ရင် #steemace tag လေး တွဲပေးရမှာ

Posted using Partiko Android

ဟုတ် ပြောပြပေးလို့ကျေးဇူးပါနော် နောက်စ်ခါပေါ့ ခုလဲ update လိုက်ဦးမယ် ။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 62796.11
ETH 3045.55
USDT 1.00
SBD 3.85