AlertsteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

အချိန်တို့က တရွေ့ရွေ့နှင့် ကုန်ဆုံးလို့ လာခဲ့၏။ ဘာလိုလိုနှင့် steemit ပေါ်မှာ လျှောက်လှမ်း ဖြစ်ခဲ့သည်မှာလည်း လာမည့် June လထဲဆိုလျှင် (၂) နှစ်ပြည့်တော့မည် ဖြစ်၏။ ယခုအချိန်ထိတော့ ထိုက်သင့်သလောက် SP စုထားနိုင်ခဲ့ပြီ ဆိုပေမယ့် စိတ်ကျေနပ်စရာ အခြေအနေ တရပ်ကိုတော့ မရောက်သေးပေ။ တနေ့ထက် တနေ့ SP ပိုပြီး စုလာနိုင်ဖို့ကိုပဲ နေ့စဉ် တွေးနေမိ၏။ အားလျှင် အားသလို SP စုလို့ ရမည့် နည်းလမ်းများကို ရှာရှာနေမိ၏။ steem ဈေး မတက်ခင်လေးပဲ စုထားလို့ ရသည်ကိုး။ ဈေးတက်လာခဲ့လျှင် စုရ ပိုပြီး ခက်သွားနိုင်၏။

ဟိုနည်း ကောင်းနိုး၊ ဒီနည်း ကောင်းနိုးဖြင့် အမျိုးမျိုး စမ်းသပ်ခဲ့ဖူး၏။ အလုပ်လည်း ဖြစ်ခဲ့ဖူးသလို၊ အချိန်ကုန်သွားသည်ပဲ အဖက်တင်ခဲ့သည်များလည်း ရှိ၏။ Busy ကနေလည်း ပိုစ့် တင်ခဲ့ဖူး၏။ Esteem ကနေလည်း ပိုစ့် တင်ခဲ့ဖူး၏။ သူတို့ app, သူတို့ website ကနေ တင်လျှင် သူတို့ပေးသည့် voting လည်း ရသည် မဟုတ်လား။ နောက် Partiko ဆိုသည့် app လည်း ထွက်လာခဲ့ပြန်၏။ သူကတော့ Busy, Esteem တို့နှင့် ပုံစံအားဖြင့် ဆင်ပေမယ့်၊ လုံးဝ မတူပေ။

Partiko ကိုနေ post တင်ခြင်း၊ vote ပေးခြင်း၊ comment ပေးခြင်းကနေ point များ ပြန်ပေး၏။ ထို point များကို မိမိ post တင်ရာမှာ ပြန်လည် အသုံးချခြင်းဖြင့် vote ရ၏။ မိမိ သုံးစွဲလိုက်သည့် point အနည်း အများပေါ် မူတည်ပြီး vote ပြန်ရသည့် ပမာဏလည်း ကွာသွား၏။ မည်သို့ပင် ဆိုစေ မဆိုးဘူးဟုတော့ ပြောလို့ရ၏။ အခြား (၂) ခုထက် Partiko ကိုတော့ ပိုပြီး သဘောကျမိ၏။ သို့ပေမယ့် သိပ်တော့ မသုံးဖြစ်ပေ။ မိမိ ပိုစ့် vote များများ ရရန် ကျနော်တို့မှာလည်း အမျိုးမျိုး ရှာကြံကြရသည် မဟုတ်လား။

Vote များများ ရရခြင်းက အကျိုးများသည် မဟုတ်လား။ ပြန်လည် ရရှိမည့် steem power, steem dollor မများ လျှင်တောင် reputation ကို သက်ရောက်မှု ရှိသည် မဟုတ်လား။ မြန်မာလိုသာ ရေးနိုင်သော ကျနော်တို့ အဖို့ world wide ကို ဖြန့်ကျက်နိုင်ဖို့က သိပ်တော့ မလွယ်လှပေ။ မြန်မာလိုရေး၊ မြန်မာ အချင်းချင်း vote ပေးပေါ့။ ဖြည်းဖြည်းချင်း သွားနေရုံပေါ့။ ရပ်မနေတာပဲ ဟုတ်နေပြီ မဟုတ်လား။ အဓိကက သွားနေဖို့သာ လို၏။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

Steem ဈေး ကျမှု နှင့်အတူ Myanmar user အချို့လည်း steemit ပေါ်ကနေ ပျောက်ကွယ်သွားကုန်ကြ၏။ တချိန်ချိန်တော့ သူတို့ ပြန်လာကြမည် ထင်၏။ ပြန်လာဖို့လည်း မျှော်လင့်၏။ အရင်လိုပဲ steemit ပေါ်မှာ မြန်မာတွေကို တအုန်းအုန်း တရုန်းရုန်းနှင့် တွေ့လိုလှ၏။ တကယ်တမ်းက ဈေးကျနေချိန်က SP စုဖို့ အကောင်းဆုံး အချိန် ဖြစ်၏။ ဒီအချက်ကို ကျနော်တို့ သတိထားဖို့ လို၏။ ဈေးကနေလို့ မရေးသေးပါဘူးကွာ ဟု တွေးနေပါက ထိုအတွေးကို ဖြောက်ပြီး စာရေးဖို့ တိုက်တွန်းလို၏။ ဆိုခဲ့သည့်အတိုင်း ကျနော်ကတော့ စာလည်း ပုံမှန် ရေးနေမည့် အပြင် SP တိုးနိုင်၊ စုနိုင်မည့် အခြားနည်းလမ်းများကို ရှာဖွေနေဦးမည် ဖြစ်၏။

Don Jaun

MSC 31

Sort:  

မှန်မှန်ချီတတ် မပျက်ကွက်လို့ SP တိုးရေး အလေးပေးသည် အောင်မြင်ရမည် MSC

Posted using Partiko Android

ကျွန်​​တော်​​တော့မ​ပြေ့​သေးဘူး တနှစ်​​ကျော်​​ကျော်​ဘဲရှိ​သေး ☺ ☺

တနေ့နေ့ပေါ့

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 1000 as payout for your posts. Your next target is to reach a total payout of 2000

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness and get one more award and increased upvotes!

SP များများစုနိုင်ဖို့ စာများများရေးကြပါစို့

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64266.94
ETH 3077.24
USDT 1.00
SBD 3.87