BTCsteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

Steem ဈေးကတော့ တက်လမ်း မရှိသေးပေ။ ကိုဟင်ကတော့ steem ရှိလျှင် ရှိသလောက်ကို btc ပြောင်းထားသင့်ကြောင်း အကြံပေး၏။ btc ဈေးက (၂၀၁၉) အကုန်အထိ တက်ဖို့ ရှိနေသည် ဆို၏။ လောလောဆယ် btc ပြောင်းထားပြီး ဈေး ထက်တက်လာပါက steem ပြန်ပြောင်းကလည်း အမြတ်ရနိုင်ကြောင်း၊ ထိုသို့ မဟုတ်ဘဲ ရောင်းစားလျှင်လည်း အဆင်ပြေနိုင်လောက်၏။ ပြောင်းထားတာက မခက်ပေ၊ ခက်နေတာက ကျနော်။ ထိုအပိုင်းက ကျနော်နှင့် အတော်လေး ဝေး၏။ စာရေးရန်လောက်သာ သိသော ကျနော့်အဖို့ ထိုအပိုင်းက အခက်အခဲ ဖြစ်၏။

ထို့ကြောင့် အပူ ကပ်စရာ ကိုဟင်သာ ရှိတော့၏။ ကိုဟင် နားကိုတော့ အပူကပ်ထားလိုက်၏။ သူ ကူညီမယ် ဆိုတာ ကိုယ်က သိပြီးသားကိုး။ သသောကောင်းသော ကျနော်တို့ leader ကြီး မဟုတ်လား။ btc က တရိပ်ရိပ်နှင့်ကို တက်လာနေ၏။ ထို့ကြောင့် btc ကို ၀ယ်ယူစုဆောင်းပြီး ဈေးတက်ချိန်မှာ ပြန်ရောင်းကြဖို့ အချို့က လုပ်ဆောင်လာကြ၏။ လွန်ခဲ့သော နှစ်ကာလ တခုတုန်းကလည်း ယခုလိုပဲ btc ဈေး ရက်ရက်စက်စက် တက်ဖူးခဲ့သေး၏။ ထိုစဉ်တုန်းကတော့ steem ဈေးကပါ လိုက်တက်သဖြင့် btc ပြောင်းဖို့၊ ၀ယ်စုထားဖို့ မတွေးမိလိုက်ပေ။

ကျနော့် သူငယ်ချင်း တယောက်ကတော့ ထိုဈေးအတက်မှာ တော်တော်လေး ခိုင်သွား၊ မြတ်သွားခဲ့၏။ ဈေးတက်မည်ကို သိပြီး ၀ယ်စုထားခြင်းကြောင့်တော့ မဟုတ်ပေ။ ဖြစ်ပုံက ဒီလို။ online ငွေရှာသည့် လူအများစု သိကြသည့် site တခု ရှိ၏ အမှန်တော့ ခံလိုက်ရသည်ဟု ပြောလျှင် ပိုပြီး မှန်မည် ထင်၏။ MMM Global ဆိုသည့် site ပေါ့။ ကျနော်ကတော့ ထို site ကြောင့် ပိုက်ဆံ (၇၀၀၀၀) လောက် ကုန်သွားဖူး၏။ အခြား သူငယ်ချင်းများလည်း လိုက်လုပ်ကြသဖြင့် ကုန်ကြသည်ပေါ့။ ခြုံငုံ ကျော်ခွပြီး ပြောရလျှင် ထိုသူငယ်ချင်းကလည်း အနှီ MMM လုပ်ရန် btc ၀ယ်ထားခြင်း ဖြစ်၏။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

ဖြစ်ချင်တော့ ထိုအချိန်မှာ MMM က အခြေအနေ သိပ်မကောင်းပေ။ ငွေထုတ် မရသေးသဖြင့် ကျနော်နှင့် နောက်သူငယ်ချင်း တယောက်က မ၀င်သေး၊ မလုပ်သေးဘဲ ခဏစောင့်ကြည့်ရန် ပြောထား၏။ မကြာဘူး အနှီ MMM ကြီး ပျက်သွားခဲ့၏။ ကျနော်တို့ ပိုက်ဆံတွေ ပလုံပေါ့။ ထိုအချိန်တုန်းက online ငွေရှာခြင်းနှင့် MLM စနစ်ကို သိပ်မသိသေး၊ နားမလည်သေးသောကြောင့်လည်းပါ၏။ နောက်ပိုင်းမှာတော့ ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့၏။ ထို သူငယ်ချင်းကတော့ ကံကောင်းသွားခဲ့၏။ ကျနော်တို့ သတိပေးထားသဖြင့် ထို btc ကို အရင်းအဖြစ် မထည့်လိုက်၊ မသုံးလိုက်သေးတာ မှန်သွားခဲ့၏။

ထို btc ကို ဘာမှ ထပ်မလုပ်ဖြစ်ဘဲ ဒီအတိုင်းထားရက btc ဈေးများ ထိုးတက်ချိန်မှာတော့ အားလုံး ပြောင်းလဲသွားခဲ့တော့၏။ မြန်မာငွေ (၇၀၀၀၀) ဖိုး ၀ယ်ထားသည့် ထို btc ကို ပြန်ရောင်းတော့ (၂) သိန်းကျော်လောက် ရသွားခဲ့၏။ (၃) ဆလောက်ကို ပြန်ရသွားခြင်း ဖြစ်၏။ btc က မတက်လျှင်လည်း မတက်ဘူး၊ တက်လျှင်လည်း ထိုသို့ပင်။ ယခုလည်း btc က ဘယ်လောက်ထိ တက်ဦးမည် မသိပေ။ steem မတက်ဘဲ btc ပဲ တက်နေတာက မိမိ အတွက်တော့ သိပ်ပြီး မကောင်းလှပေ။ အဘယ်ကြောင့်ဆိုသော် မိမိ လက်ထဲမှာက steem ပဲ ရှိသည်ကိုး။ မည်သို့ပင် ဆိုစေ ထို ရှိသည့် steem လေးကို btc ပြောင်းပြီး ဘာထူးခြားလာမလဲကို စောင့်ကြည့်ရပေလိမ့်ဦးမည်။

Don Jaun

MSC 31

Sort:  

Steem ကနေ btc ပြောင်းရတာလွယ်သလားဗျ

လုပ်တတ်သူတွေ အဖို့တော့ လွယ်မယ်ဗျ။
ကျနော်က မလုပ်တတ်လို့ ကိုဟင်နား အပူကပ်တာ 😁။


ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62937.86
ETH 3092.40
USDT 1.00
SBD 3.87