Child is...

in #myanmar5 years ago

t5n9axz4v5.jpg

ပြီးခဲ့သော သောကြာနေ့က တူတော်မောင်ကို ကျောင်းသွားကြို၏။ သို့ပေမယ့် ဆရာသမားက ကျနော့်ကို မစောင့်ဘဲ ကျနော့် ယောက်ဖ (သူ့ အမ တ၀မ်းကွဲ အဖေ) နှင့် လိုက်ပြန်သွား၏။ ဆရာသမား ယခု တပတ်အတွင်းမှာ ထိုသို့ လိုက်လိုက်ပြန်သွားတာ (၂) ကြိမ် ရှိပြီ ဖြစ်၏။ ကျနော် နောက်ကျနေလို့ ဆိုလျှင် ထားတော့၊ ခုက အချိန်အားဖြင့် ဘာမှ မကွာလိုက်ပေ။ တခါတလေ တူတော်မောင်က ထိုကဲ့သို့ပင် ဖြစ်၏။ သူမစောင့်ချင်လျှင် မစောင့်ဘဲ လိုက်ပြန်သွားတတ်၏။

သူတို့၏ ကျောပိုးလွယ်အိတ်နှင့် ထမင်းဂျိုင့် ခြင်းများ မပါလျှင်တော့ ကလေး (၂) ယောက်နှင့် ဆိုင်ကယ် စီးရတာက သိပ်မခက်လှသော်လည်း ဂျိုင့်များ ကျောပိုးအိတ်များနှင့် ဆိုလျှင်တော့ ဆိုင်ကယ် စီးရတာ အတန်ငယ် ခက်၏။ ထို့ကြောင့် တူတောင်မောင်ကို ကျနော်၊ တူမလေးကိုတော့ တူမလေး၏ အဖေက ကြိုခြင်း ဖြစ်၏။ ဒါကို ကျနော့် တူက လိုက်ပြန် သွားခြင်း ဖြစ်၏။ ယခုလို မိုးတွင်း အခါမျိုးမှာ မိုးက ပြောလို့ ရသည် မဟုတ်။ မတော်လမ်းမှာ မိုးရွာလာလျှင် မခက်ဘူးလား။ မိုးကာ ယူပြီး လာခဲ့သည့် ကျနော့်ကို မစောင့်ဘဲ သူ့ ဘကြီး (ကျနော့် ယောက်ဖ) နှင့် လိုက်ပြန်သွားသည့် တူတော်မောင်ကို စိတ်တိုမိ၏။

ကျနော့် ယောက်ဖကလည်း သူခေါ်သွားပြီ ဖြစ်ကြောင်းကို Ph မဆက်ပေးပေ။ ထို့ကြောင့် ကျနော့်မှာ ကျောင်းသို့ ရောက်သွားသော်လည်း တူတော်မောင်က မရှိတော့ပေ။ သို့နှင့် တကိုယ်တည်း ပြန်လာခဲ့ရ၏။ ကျနော် အိမ်ကနေ ထွက်လာချိန်က မိုးရွာနေ၏။ မိုးက ကျောင်းဆင်းချိန်ဆိုလျှင် ထိုသို့ပင် ဖြစ်၏။ ထိုနေ့က ကံကောင်းချင်တော့ ကျောင်းကို ကျနော် ရောက်တော့ မိုးတတ်သွား၏။ သို့ပေမယ့် တူတော်မောင်က မရှိတော့ပေ။ သူတို့ အပြန်မှာ မိုးနည်းနည်းတော့ မိမည် ထင်၏။

အခြား မဟုတ် နောက်တနေ့ မနက် စနေနေ့မှာ တူလေးကော၊ တူမလေးကော (၂) ယောက်လုံး ဖျားသောကြောင့် ဖြစ်၏။ အမှန်တော့ သောကြာ ညကတည်းက ဖျားချင်ချင် ဖြစ်နေကြပြီ ဖြစ်၏။ ဆေးကြိုတိုက်ပေမယ့် မရလိုက်ပေ။ ညမှာ သူတို့ စဖျားကြလေ၏။ မနက်မှာတော့ လုံးဝကို ဖျားသွား ကြပြီ ဖြစ်၏။ စနေ၊ တနင်္ဂနွေ အင်္ဂလိပ်စာ သင်တန်း မသွားနိုင်ကြတော့ပေ။ ထို့ပြင် တနင်္ဂနွေ ဓမ္မစကူးလည်း မသွားနိုင်ကြတော့ပေ။ ဒီတပတ် ဓမ္မစကူးမှာက ကလေးများထဲမှ ရက်မှန်သည့် ကလေးများကို ရက်မှန်ဆု ပေးမည့် ရက် ဖြစ်၏။ ထိုရက်မှာမှ အိမ်က ဆရာသမား (၂) ယောက်က မသွားနိုင်သဖြင့် ဆုမရတော့ပေ။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62559.43
ETH 3092.10
USDT 1.00
SBD 3.86