Do it Now (Chapter 1)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

အချိန်နှင့် ဒီရေသည် လူကို မစောင့်ဟု ဆို၏။ Steemit သည်လည်း ကျနော်တို့ကို မစောင့်ပေ။ ကျနော်တို့ ကိုယ်တိုင်သည်လည်း steem ဈေးကို စောင့်နေလို့ မဖြစ်ပေ။ လုပ်စရာ ရှိသည်ကို လုပ်နေ ပြုနေဖို့ လို၏။ ကျနော်တို့သည် steemit ဂရုကြီးများ မဟုတ်ရကား၊ steem ဈေးတက်အောင် ဆွဲတင်နိုင်ခြင်း၊ ဆွဲချနိုင်ခြင်းတို့ကို မစွမ်းနိုင်ပေ။ ထို့ကြောင့် ဈေးအပြောင်းအလဲကို စောင့်ကြည့်နေဖို့သာ ရှိ၏။ ဈေးပြောင်းနေခြင်းသည် သူ့အလုပ် ဖြစ်ပြီး စာရေးခြင်း၊ ပိုစ့် တင်ခြင်းသည် ကျနော်တို့၏ အလုပ် ဖြစ်၏။

မိမိ လုပ်နေသည့် အလုပ်ကို မိမိ သေချာ အာရုံစိုက်ထားနိုင်ဖို့ လို၏။ ယခုတလော ကျနော် စာသင်ပေးနေသည့် ကလေးများထဲမှ အချို့ မိမိ အလုပ်ကို မိမိ အာရုံ မစိုက်ကြနေပေ။ အခြား မဟုတ်၊ ကျူရှင်ချိန် မမှန်၊ စာ မမှန် မလုပ်နေကြခြင်း ဖြစ်၏။ one by one သင်ပေးနေရသည့် ကလေး တယောက်က ပိုပြီး ဆိုးသေး၏။ သူ့ကိုကား chemistry သင်ပေးရခြင်း မဟုတ်ပေ။ မြန်မာစာ သင်ပေးရခြင်း ဖြစ်၏။ (ကျနော်သည် chemistry အဓိက သင်ပေးသည် ဆိုပေမယ့် ကနဦး Guide ဆရာ အဖြစ် လုပ်ကိုင်စတုန်းက မြန်မာနှင့် ဘောဂဗေဒ ဘာသာရပ် (၂) ခုကို guide လုပ်ပေးခဲ့ခြင်း ဖြစ်၏။) နှစ်စ ကတည်းက သင်ပေးရခြင်း မဟုတ်ပေ။ စာမေးပွဲနားနီး (၃) အလိုမှ သင်ပေးရခြင်း ဖြစ်၏။ (၁) နှစ်စာ သင်ရမည့် သင်ခန်းစာများကို ကျနော့်မှာ (၃) လနှင့် ပြည့်မီအောင် သင်ပေးရခြင်း ဖြစ်၏။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

သင်ရုံလောက်ကတော့ သိပ်အခက်အခဲ မရှိလှပေ။ သို့သော် ကျနော်က တပါတည်း ကျက်ပေးလိုက်ခြင်းကြောင့် နည်းနည်းတော့ အချိန်ယူရ၏။ အိမ်တွင် ထပ်ပြီးတော့ ကျက်နေစရာ မလိုအောင်ပေါ့။ ကလေးက မဆိုးလှပေ။ ဥာဏ် အထက်ကြီး မဟုတ်သလို၊ အထိုင်းကြီးလည်း မဟုတ်ပေ။ သူ၏ အဓိက ပြဿနာက ပျင်းခြင်း ဖြစ်၏။ ထိုကလေးသည် အပြင်ဖြေ ဖြစ်၏။ တနှစ်ထိထားပြီး ပြီဖြစ်၏။ အပြင်ဖြေအများစုတွင် ရှိတတ်သည့် အခြေအနေများ သူ့တွင် ရှိ၏။ ရှိနေသည်မှာမှ အကုန်ကို ရှိနေခြင်း ဖြစ်၏။ ထိုအကျင့်လေးများ ရှိနေခြင်းကို သူ့သူလည်း သိ၏။ ပြင်လည်း မပြင်ပေ။

ပြောလျှင်တော့ နားထောင်၏။ ကျနော်က အချိန်များ သိပ်မကျန်တော့ကြောင်း၊ ကျနော်တို့် စသင်ရသည့် အချိန်ကလည်း ဘာမှ သိပ်မရ၊ သိပ်မရှိကြောင်း သေချာ လုပ်ဖို့ လိုကြောင်း ပြော၏။ ဒီအတိုင်း နားဝင်အောင် လေအေးအေးလေးနှင့် ပြောခြင်း ဖြစ်၏။ ပြန်မပြော နားမထောင်လေး ဖြစ်၏။ ကလေးသည် ကျောင်းစာနှင့် ပတ်သက်ပြီး စိတ်ဝင်စားဖို့ အတော်ကလေး နည်း၏။ လုပ်ကြည့်လိုက်တာပေါ့ ကံကောင်းရင်လည်း အောင်သွားလိမ့်မည် ဆိုသည့် ပုံစံလေး ဖြစ်၏။ ငါ အောင်ကို အောင်ရမည်။ အို အောင်ပြီးသားပဲ ဆိုသည့် အတွေးမျိုး၊ ပုံစံမျိုး မရှိနေပေ။

ထိုအတွေးမျိုး၊ ထိုပုံစံမျိုး မရှိနေသဖြင့် သူ၏ အားထုတ်ပုံက အားရစရာ မကောင်းနေခြင်း ဖြစ်၏။ ထိုကလေးသည် ငယ်စဉ်က တီဘီ ရောဂါ ဖြစ်ခဲ့ဖူးသည် ဆို၏။ ဆေး (၆) လ သောက်လိုက်သဖြင့် ရောဂါတော့ ပျောက်သွားသည်ဆို၏။ သို့သော် ရောဂါ နောက်ဆက်တွဲ အဖြစ် ရင်ဘတ်တွင် အကြိတ်ကျန်ခဲ့သည် ဆို၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ထပ်တူပါပဲ တုတ်တစ်ချောင်းနဲ့  မောင်းနေရတယ် လန့် အောင်တော့ မဟုတ်ဘူး စာမလုပ်မချင်း စကားပြောနေသမျှ နောက်ကနေ ရိုက်ပေးတာမျိုး မနာဘူး စာမလုပ်ရင် အရိုက်ခံနေရမယ်ဆိုတာလေးပဲ သိအောင် တုတ်ကို မေ့အောင် စာထဲ စိတ်နှစ်အောင် remind လုပ်ပေးတာမျိုး

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ချော့ကာ ခြောက်ကာ ဆရာများရဲ့ ဂုဏ်ကျေးဇူးတွေ
အောင်စာရင်းထွက်တဲ့အခါမှာလေ ...
.

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63851.10
ETH 3059.36
USDT 1.00
SBD 3.85