Do it Now (Final Chapter)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ဒီတပတ်ထဲမှာတင်ကို သူ၏ ပျက်ရက်က (၃) ရက် ရှိသွားပြီ ဖြစ်၏။ စာမေးပွဲက အတော်ကလေး နီးနေပြီ ဖြစ်၏။ ကလေး ထိုသို့ ဖြစ်နေသည်မှာ သူ့ မိဘကြောင့်လည်း ပါမည် ထင်၏။ အဘယ်ကြောင့် ဆိုသော် သူ့အမတုန်းကလည်း ထိုသို့ မကြာမကြာ ပျက်သည် ဆို၏။ သူ့ အမကိုတော့ ကျနော် မသင်ဖူးပေ။ သို့သော် အဆောင်က ဆရာမက ပြောပြသောကြောင့် ဖြစ်၏။ သူတို့ မောင်နှမသည် ပုံစံ ဆင်ကြသည် ဆိုလို့ ရ၏။ ကောင်လေးက ယောက်ျားလေး ဖြစ်နေသဖြင့် ပိုပြီးတော့ ဆိုး၏။ ပျက်ရက် များသည့် အပြင် စာကို စိတ်မပါနေခြင်း ဖြစ်၏။

စာလုပ်ဖြစ်သည့် ရက်များတွင်လည်း စာ အနည်းငယ် လုပ်ပြီးသည်နှင့် ပျင်းလာသည့် ပုံစံကို မြင်ရ၏။ စာမေးပွဲအောင်ချင်လား မေးတော့ အောင်ချင်တာပေါ့ ဆရာတဲ့။ အင်း အဲ့ဆို သေချာ လုပ်ပေါ့ ဆိုတော့ ဟုတ်ကဲ့ ဟု ဆို၏။ သို့သော် ဒုံရင်းက ဒုံရင်းပင်။ ခက်တော့လည်း ခက်၏။ သူ၏ မိခင်ကလည်း ပြောရသလောက်လေးသာ ပြောသည်ထင်၏။ ငယ်စဉ်က သေချာ မကြပ်မတ်မိခဲ့လို့ပဲလား၊ အလိုလိုက်တာ များသွားလို့ပဲလားတော့ မသိပေ။ ကလေးက သိပ်အဆိုးကြီး မဟုတ်ပေမယ့် စာနှင့် ပတ်သက်ပြီးတော့ကား လုံးဝ ဆိုးနေတော့၏။

အပြင်ဖြေ များတွင် သူတို့၏ စိတ်က မဖြစ်မနေကို အောင်မှ ရမည် ဆိုသည့် စိတ်မျိုးဝင်နေဖို့ လို၏။ ထို စိတ်မျိုး ရှိနေ၊ ၀င်နေမှသာ စာကို သေချာလေး လုပ်မည် ဖြစ်၏။ တနှစ်၊ တနှစ်က မလွယ်ပေ။ အချိန်ကုန်၊ ငွေကုန်၏။ လူလည်း ပင်ပန်း၏။ အချိန်အကြာကြီး အချိန် မဆွဲမနေပဲ တခါတည်း ကျွတ်လွတ်သွားအောင် လုပ်သင့်၏။ တနှစ်လည်း ထိထားခဲ့ပြီး ပြီ မဟုတ်လား။ လက်ရှိ အချိန်၊ လက်ရှိ အခြေအနေကို သေချာ ဖမ်းဆုပ်ပြီး လုပ်ကိုင်နိုင်ဖို့ လို၏။ သို့မှသာ မိမိ လိုချင်သည့် ပန်းတိုင်ရောက်မည် မဟုတ်လား။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

ကျောင်းသူ၊ ကျောင်းသား အားလုံး နီးပါး စာမေးပွဲ အောင်လိုကြ၏။ အောင်စာရင်း ထွက်ချိန် အများသူငှာလိုပဲ မိမိလည်း ပျော်ရွှင်လိုကြ၏။ အောင်စာရင်းထွက်ချိန် ပျော်နိုင်ဖို့ ယခု (၃) လပိုင်းတွင် ကျင်းပမည့် စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆို နိုင်ဖို့ လို၏။ စာမေးပွဲ ကောင်းမွန်စွာ ဖြေဆို နိုင်ဖို့ စာကို ကောင်းစွာ လုပ်ထားနိုင်ဖို့ လို၏။ ရောမ မြို့ကြီးကို တရက်ထဲနှင့် တည်ဆောက်လို့ မရပေ။ (၃) နာရီစာ မေးခွန်းလေးကို ဖြေဆိုနိုင်ဖို့တောင် တနှစ်လုံး နီးပါး သင်ယူ၊ လေ့လာခဲ့ရသည် မဟုတ်လား။ ကြိုတင် ပြင်ဆင်မှ အောင်ပွဲ ၀င်နိုင်ပေလိမ့်မည်။

Steemit ပေါ်မှာ လျှောက်လှမ်းနေသည့် ကျနော်တို့ အနေနှင့်လည်း ထိုကဲ့သို့ပင် ကြိုးစားဖို့ လို၏။ အချိန်မဆွဲပဲ သေချာလေး လုပ်ဆောင်ဖို့ လို၏။ နောက်နေ့မှပေါ့၊ ဈေးတက်မှပေါ့ဟု လုပ်နေသရွေ့တော့ ဘာမှ ဖြစ်ဖြစ် မြောက်မြောက် ဖြစ်လာမည် မဟုတ်ပေ။ ဖြစ်လာခဲ့လျှင်လည်း အချိန်နောက်ကျမှ ဖြစ်လာမည် ဖြစ်၏။ ဤအချက်က အဆိုးဆုံး ဖြစ်၏။ ဘ၀တူများက မိမိထက် ကျော်လွန်သွားလျှင် ဖြစ်ပေါ်လာတတ်သည့် သိမ်ငယ် စိတ်က တကယ်ပဲ ဆိုးလှ၏။ သူတို့အတွက် မုဒိတာ ပွားတာက ပွားတာပဲ၊ မိမိ နောက်ကျ ကျန်ခဲ့လို့ ၀မ်းနည်း စိတ်မကောင်း ဖြစ်ရတာက ဖြစ်ရတာပဲ။ လုံးဝ သတ်သတ်စီ၊ မတူပေ။ ငါသာ အဲ့ချိန်တုန်းက လုပ်လိုက်ရင် ခုချိန်ဆို ဟုတ်နေပြီ ကွာ ဆိုသည့် နောင်တနှင့် မိတ်ဆွေဖွဲ့ နေရပေလိမ့်မည်။ ထို့ကြောင့် လုပ်စရာ ရှိသည်ကို အချိန်ရှိတုန်း လုပ်ပစ်လိုက်ဖို့ လို၏။ အချိန်ကို ကိုယ်က ရွှေ့လိုက်လျှင် ကိုယ့်ကိုလည်း အချိန်က ပြန်ရွှေ့သွားပေလိမ့်မည်။ ထို့ကြောင့် အချိန်ရှိခိုက် လုံ့လ စိုက်ပါဟု တိုက်တွန်း လိုက်ရပါ၏။

Don Jaun

MSC 31

Sort:  

ဦးစွာ ချက်ခြင်း လုပ်ပါ

Posted using Partiko Android

နောင်တ မရအောင်ကြိုးစားရေးနေရတာပ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63960.62
ETH 3142.95
USDT 1.00
SBD 3.95