Do itsteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

တနေ့ တနေ့ စာရေးဖို့ ပြင်ဆင်ရ၏။ ခုတလော စာရေးချင်စိတ် သိပ်မရှိ ဖြစ်နေ၏။ အကြောင်းအရာ သိပ်ရှာ မရ၊ စဉ်းစား မရ ဖြစ်နေခြင်း ဖြစ်၏။ ယခင် ရေးနေကြ Sat & Sun movie review လည်း မရေး ဖြစ်နေပေ။ ဇာတ်ကား မကြည့်ဖြစ်လို့ မဟုတ်ပေ။ ဒီအတိုင်း မရေး ဖြစ်နေခြင်း ဖြစ်၏။ ဇာတ်ကားတွေကတော့ ပုံမှန် ကြည့် ဖြစ်ပါ၏။ weekend movie review လည်း ပြန်ရေးမှ ဖြစ်ဦးမည်။ ဘာပဲ ဖြစ်ဖြစ် (၂) ရက်စာအတွက် ရေးစရာ ရသည် မဟုတ်လား။ စာလည်း နည်းနည်းတော့ ပြန်ဖတ်မှ ဖြစ်ဦးမည်။ ခုတလော စာမဖတ်ဖြစ်ပေ။ မဖတ်ဖြစ်သည်မှာ တော်တော်လေးကို ကြာနေပြီ ဖြစ်၏။ စိတ်အဟာရ အတွက် စာတော့ ပြန်ဖတ်မှ ဖြစ်ပေလိမ့်ဦးမည်။

တနေ့ တနေ့ ဘယ်လို အချိန် ကုန်ကုန်သွားမှန်းကို မသိပေ။ ဘာမှ မလုပ်လိုက်ရ၊ မပြီးလိုက်ဘဲ အချိန်တွေ ကုန်ကုန်သွားသလို ခံစားနေရပြန်၏။ ဒါဖြင့် တခုခု လုပ်ပေါ့ ဆိုပြန်တော့လည်း ဘာလုပ်ရမယ် မှန်း မသိပေ။ ထိုအချက်က တော်တော်လေးကို ဆိုးလှ၏။ ကိုယ့်ကိုယ်ကို ရှာမတွေ့ဘူးလား ဆိုပြန်တာ့ မဟုတ်။ တွေ့တော့ တွေ့၏။ ဒီအတိုင်း တွေ့ပြီး ဘာမှ မထူးနေခြင်း ဖြစ်မည် ထင်၏။ ထူးအောင်တော့ လုပ်မှ ဖြစ်ပေလိမ့်ဦးမည်။ လောလောဆယ် လုပ်ဖို့ လိုနေတာကတော့ စာဖတ်ဖို့ ဖြစ်၏။

စာမဖတ်ဖြစ်တော့ စာရေးသည့် နေရာမှာ နည်းနည်း အဆင်မပြေ ဖြစ်ရ၏။ အတွေးအခေါ် အသစ်အဆန်းများ ထပ်မကွန့်နိုင်၊ ထပ်မပေါ်လာနိုင်သည့် ကိစ္စလေးများ ရှိ၏။ လမ်းရိုးအတိုင်း သွားဖြစ်နေ၏။ သမားရိုးကျ ပုံစံလိုပဲ ဖြစ်နေမည် ဖြစ်၏။ မိမိစာကို စောင့်ဖတ်နေသူများ အဖို့ ထိုအချက်ကို ကောင်းကောင်း သတိထားမိနိုင်၏။ ထို ဇုံထဲက ရုန်းထွက်နိုင်ဖို့ လို၏။ မရုန်းထွက် နိုင်လျှင် အရည်အသွေးမပြည့်သည့် စာများသာ ထပ်ထပ် ထွက်လာဖို့သာ ရှိသည် မဟုတ်လား။ ထိုအချက်ကလည်း ပြင်ဆင်ရမည့် အချက် တချက် ဖြစ်၏။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

Steem ဈေး တက်တာ မတက်တာက ဆရာသမားတွေ၊ တာဝန်ရှိသူတွေ နှင့်သာ သက်ဆိုင်ပေလိမ့်မည်။ ကိုယ်ကတော့ ကိုယ့်စာ၊ ကိုယ့်ပိုစ့်များ ကောင်းအောင် အရည်အသွေး ပြည့်မှီအောင် ကြိုးစား ရေးသားနေဖို့ ဖြစ်၏။ အချိန်တန်လျှင် ပန်းတိုင် ရောက်ပေလိမ့်မည်။ သွားနေဖို့သာ လို၏။ steemit သည် လမ်းဆုံး မရှိသည့် ပန်းတိုင် တခုသာ ဖြစ်၏။ သူ့ site ကြီး မပျက်၊ မပျောက်သရွေ့ပေါ့။ မိမိလျှောက်လျှင် လျှောက်နိုင်သလောက် ခရီး ရောက်နိုင်၏။ ကိုဟင် ပြောသလို steemit နှင့် အလားတူ site များ ပေါ်ပေါက် လာခဲ့ပေမယ့် ခုချိန်ထိတော့ steemit ကို ယှဉ်နိုင်သည့် site မျိုးတော့ မတွေ့သေးပေ။

တလောကတော့ Facebook မှာလည်း cryptocurrency base လုပ်တော့မည် ဆိုသည့် သတင်းတက်လာခဲ့သေး၏။ တကယ် ဟုတ်မဟုတ်တော့ မသိပေမယ့် တကယ်သာ သတင်းအမှန် ဖြစ်ခဲ့မယ် တကယ်လည်း လုပ်နိုင်ခဲ့မယ် ဆိုလျှင်တော့ ကောင်း၏။ ကောင်းသည် ဆိုပေမယ့် steemit ပေါ်မှာလည်း သက်ရောက်မှု ရှိလာနိုင်၏။ steemit ကို facebook လောက် လူသိပ် မသိကြသေး၊ အသုံးမများသေးဘူး မလား။ steemit မှ တာဝန်ရှိသူများ အနေနှင့်လည်း steemit platform ပိုမို တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်နေကြပြီ ဖြစ်၏။ ဘာတွေ ဘယ်လို ဆက်ဖြစ်လာမလဲ ကိုတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။ မည်သို့ပင် ဆိုစေ ဘာတွေ ညာတွေ ထပ်လုပ်ဖို့ တွေးထား ဆုံးဖြတ်ရင်း စာတော့ ပုံမှန် ရေးနေဦးမည် ဖြစ်၏။ steem ဈေး တက်ချိန် ကိုယ့်ကို လူလူသူသူ steem power လေး ရှိနေဖို့တော့ လိုသည် မဟုတ်လား။

Don Jaun

MSC 31

Sort:  

ထူးရင် ထူး မထူးရငိတော့ ရူးတော့မှာပဲ

ကျွှန်တော်ဖြင့် ဘာမှကိုး တွေးမရ ။ facebook က ကြော်ငြာတွေအတွက် သူ့ ဝင်ငွေတိုးဖို့ လုပ်မလားဘဲ အရင်တစ်ခါက fb video မှာကြော်ငြာတွေ ထည့်လာတယ် post တေမှာပါ ထည့်ချင်တာလား မတိ ။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63332.97
ETH 3169.28
USDT 1.00
SBD 3.89