Drug War (Chapter 1)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ခုတလော Steemit မှာ DrugWar ခေတ်စားနေ၏။ ကျနော်လည်း ဆော့၏။ သိပ်အကျွမ်းကျင်ကြီး မဟုတ်ပေမယ့် အထိုက်အလျောက်တော့ နားလည်၏။ ခုပိုစ့်သည် ဂိမ်းသဘောတရား၊ ဂိမ်းအကြောင်းကို ပြောပြ ရှင်းပြ လိုခြင်း မဟုတ်ပဲ ထိုဂိမ်းနှင့် ပတ်သက်ပြီး မိမိ တွေ့ကြုံ ခံစားမိသည်များကို ဖောက်သည်ချလိုခြင်း ဖြစ်၏။ ဂိမ်းအကြောင်းကိုကား steemit အသုံးပြုသူ အများစု သိရှိနားလည်နေပြီး ဖြစ်မည်ဟု ထင်၏။

DrugWar မတိုင်ခင်တုန်းက SteemMonster ခေတ်စား၏။ တော်တော်များများ SteemMonster ကို ဆော့ကြ၏။ ကျနော်တောင် ဆော့မလို့ တွေးလိုက်သေး၏။ သို့ပေမယ့် မကစား ဖြစ်လိုက်ပါ။ တကယ်တမ်း ပြောရလျှင် ကျနော်က ထိုကဲ့သို့သော ဂိမ်းအမျိုးအစားများကို ကောင်းကောင်း မဆော့ တတ်ပေ။ အဓိကက စိတ်မ၀င်စားခြင်း ဖြစ်၏။ သို့သော်လည်း steem ရသည် ဆိုတော့ နည်းနည်းတော့ စိတ်ဝင်စားမိ၏။ လေ့လာကြည့်ပြီး ဆော့မည်ပေါ့။ SteemMonster ဆော့တော့မည် လုပ်နေတုန်းမှာ DrugWar ဂိမ်းထွက်လာ၏။ အမှန်တော့ ဂိမ်းက ရှိနေခဲ့တာ ကြာခဲ့ပြီး ဖြစ်၏။ ကျနော်က အသိနောက်ကျနေခြင်းသာ။

ညီမလေး ပြည့်စုံခင်ခင်၏ တိုက်တွန်းမှုနှင့် အနှီ DrugWar ဂိမ်းကို ဆော့ ဖြစ်သွား၏။ အစပိုင်း သိပ်ပြီး နားမလည်ပေမယ့် နောက်ပိုင်း တဖြည်းဖြည်း နားလည် လာခဲ့၏။ အစောပိုင်း ဆော့ကစားသူ နည်းနေတုန်းကတော့ နေ့စဉ် ပြန်ရသည့် Daily Reward က များ၏။ ယခု နောက်ပိုင်းမှာတော့ တနေ့တခြား နည်းလာခဲ့၏။ ဂိမ်းမှာ upgrade လုပ်ဖို့ လိုသည့် အရာများကို မလုပ်လျှင် တဖြည်းဖြည်း ပြန်ရသည့် reward က နည်းနည်း လာ၏။ တချို့ upgrade များကိုက မိမိ ထုတ်လုပ်လို့ ရသည့် Drug, Weapon, Alcohol များနှင့် အဆင့်မြှင့်ယူလို့ ရပေမယ့် အချိန်တော့ စောင့်ရ၏။ အချိန် မစောင့်ပဲ ချက်ချင်း upgrade လုပ်လို၍သော်လည်းကောင်း၊ မိမိ ထုတ်ထားသည့် Drug, Weapon, Alcohol က upgrade လုပ်လို့ ရသည့် ပမဏ မရှိ၊ မပြည့်မီလျှင် လည်းကောင်း DrugWar account ထဲမှမဟုတ်ပဲ ပြင်ပ Steemit account မှ steem များနှင့် upgrade လုပ်ယူလို့ ရ၏။

S90312-175823(1).jpg

လူ့ သဘာဝက နဂိုကကို လောဘကို အခြေခံ၊ အခြေတည်သည်မလား။ ကိန်းဂဏန်းများသည် ကျနော်တို့ကို အမြဲ စွဲဆောင်လေ့ ရှိ၏။ နေ့စဉ် ထုတ်လုပ်မှုကို ဘယ်လောက် ထုတ်နိုင်လျှင် ဘယ်လောက် ပြန်ရမည်၊ ဘာတွေကိုတော့ upgrade လုပ်လို့ ရမည်။ ထိုကဲ့သို့ နေ့စဉ် ထုတ်လုပ်မှု များလိုလျှင် အရင်ဆုံး မိမိ၏ အဆောက်အအုံများကို အဆင့်မြှင့်ထားရမည်။ ထိုနည်းဖြင့် ဂိမ်းက ကျနော်တို့ကို စွဲဆောင် ထား၏။ ဆိုခဲ့သည့်အတိုင်း ကနဦးတုန်းက ဆော့ကစားသူ နည်းနေသေးသဖြင့် တနေ့တနေ့ ပြန်လည် ရရှိမှုက များနေသေး၏။ ယခု နောက်ပိုင်း ဆော့ကစားသူ များလာချိန်မှာတော့ ပြန်လည် ရရှိသည့် အကျိုးအမြတ်က တနေ့တခြား နည်းလို့လာတော့၏။

(15) steem ရင်းနှီးပြီး ဆော့ကစားခဲ့သော ကျနော့် account သည် အစပိုင်းက တနေ့ တနေ့ကို 1 steem လောက် ရနေရာက ယခုအခါမှာတော့ 0.1 steem လောက်သာ ရတော့၏။ ဒါတောင် upgrade လုပ်သင့်သည့် အရာများကို မဖြစ်မနေ လိုက်ပြီး upgrade လုပ်ထား၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ပုံက ကိုဒွန် အကောင့်လား
Drug ထုတ်လုပ်မှု နည်းတော့ ဝင်ငွေ နည်းမှာပေါ့
တိုက်ယူဖို့ ပြင်နေသလားပဲ

Posted using Partiko Android

မတိုက်ပါဘူး။
Drug ထုတ်နည်းတာတော့ ဟုတ်တယ်။
Upgrade လုပ်ရမယ်။

Congratulations @donjaun! You received a personal award!

DrugWars Early Access
Thank you for taking part in the early access of Drugwars.

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

Are you a DrugWars early adopter? Benvenuto in famiglia!
Vote for @Steemitboard as a witness to get one more award and increased upvotes!

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64418.55
ETH 3157.64
USDT 1.00
SBD 4.06