GenesteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ဗီဇ ဆိုတဲ့ အမျိုးက ဖြောက်ဖျက် မရပေ။ မွေးရာပါ သန္ဓေ မဟုတ်လား။ လူသား ရယ်လို့မှ မဟုတ်၊ သက်ရှိ တိုင်းမှာ အနှီ ဗီဇက ပါလာခဲ့ပြီးသား ဖြစ်၏။ ဒီနေရာမှာ လူသားတွေ၏ ဗီဇ အကြောင်းထက် တိရစ္ဆာန်တွေ၏ ဗီဇ အကြောင်းကို ပြောလို၏။ အခြား မဟုတ် ကျနော်တို့ အိမ်မှာ ရှိနေသည့် ခွေးများ အကြောင်း ဖြစ်၏။ မွေးထားသည့် အစား ရှိနေသည့် ဟူသော စကားလုံးကို သုံးထားရခြင်းက ထို ခွေးများကို ကျနော်တို့ မွေးထားခြင်း မဟုတ်သောကြောင့် ဖြစ်၏။ ထိုအကြောင်းကို ကျနော် ယခင် ရေးခဲ့သော် စာများ၌ဖော်ပြခဲ့ပြီး ဖြစ်၏။

ကျနော်တို့ ၀န်းထဲ၌ခွေးကြီး (၄) ကောင်ကျန်ရှိ၏။ အထီး (၂) ကောင်၊ အမ (၂) ကောင် ဖြစ်၏။ ထို အမ (၂) ကောင်က သားအမိ တော်၏။ ထို (၂) ကောင်လုံးက ကလေး မွေးထား၏။ အမေ အမက (၆) ကောင်၊ သမီး အမက (၃) ကောင် ဖြစ်၏။ ကျနော်တို့ မွေးထားသည့် ခွေးများ မဟုတ်ရာကား ခွေးများကလည်း မယဉ်ပေ။ သူ့သူ သာနေကြ၏။ မမွေးထားပေမယ့် အစားတော့ ကျွေးပေးပါ၏။ ထို့ကြောင့် ကလေးမွေးသည့် ကိစ္စမှာလည်း ကျနော်တို့ ထံမှ အကူအညီ တစုံတရာ မယူ၊ မပေးရဘဲ သူတို့ ဘာသာ သူတို့ မွေးကြ၏။ တကောင် တနေရာစီမှာ အဆင်ပြေသလို မွေးလိုက်ကြ၏။

အမေ ခွေးမက လူမကြောက်ပေ။ သမီး ခွေးမကတော့ လူကြောက်၏။ ယခု အချိန် ယခု အရွယ်ကြီး ဖြစ်နေဦးတော့ လူကြောက်နေသေး၏။ အပြင်လူ မပြောနှင့် ကိုယ့် အိမ်ဝိုင်းထဲက လူများကိုတောင် ပြန်ကြောက်နေခြင်း ဖြစ်၏။ အမေ ခွေးမက လူမကြောက်သည့် အပြင် စွာလည်း စွာ၏။ မထင်လျှင် မထင်သလို အိမ်ဝိုင်းထဲက လူများကိုတောင် ဟောင်ချင်နေသေး၏။ တခါတလေ အိမ်ဝိုင်းထဲရှိသည့် ကလေးများကို တောင် လိုက်လိုက်ပြီး စွဲချင်နေသေး၏။ ထိုခွေးမကိုတော့ သတိထားရ၏။ ထို့ပြင် ခွေးထီး (၂) ကောင်ထဲက (၁) ကောင်ကိုလည်း သတိထားရသေး၏။

P90605-110930.jpg

ထို (၁) ကောင်ကလည်း အိမ်ဝိုင်းထဲမှ လူများကိုတောင် ဟောင်ချင် ဟောင်နေသေးသည်ကိုး။ ကလေးများကို ထိုခွေးများနှင့် ပတ်သက်ပြီး သတိပေးထားရ၏။ ကျန်ခွေးထီး တကောင်ကတော့ နားအေး၏။ အိမ်ဝိုင်းထဲက လူများကိုလည်း မှတ်မိ၏။ အကျင့်လည်း ကောင်း၏။ ထိုခွေးက ၀န်ထမ်းအိမ်ရာ ၀န်းထဲမှာ မွေးထားသည့် နောက်ဆုံး လက်ကျန် ခွေးတကောင် ဖြစ်၏။ ဆိုရင်လျှင် သူတကောင်က လွဲပြီး ကျန် (၃) ကောင်လုံး၏ အကျင့်က သိပ်ပြီး မစွံလှပေ။

ယခုလည်း ခွေးမ (၂) ကောင်က မွေးသည့် ခွေးကလေးများ၏ ဗီဇက ပေါ်လာပြီ ဖြစ်၏။ ခွေးမ အကြီးက မွေးသည့် (၆) ကောင်လုံးက လူမကြောက်ပေ။ သူ့အမေလိုပင် မထင်လျှင် မထင်သလို လုပ်မည့် ပုံလေးတွေ ဖြစ်၏။ အကောင်လေးတွေက ငယ်နေသေးလို့လာ။ သမီး ခွေးမက မွေးသည့် ခွေးလေးတွေ ကြပြန်တော့ သူ့ အမေလိုပဲ လူကြောက်၏။ ကြောက်သည်ကမှ တော်တော်လေးကို ကြောက်ကြ၏။ ထိုခွေးလေးများ ကြီးလာလျှင်တော့ မည်သို့ ဆက်ဖြစ်လာဦးမည် မသိပေ။ သေချာတာ တခုကတော့ သူတို့၏ ဗီဇလေးတွေကို ပီပီပြင်ပြင် မြင်ရဦးမည်မှာ အမှန်ပင် ဖြစ်၏။

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

B ဇ ဖြစ်လာသောအခါ A ဇ သည် ဘယ်ရောက်နေသည်မသိ ။ Cဇမှာလဲ အသုံးနည်းသေးသည် ။ D ဇဆိုလျှင် ရှိမန်းပင်မသိ ။ ထိုသို့ဆိုလျှင် Zဇကို ဘယ်လို အဓိပါယ် ဖွင့်ရမည်နည်း ။

ခွေးလေးတွေမွေးထားတဲ့ ခွေးသည်အမေကို ခွေးစအုမလို့ ကျွန်တော်တို့ကခေါ်တယ် အဲ့ခွေးစအုမ အုပ်စုတော့ ကြောက်ရတယ်ဗျ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64223.84
ETH 3158.34
USDT 1.00
SBD 4.29