Ill (Chapter 2)steemCreated with Sketch.

in #myanmar7 years ago

FB_IMG_1527335451652.jpg

ရှေ့ရက်က ဘောလုံးကန်ထားသည့် ဒဏ်တွေက ခုမှ လာစုပြီ ထင်၏။ ကန်နေကြ ဖြစ်ပေမယ့် အိပ်ရေးပျက်ထားတော့ နဂိုထက် ပိုပြီး နုံးသွားခြင်း ဖြစ်မည် ထင်၏။ ထို့ပြင် နေပူထဲမှာ ဆိုင်ကယ်ကို အသွားအပြန် စီးနေရသောကြောင့်လည်း ဖြစ်မည် ထင်၏။ ညနေစာ စားပြီးလျှင်တော့ ဆေးသောက်ထားမှ ရမည်။ ကျနော်ပါ ဖျားလိုက်လို့ မဖြစ်ပေ။ ဖျားတာတော့ ဖျားနေပြီ ဖြစ်၏။ သို့သော် အိပ်ယာထဲ မလဲဖို့တော့ လို၏။ ခဏနေ အမေ တယောက်ထဲ ပင်ပန်းနေပေလိမ့်မည်။

အမေကလည်း ရိပ်မိ၏။ ထို့ကြောင့် ဆေးကြိုသောက်ထားဖို့ သတိပေး၏။ ထမင်းစားပြီးနောက် ဆေးသောက်ပြီး အိပ်ယာထဲ နားနေလိုက်၏။ အိပ်ရေးပျက်ထားပေမယ့် အိပ်လို့က မရနေပေ။ ဒီကြားထဲ တူတော်မောင်က သူ့ English သင်တန်းက စာတွေ လာမေးနေလို့ ပြောပြနေရသေး၏။ ည (၉) နာရီခွဲတော့ အရှေ့အိမ်က နေမကောင်းသည့် အမက ကိုယ်လက်တွေ ကိုက်ခဲနေလို့ သူ့ကို လာ နင်းနှိပ်ပေးပါဦး ဆိုလို့ သွားရသေး၏။ ကိုယ့်ကိုက ညောင်းကိုက်နေပါတယ် ဆိုမှလေ ဆိုပြီး သက်ပြင်းမောချကာ အမကို နှိပ်ပေးရန် အရှေ့အိမ်သို့ ထွက်လာလိုက်၏။

နွေညလေက ယခင်အတိုင်းပင်။ သို့သော် ကျနော့် စိတ်ထဲ ဒီည ပိုအေး နေသလိုပင်။ အင်းလေ … ဖျားနေလို့ ဖြစ်မှာပေါ့။ အမကို နာရီဝက်လောက် နှိပ်ပေးပြီးနောက် ပြန်လာခဲ့၏။ လူလည်း တော်တော် ပင်ပန်းသွား၏။ အိမ်ပြန်လာပြီး ခပ်စောစော အိပ်ရာဝင်၏။ သို့သော် အိပ်မပျော်ပေ။ ညနက်လာ လေလေ ကိုယ်လက်တွေ ကိုက်လာ လေလေ ဖြစ်၏။ အဖျားတက်ပြီ ထင်၏။ လုံးဝ အိပ်မပျော်သွားပဲ မှိန်းလိုက်၊ နိုးလိုက်နှင့်သာ အချိန်ကုန်သွား၏။ မနက် လေးနာရီထိ လူက နိုးလိုက်၊ အိပ်လိုက်နှင့် လုံးခြာလည် လိုက်နေ၏။ မနက် အာရုံတက်ခါနီးမှာတော့ ကျနော့် ငြီးသံကို အမေ ကြားသွားပြီး ဆေးထပ်သောက်ဖို့ သတိပေး၏။

P90411-201414.jpg

သတိပေးရုံတင် မဟုတ်ပဲ အမေလည်း ထလာ၏။ ဆေးကူ ရှာပေး၏။ အစားတခုခု စားပြီး ဆေးသောက်ဖို့ ပြင်၏။ ဆေးသောက်ပြီး အိပ်ယာ ပြန်ဝင်လိုက်၏။ ခဏတော့ အိပ်ပျော်သွားသည် ထင်၏။ သို့သော် ဘ၀က ဖျားနေတာတောင် မသာယာပေ။ မနက် (၉) နာရီလောက်မှာ အမေက လာနှိုး၏။ ဆိုင်ကယ် စီးနိုင်လား ဆရာမ သွားခေါ်ရအောင်၊ မင်း အမ မသက်သာဘူး။ သို့နှင့် ကျနော့်မှာ အိပ်ယာမှ လူးလဲ ထရ၏။ ခန္ဓာကိုယ်က ညတုန်းကထက်တောင် ကိုက်ခဲနေပြီ ဖြစ်၏။

အမက ရှေ့ရက်များက ဆေးခန်း (၂) ကြိမ် သွားပြပေမယ့် မသက်သာပေ။ ထို့ကြောင့် ယခင် ကျနော်တို့ နေခဲ့ဖူးသည့် ရပ်ကွက်မှ ဆရာမကို သွားပင့်ဖို့ လုပ်ခြင်း ဖြစ်၏။ အမေကော၊ ကျနော်ကော ထိုဆရာမကို မပင့်ဖူးပေ။ နေရာလည်း မသိပေ။ ထို့ကြောင့် အမေက ကျနော်နှင့် လိုက်ပြီး ရပ်ကွက်ထဲမှာ ရှိသည့် ထို ဆရာမ၏ အသိနားမှာ ဆရာမ၏ အိမ်ကို မေးပြီး ပင့်ဖို့ ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

တနေ့တာမှတ်တမ်း ကောင်းပါလေစွ

Posted using Partiko Android

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.088
BTC 59366.43
ETH 1561.59
USDT 1.00
SBD 0.42