Infinity Uni

in #myanmar5 years ago

t5n9axz4v5.jpg

October (1) ရက်နေ့ ရောက်သွားပြီ ဖြစ်၏။ Online အထူးသဖြင့် Facebook မှာ ကုတ်သူများနှင့် စည်ကားလို့ နေ၏။ ဘာကုတ်တာလဲ ဆိုက Unicode ပေါ့ဗျာဟု ပြောရပေလိမ့်မည်။ တနိုင်ငံလုံး အတိုင်းအတာနှင့် ပြောင်းလဲကြခြင်း ဖြစ်သည်ဟု ဆိုသဖြင့် တော်တော်လေးကို ဆူညံ ဖုန်ထ နေသည်ဟုတောင် ပြောလို့ ရ၏။ ကုတ်ပြီးသူ အချို့က လိုက်ကုတ်ကြပါဆိုစေ။ အသားမကျသေးသူ အချို့က အဆင်မပြေဆိုပြီး ပြန်ပြီး ဇော်ဂျီ ကြပြန်၏။ လုံးဝ မကုတ်ဘူးကွာဆိုပြီး ပေကတ်နေသူများလည်း ရှိ၏။

ကျနော်လား လောလောဆယ်တော့ ဇော်ဂျီပဲ ဖြစ်၏။ phone ကို Update တင်ပြီးမှပဲ Unicode ပြောင်းတော့မည်။ ဆိုခဲ့ပြီးသည့်အတိုင်း root permission on ပြီးမှ font ပြောင်းလို့ ရမည် ဖြစ်သောကြောင့် update လုပ်ပြီး၊ တင်ပြီးမှပဲ ပြောင်းတော့မည်။ Ota update ကနေ တင်လို့ ရတုန်းလေးပေါ့။ ခုနေ ဇွတ် ပြောင်းလိုက်လို့ ရပေမည့် root permission on ထားလိုက်သဖြင့် Ota update မရတော့ပေ။ firmware update ကို သီးသန့် (တဆင့်ခံ) download ရယူပြီးမှ တင်လို့ ရမည် ဖြစ်၏။ firmware အသစ်တင်လိုက်ပါကလည်း root permission ကော Unicode ကော ပြန်ပျောက်သွားမည် ဖြစ်၏။

mgy6jv2i33.jpg

ထို့ကြောင့် update အရင်တင်လိုက်ပြီးမှပဲ ပြောင်းဖို့ ဆုံးဖြတ်ထား၏။ တော်နေကြာ (၂) ခါမော၊ (၂) ခါ အလုပ်ရှုပ်နေရမည် မဟုတ်လား။ ခုတိုင်းလည်း ဖတ်လို့ ရနေသေးသည်ကိုး။ ကျနော့်အတွက် operator တွေကနေ ပို့သည့် message က သိပ်အရေးမကြီးလှပေ။ မဖြစ်မနေကို ဖတ်ဖို့ လိုလာလျှင်လည်း Zawgyi Uni converter app နှင့် ပြောင်းပြီး ဖတ်လိုက်လို့ ရသည်ကိုး။ phone ထဲမှာ ပါသည့် message က သိပ်လည်း မသုံး ဖြစ်လှပေ။ သူငယ်ချင်းတွေက message ထက် ph ဆက်ပြီး ပြောကြ၏။ Ph message ထက် Facebook messenger ကို ပိုပြီး အသုံးများ၏။

ခုထိ messenger မှာကော facebook မှာပါ Zawgyi နှင့် တင်လို့ ဖတ်လို့ ရနေသေး၏။ အခြား Unicode အသုံးပြုပြီး တင်ထားသည့် စာများကို Zawgyi အသုံးပြုနေသူများပါ ဖတ်လို့ ရနေသေး၏။ Facebook latest version တော့ ဖြစ်ဖို့ လို၏။ ထို့ကြောင့် Unicode ကို လောလောကြီး ပြောင်းသုံးဖို့ မလိုလှသေးဘဲ အေးအေး လူလူ ဇော်ဂျီနေသေးလို့ ရ၏။ ကျနော် ဆိုခဲ့ဖူးသလိုပါပဲ Unicode စနစ် အောင်မြင်လိုပါက တကယ့်ကို လွယ်လွယ်လေး Facebook နှင့် Messenger မှာ Unicode တမျိုးထဲပဲ ခွင့်ပြုလိုက် ခဏအတွင်းမှာပဲ အားလုံး ယူနီကုတ်ကုန်ကြလိမ့်မည်။

ကျနော်လည်း ကုတ်တော့ ကုတ်ပါမည်။ လောလောဆယ်တော့ ဂျီနေပါဦးမည်။ ခင်ဗျားတို့ ကုတ်ထားနှင့်ကြပါ ကျနော့်ကို အားမနာပါနှင့်။ စောင့်မနေပါနှင့်။ ကုတ်သာ ကုတ်လိုက်ပါ။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66761.99
ETH 3256.83
USDT 1.00
SBD 4.27