Just walk even slow

in #myanmar5 years ago

FB_IMG_1527335451652.jpg

Steem နှင့် SBD ဈေးကလည်း အေးချက်က တောင်ကြီးမြို့ အအေးထက် သာ၏။ သဘောင်္ ကျောက်ချထားသလားဟု ထင်မှတ်ရအောင် ငြိမ်သက်လွန်းလှ၏။ ဈေးတက်ရဲ တက်ကြည့်ဆိုပြီးတော့များ ကြိမ်းထားမိလို့ များလားဟုပင် ထင်ရ၏။ ဈေးများ ကျနေသလို MSC တွင်လည်း member တွေ၏ စာရေးအား ကျလျှက် ရှိ၏။ ယခင် (၂) ရက်တခါ promotion ကို နေ့စဉ် promotion အဖြစ်သို့ ပြောင်းလဲပေးလိုက်သည်ကိုသာ ကြည့်တော့။ နေ့စဉ် စာရေးတင်နိုင်ဖို့က လွယ်မယောင်နှင့်ခက် တိမ် မယောင်နှင့် နက်၏။

Steem နှင့် SBD ဈေးကောင်းနေစဉ်တုန်းက မြန်မာ တော်တော်များများ Steemit platform ပေါ်သို့ ရောက်လာကြ၏။ အများစုက ဖွဲမီးတွေသာ ဖြစ်၏။ ခဏတဖြုတ်သာ ထွန်းလင်းသွားကြပြီး အချိန် အနည်းငယ် ကြာပြီးနောက်မှာတော့ မှေးမှိန်သွား၏။ အလွန်မှပဲ စိတ်မကောင်း ဖြစ်ရ၏။ သူများယောင်လျှင် လိုက်ယောင် တတ်သည့် အကျင့်က ရေရှည်မှာ အလုပ် မဖြစ်ပေ။ ဟိုစပ်စပ် ဒီစပ်စပ်နှင့် ဟိုမရောက် ဒီမရောက် ဖြစ်သွားကြတော့၏။ မလုပ်ခင် သေချာ စဉ်းစား၊ သေချာပြီဆိုရင် အစီအစဉ်တွေချပြီး လုပ်ဆောင်လျှင် မဖြစ်စရာ မရှိပေ။ စိတ်သာ ရှင်စောဟု ရှင်တော်ဘုရားက ဟော်တော်မူခဲ့သည် မဟုတ်လော။

တချို့တွေကတော့ ရေရှည်ပိုစ့်တင်ဖို့က မလွယ်ဘူးဟု ပြောလေ့ ရှိ၏။ နည်းလမ်း မသိလို့ပါ။ နည်းလမ်း သိလျှင် လွယ်လွယ်လေးပင်။ လမ်းကြောင်း တခုပေါ် မရောက်ခင်၊ မြေစမ်းခရမ်းပျိုး ကာလတော့ ရှိမှာပဲလေ။ ထိုကာလကို ကောင်းကောင်း ကျော်ဖြတ်နိုင်လျှင်တော့ လမ်းစက သူ့သူ ပေါ်လာပေလိမ့်မည်။ အခွင့်အလမ်းသည် သူ့သူ ရောက်လာလေ့ ရှိသည့် အရာ တခုမဟုတ်ပေ။ တခါတလေတော့ သူ့သူ ရောက်လာတတ်တယ် ဆိုပေမယ့် မိမိက မဖမ်းဆုပ်မိလိုက်လျှင် ထိုအခွင့်အလမ်းကို လက်လွှတ်လိုက်ရပေလိမ့်မည်။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

တခါတလေကျပြန်တော့ အခွင့်အလမ်းကို မိမိ ကိုယ်ကို ရှာဖွေရသည့် အခါမျိုးလည်း ရှိ၏။ တွေ့လျှင် လက်မလွှတ်ပဲ အသေအချာ အမိအရ ဖမ်းဆုပ်နိုင်ဖို့ လို၏။ ချည်စ တစ ရလျှင် ချည်လုံး တလုံး ဖြစ်လာဖို့က သိပ်မခက်တော့ပေ။ အရင်းအနှီး တက်နိုင်သူ ဖြစ်လျှင် steem ၀ယ်ထည့်ပြီး power စုကာ vote bot အဖြစ်ဖြင့်လည်း vote ပြန်ရောင်းစားပြီး လျှောက်လှမ်းလို့ ရ၏။ အရင်းအနှီး မတက်နိုင်ဘူးဆိုလျှင်တော့ မိမိကိုယ်တိုင် ဖန်တီးထားသည့် ပိုစ့်များဖြင့် လျှောက်လှမ်း နိုင်၏။ Quality post တခု ဖြစ်နေလျှင် သင့်ပိုစ့်ကို မည်သူမှ ကျော်သွားမည် မဟုတ်ပေ။ အများ စိတ်ဝင်စားအောင်၊ အများအတွက် ဗဟုသုတ၊ ရသ စသည်ဖြင့် အကျိုးများမည့် အရာတခုခုကို တင်ပြနိုင်ဖို့သာ လို၏။ Global language ဖြစ်သည့် English စာဖြင့် တင်ပြနိုင်လျှင် သာလို့တောင် ကောင်းသေး၏။

Steemit မှာ လျှောက်လှမ်းဖို့ မဖြစ်မနေ စာရေး နိုင်ဖို့ လိုမည်ဟု တထစ်ချ မယူဆထားစေလိုပေ။ စာမဟုတ်ပဲ အခြားနည်းလမ်းများဖြင့် ပိုစ့် ကောင်းများ ဖန်တီးနိုင်သေး၏။ ပန်းချီ၊ ဓါတ်ပုံ၊ ကာတွန်း၊ handmade ပစ္စည်းများ အစရှိသဖြင့် အခြား စိတ်ဝင်စားဖွယ် အကြောင်းအရာ များနှင့် တင်ပြလို့ ရ၏။ ထိုသို့ မဟုတ်လျှင်လည်း DTube တွင် video များ တင်ခြင်း ဖြင့်လည်း လျှောက်လှမ်းလို့ ရ၏။

steemit-702x336.jpg
photo from Google

အောင်မြင်မှုသည် လွယ်လွယ်နှင့် လက်လျော့တတ်သူများထံသို့ ဘယ်သောအခါမှ ရောက်လာလိမ့်မည် မဟုတ်ပေ။ ဖြစ်ပေါ်လာသည့် အခြေအနေများ၊ အခွင့်အလမ်းများပေါ် မူတည်ပြီး မဆုတ်မနစ် စူးနစ်သည့် စိတ်၊ ဇွဲ၊ လုံလ နှင့် ချီတက်လျှင် မိမိ လိုချင်သည့် ပန်းတိုင်ကို မကြာမီ ရောက်ပြီမှာ အသေအချာပင် ဖြစ်၏။ အချိန်တန်လျှင် နွားပိန်ကန်လိမ့်မည် ဆိုသည့် စကားပုံကို တလွဲ ဆံပင်ကောင်း နားလည်ထားလို့ မဖြစ်ပေ။ ကန်နိုင်အောင် အချိန်တန်အောင် မိမိကိုယ်တိုင်က အားထုတ်ဖို့ လို၏။ ထိုအချိန်အတိုင်းအတာ ကို ကျော်ဖြတ်ပြီး အနှီအောင်မြင်မှုနှင့် မိမိထိုက်တိုက်ကြောင်း ပြနိုင်ဖို့ လို၏။

ကြာကြာနားနေလျှင် ပျင်းသွားတတ်၏။ ခဏနေမှ၊ နောက်ရက်မှ ကွာ ဆိုသည့် အတွေးများက သင့်ကို အောင်မြင်မှုနှင့် ဝေးကွာသွားစေ၏။ ခြေလှမ်း တထောင်၊ တသောင်း ရောက်ဖို့ ခြေလှမ်းကနေပဲ စရ၏။ နေ့စဉ် မှန်မှန်လှမ်း ဖြစ်နေဖို့သာ လို၏။ ငါက စိတ်မပါသေးလို့ပါ၊ စိတ်ပါလို့ လုပ်လိုက်ရင် မြန်ပါတယ် ဆိုပြီး စိတ်ကြီး ၀င်နေလို့ မရပေ။ စိတ်ကြီးဝင်သည့် ယုန် ဘာဖြစ်သွားသည်ကို ကျနော်တို့ အားလုံး သိပြီးသား ဖြစ်၏။ ယုန်လို မြန်ပြီး မအိပ်မိ၊ မနားမိပဲ ပြေးနိုင်ခဲ့လျှင်တော့ ပန်းတိုင်ကို ပိုပြီး မြန်မြန်ရောက်မှာပေါ့။ ယုန်လို မလုပ်နိုင်လျှင်တောင် လိပ်လို ဖြည်းဖြည်းမှန်မှန် သွားနေခဲ့လျှင် အချိန်တန်လျှင်တော့ ပန်းတိုင် ရောက်မည်မျှ အသေအချာပင်။ နှေးနေလို့ ဆိုပြီး စိတ်မပျက်ပါနှင့်၊ အားမငယ်ပါနှင့် အဓိကက ရပ် မနေဖို့သာ လို၏။ နှေးချင်နှေးပါစေ ဆက်လျှောက်ကြပါလို့။

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကြာကြာ နားနေမိသလား စာပြန်ရေးပါ့မယ်😁

Posted using Partiko Android

ရေးပါ မမ

တောင်ကြီးမြို့ ရေခဲမှတ်ရောက်သွားနိုင်ပါတယ်ဆာဒွန် အနွေးထည်ကောင်းကောင်းရှာထားရမှာ မရပ်ဘူး လျှောက်တယ် တစ်ခါတစ်ခါပြေးတယ် ခက်တာက ကိုယ်လျှောက်နေတာ ပြေးနေတာက ဘောလုံးကွင်းကြီးဖြစ်နေတော့ ဒီနေရာပဲပြန်ပြန်ရောက်နေတယ်ဆာဒွန်ရ ☺☺☺

ဘာပဲ ဖြစ်ဖြစ် ပြေးလိုက်ရတာပဲ ဟုတ်နေပြီ 😁

နှေးနှေးနဲ့ပဲ လျှောက်နေလို့ spတော့ သိပ်မရသေးဘူး . ..ဟီး

Posted using Partiko Android

ရလာမှာပေါ့ မှန်မှန်သာ သွားပါဗျ

ပျင်းရိသူအတွက်‌ ကံတရားက မျက်‌နှာသာမ‌ပေးပါဘူး။ကြိုးစား‌နေပါတယ်‌ကိုဒွန်‌‌ရေ ။

Right! Fighting Together

တစ်နေ့တစ်လံ ပုဂံဘယ်မရွှေ့

တစ်ခါတစ်ရံ ကြာကြာနားနေမိတယ်
အခု မနားတော့ဘူး ဗျာ

ရေးဗျာ ချချ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64058.80
ETH 3150.15
USDT 1.00
SBD 3.99