Match DaysteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ဒီနေ့ ညနေ Futsal ကန်ရမည် ဖြစ်၏။ အမယ်လေး Futsal ကန်တာများ အထူးအဆန်း လုပ်ပြောနေသေးဟု ဆိုစရာ ရှိ၏။ ဟုတ်ပါသည် သာမန်ပါပဲ သိပ်အဆန်းကြီး မဟုတ်ပေမယ့် နည်းနည်းတော့ ထူး၏။ ကန်နေကျ ရက် မဟုတ်ဘဲ ကန်ခြင်း ဖြစ်၏။ ထို့ပြင် အချင်းချင်း ကန်ခြင်း မဟုတ်ဘဲ အခြား အသင်းနှင့် ချိန်းချက်ပြီး ကန်ခြင်း ဖြစ်၏။ တဖက်အသင်းကလည်း ကျနော်တို့နှင့် အသိတွေပဲ ဖြစ်၏။ တောင်ကြီးမြို့မှာ ရှိသည့် မြတ်တော်ဝင်ဆေးရုံမှ ဆရာဝန်နှင့် အခြား ၀န်ထမ်းများပါဝင်သည့် အသင်းနှင့် ဖြစ်၏။ ယခင်တုန်းက ထိုအသင်းမှာ ကျနော်လည်း ၀င်ကန်ခဲ့ဖူး၏။ ကျနော်က အသင်းတော့ အတော်လေးစုံ၏။

သူတို့် အသင်းက ကန်ကြည့်ဖို့ အရင် စချိန်းလာခြင်း ဖြစ်၏။ ကျနော်တို့ အသင်းမှာလည်း ကန်ကျင့်လေး နည်းနည်း ရလာပြီ ဖြစ်သဖြင့် ကန်ရန် သဘောတူလိုက်၏။ အချင်းချင်းတွေပဲကိုး။ ဒီအတိုင်းကြီး ကန်လျှင် ပျင်းနေမည် စိုးသဖြင့် ကြေးလေးတော့ သတ်မှတ်လိုက်၏။ ကွင်းကြေး ရှင်းပေးကြေး သတ်မှတ်လိုက်၏။ ရှုံးသည့် အသင်းက ကွင်းကြေး ရှင်းပေးရမည် ဖြစ်၏။ တကယ်တမ်း ပြောရလျှင် ကျနော်တို့ အသင်းက တဖက်အသင်းလောက် မကောင်းပေ။ ချိန်းပွဲ အတွေ့အကြုံလည်း သူတို့လောက် မများပေ။ ဒါပေမယ့် Team Work ကတော့ သူတို့အသင်းနှင့် ယှဉ်နိုင်၏။ Futsal မှာ Team Work က အရေးကြီးသည် မဟုတ်လား။

Futsal မှာမှ မဟုတ်ဘဲ လူအများနှင့် အဖွဲ့လိုက် ကစားရသည့် ကစားနည်း အားလုံးမှာ Team Work က အရေးကြီးသည်၊ အရေးပါသည် မဟုတ်လား။ ကျနော်တို့ အသင်းသည် training မရှီပေမယ့် အပတ်စဉ် တပတ် (၂) ကြိမ် ကန်လေ့ ရှိသည့် အတွေ့အကြုံတော့ ရှိသည် မဟုတ်လား။ ထို့ပြင် ယခု လူများနှင့် ကန်လာခဲ့သည်မှာလည်း (၇) လလောက် ရှိလာပြီ ဖြစ်သဖြင့် တယောက်အကြောင်း (တယောက် ကစားပုံကို) တယောက် သိနေပြီ ဖြစ်သဖြင့် သိပ်ပြီး အခြေအနေ မဆိုးလှဟု ထင်မိ၏။ ထင်သည်ဆိုတာထက် ယုံကြည်၏။ ခြေစွမ်းအားဖြင့် ဘာရယ်လို့ မယ်မယ်ရရ ပြောစရာ သိပ်မရှိလှသေးပေမယ့် ကျနော်တို့ အသင်းနှင့် ချိန်းကန်ချင်သည့် အသင်းတွေက အများသားရယ်။

image-0-02-0a-aca7c9cd02ba4e5d2d873cc1ded86f3e2b2278fc5a6d618df04e4867c69a0898-V.jpg

ထိုသို့ ကန်ချင်ကြသည့် အကြောင်းအရင်းက ကျနော်တို့ အသင်း၏ ခြေစွမ်းကြောင့် မဟုတ်ဘဲ၊ ကံစမ်းမဲကြောင့် ဖြစ်၏။ ဟုတ်သည် အခြား Futsal အသင်းများလို အသင်းခြေစွမ်းကြောင့် မဟုတ်ပေ။ တလောက Green Field futsal ကွင်းမှာ လုပ်ပေးသည့် ဆိုင်ကယ် ကံစမ်းမဲကြောင့် မြို့တွင်း အသင်းများကြား ကျနော်တို့ အသင်း နာမည်ထွက်လာခဲ့၏။ လူတွေ သိလာခဲ့၏။ မျက်မှန်း တန်းမိနေသည့် Futsal အသင်းတိုင်း ကျနော်တို့ အသင်းကို သိ၏။ အဓိကက ဆိုင်ကယ် ပေါက်ထားသည့်အသင်း အနေနှင့် သိကြခြင်း ဖြစ်၏။

သို့ကြောင့်ပဲ ကျနော်တို့ အသင်းနှင့် ချိန်းပြီး ကန်လိုသည့် အသင်းများ များနေခြင်း ဖြစ်သည်ဟု ကျနော်ကတော့ ထင်၏။ ဒီအသင်းက ဘာကောင်းတာလဲ ဆိုပြီး စပ်စုကြည့်ချင်တာမျိုးပေါ့။ အစောပိုင်းတုန်းကတော့ ကျနော်တို့ အနေနှင့် ယခုလို ချိန်းကန်ဖို့ အစီအစဉ် မရှိပေ။ ဒီအတိုင်း အချင်းချင်း အပျော်ကန်နေကြခြင်းသာ။ ယခု ချိန်းပွဲကိုလည်း လေးလေးပင်ပင် မတွေး၊ မခံစားနေဘဲ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်သာ ကန်မည် ဖြစ်၏။ ကျနော်တို့ Futsal ကန်ရသည့် ရည်ရွယ်ချက်က ကျန်းမာရေး အရနှင့် စိတ်ပျော်ရွှင်မှုအတွက် ဖြစ်၏။ မည်သို့ပင် ဆိုစေ ညနေ ချိန်းပွဲကိုတော့ သေချာအားစိုက်၊ အာရုံစိုက်ပြီး အကောင်းဆုံး ယှဉ်ပြိုင် ကစားရပေလိမ့်မည်။ ယခု ချိန်းပွဲသည် ကျနော်တို့ အသင်းအတွက် ပထမဆုံး ချိန်းပွဲ ဖြစ်နေသောကြောင့် ဖြစ်၏။ တာထွက်လှဖို့ ကြိုးစားရမည် မဟုတ်လား။

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 63839.42
ETH 3215.37
USDT 1.00
SBD 3.83