May be One DaysteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

Steem ဈေးကတော့ ရက်စက်၏။ ရက်ရက်စက်စက်ကို ရက်ဆက် ဈေးကျနေတော့၏။ ပြန်လမ်းမဲ့ နေရာသို့ ရောက်သွားသလိုပင်။ နည်းနည်းလေးမှ တက်ရိပ်မပြဘဲ တစ တစနှင့်ကို ကျကျလာတော့၏။ ဆိုးလိုက်တဲ့ ဖြစ်ခြင်း။ btc ဈေးက အလွန်အမင်း တက်နေပေမယ့် steem ဈေးကတော့ လိုက်မတက်လာတော့ပေ။ btc ကို မှီခိုနေစရာ မလိုသော coin တခု အဖြစ် ရပ်တည်နိုင်ဖို့ ဦးတည်ထားခဲ့သော ရည်ရွယ်ချက် အောင်မြင်သွားသည်ဟု ပြောလို့ ရမည် ဖြစ်၏။ btc ဈေးပေါ်လိုက်ပြီး တက်ဈေး ကျဈေး ဖြစ်နေသည့် ယခင်တချိန်တုန်းက အခြေအနေများကို ပြန်လွှမ်း၏။

ယခုအခါမှာတော့ steem ဈေးသည် အံသြဖွယ် မယုံနိုင်စရာ ကျလို့နေတော့၏။ ဘယ်လောက်ထိအောင်၊ ဘယ်လိုပဲ ဈေးကျကျ 1steem ကို 1 usd လောက်လေး ဆိုလျှင်တော့ မဆိုးလှပေ။ ထိုထက် မတက်လာခဲ့လျှင်တောင် 1usd အောက်သို့တော့ မရောက်သွားစေလိုပေ။ global အရတော့ မသိပေမယ့် local အနေနှင့် ကြည့်မည်ဆိုလျှင်တောင် နေ့စဉ် သို့မဟုတ် ရက်ခြားလေး active ဖြစ်သူကို မနည်း ရှာနေရ၏။ တော်တော်များများကတော့ steem ဈေးကြောင့် steemit ကို စွန့်ခွာ သွားကြ၏။ ယခင် steem ဈေး ကောင်းနေတုန်းကတော့ steemit မှာ အားလုံး တပြုံးတပျော် တရုန်းရုန်းနှင့်ပေါ့။ ခုတော့။

steem ဈေးသည် ဘယ်အချိန်မှ ပြန်တက်လာမည်ကို မသိပေ။ ဘယ်အချိန်မှာ ပြန်တက်မလာတော့တာလည်း ဖြစ်နိုင်၏။ ယခုလို ပြားဂဏန်းလေးနှင့်သာ ခရီးဆက် နေမည် ဆိုလျှင်တော့ ဘယ်လို ဆက်ဖြစ်လာဦးမည် မသိပေ။ ဒီ platform ပေါ်မှာ လျှောက်လှမ်းမည့် သူများ တဖြည်းဖြည်း နည်းပါးလာပြီး ပျောက်ကွယ်သွားနိုင်၏။ ဈေးက အချိန်ကာလ တခုစာလောက်လေး ကျနေတာ ဆိုလျှင် ကိစ္စ မရှိပေမယ့်။ ရေရှည် အချိန်ကာလ တခုစာအထိ ယခု ဈေးအတိုင်းသာ ဆိုလျှင်တော့ platform ပေါ်မှာ လျှောက်လှမ်းမည့်သူ ဒီထက် နည်းသွားဖို့သာ ရှိတော့၏။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

steemit ကြီး ပေါ်မှာ လူနည်းသွားသလို MSC မှာလည်း လူတွေ နည်းသွားနိုင်၏။ ယခုတောင် လူလေးက ခြောက်တိခြောက်ကပ်ရယ်။ pro တင်သူကလည်း (၁၀) ယောက်ထက် ကျော်သွားသည့် ရက် တရက်မှကို မရှိတော့ပေ။ အများဆုံးက (၅) ယောက်လောက်သာ ရှိတော့၏။ မည်မျှပင် ဈေးကျနေသည်ဆိုပေမယ့် pro လေး ပေးနေတုန်းကတော့ ယူထားသင့်သည် မဟုတ်လား။ ပြောကောင်းပြောကောင်း တချိန်ချိန်မှာ steem ဈေး ပြန်တက်လာလျှင် ကိုယ့်မှာ ထိုက်သင့်သလောက် SP လေး ရှိနေလျှင် မခါးဘူး မလား။

မည်သို့ပင် ဆိုစေကာမူ steem ဈေးကျခြင်းသည် သူ့အလုပ်သာ ဖြစ်၏။ ရေရှည်ကျမှာလား၊ ခဏတဖြုတ်ကျတာလား၊ မကြာခင် ပြန်တက်လာမှာလား အချိန်တန်ရင် အဖြေ ပေါ်လာပါလိမ့်မည်။ ကျနော့် အလုပ်ကတော့ အရင်လိုပဲ စာပုံမှန်ရေးပြီး ပိုစ့် နေ့စဉ် တင်နိုင်နေဖို့သာ ဖြစ်၏။ တချိန်ချိန်ဆိုသည့် အခြေအနေလေးကို မျှော်လင့်ရင်း .....

Don Jaun

MSC 31

Sort:  

တနေ့နေ့တော့....

Posted using Partiko Android

တနေ့နေ့ပေါ့။

ကိုဒုန် steem ဈေးကွက်ကြီးကို ဆွဲတင်ပေးပါ ။

တင်ချင်တာပေါ့အေ
ရရင် တင်ပြီးနေတာကြာပေါ့

ရက်စက်တော့ ရက်စက်ပါ့ အကြီးကြီးရက်စက်ပ

ဟုတ်ပ

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.26
TRX 0.13
JST 0.032
BTC 61133.31
ETH 2887.29
USDT 1.00
SBD 3.64