Me and Pet (Chapter 1)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ကျနော်သည် အိမ်မွေး တိရစ္ဆာန်များနှင့် ပတ်သက်ပြီး သိပ်ပြီး ထူးထူးခြားခြား မရှိလှပေ။ ချစ်လားဟု ပြောလည်း ရသလို၊ မုန်းလားဟု ပြောလျှင်လည်း ရ၏။ ဒါဖြင့် ဘယ်လို ကြီးလဲဆိုက ဒီလိုကြီးပဲ ဟု ပြောရပေလိမ့်မည်။ ကျနော်သည် အိမ်မွေး တိရစ္ဆာန်များကို ချစ်လည်း မချစ်သလို၊ မုန်းလည်း မုန်းပေ။ မင်း မွေးချင်လား ဆိုရင် မမွေးချင်ဟုသာ ဖြေရပေလိမ့်မည်။ သံယောဇဉ် အပိုတခုကို မွေးမြူ ယူသည့် အလုပ် ကျနော် မလုပ်လိုပေ။ ကိုယ့်အကြောင်း ကိုယ်သိ၏။ ကျနော်က သံယောဇဉ် တွယ်မိလျှင် တော်တော်နှင့် ဖြတ်မရသောကြောင့် ဖြစ်၏။ ထို့ကြောင့် မည်သည့် အိမ်မွေး တိရစ္ဆာန်ကိုမှ ကျနော် မမွေးလိုခြင်း ဖြစ်၏။

နိုင်ငံတော်မှ နေ၍ အိမ်မွေး တိရစ္ဆာန် တကောင်ကောင်၊ တမျိုးမျိုး မမွေးမနေရ ဥပဒေ သတ်မှတ်ပြထားလိုက်လို့ပဲ ဖြစ်ဖြစ်၊ တကယ့်ကို မဖြစ်မနေ တကောင်ကောင်တော့ မွေးရမည် ဆိုပါက ခွေးကိုတော့ အိမ်မွေး တိရစ္ဆာန် အဖြစ် ကျနော် မွေးမြူ လိုလှ၏။ အနောက်နှင့် အခြားအခြား သောနိုင်ငံများတွင် အခြား အခြားသော တိရစ္ဆာန်လေးများကို အိမ်မွေး တိရစ္ဆာန် အဖြစ် မွေးမြူလေ့ ရှိကြသော်လည်း မြန်မာ နိုင်ငံ၌မူ ခွေးနှင့် ကြောင်လောက်သာ မွေးကြသည်က ပိုများ၏။ ထို (၂) မျိုးထဲမှ အဘယ်ကြောင့် ခွေးကို ရွေးသနည်းပေါ့။ ရှင်းရှင်းလေး ကြောင် ကို ကျနော် မကြိုက်သောကြောင့် ဖြစ်၏။ ဒါဖြင့် မုန်းလားဆိုတော့ မမုန်းပေ။ ကြောင်ကို မမုန်းလည်း မမုန်း သလို၊ ချစ်လို့လည်း မရပေ။

P81016-164223.jpg

အနှီ ကြောင်နှင့် ပတ်သက်ပြီး ကျနော့်တွင် အမှတ်တရ များစွာ ရှိ၏။ အမှတ်တရ ကောင်းများတော့ မဟုတ်ပေ။ ငယ်ရွယ်စဉ် ကလေးဘ၀တုန်းကတော့ ကြောင်ကော၊ ခွေးကော (၂) မျိုးလုံးကို ချစ်၏။ ကြီးလာတော့လည်း မမုန်းပေ။ သို့သော် ငယ်ငယ်တုန်းကလောက်တော့ မချစ်တော့ပေ။ ကြောင်ကို ချစ်လို့ မရတော့သည့်အထဲမှ ကျနော် ဆိုင်ကယ် ၀ယ်ပြီးသွားချိန်က စတော့၏။ ဤနေရာတွင် ကြိုပြောထားလိုတာ တခု ရှိ၏။ ကျနော်မှ မဟုတ် ကျနော့် အိမ်က အခြား သူများကလည်း အိမ်မွေး တိရစ္ဆာန် မမွေးကြပေ။ ခွေးမွေးဖူးကြပေမယ့် ကျနော် ငယ်စဉ်က ဖြစ်၏။ (၁၀) တန်းကျောင်းသား နောက်ပိုင်းမှာ အိမ်တွင် မည်သည့် တိရစ္ဆာန်မှ မမွေးတော့ပေ။

ဝန်ထမ်း အိမ်ယာ မရခင်မှာ အိမ်ငှားနေရသဖြင့်လည်း မမွေးဖြစ်ခြင်း ဖြစ်၏။ အမေကား အိမ်ငှား ဘ၀နှင့် မည်သည့် တိရစ္ဆာန်မှ မမွေးလိုဟု ဆို၏။ ကျနော်လည်း ထိုနည်း လည်းကောင်းပင်။ လွန်ခဲ့သော် (၄)၊ (၅) နှစ်လောက်ကတော့ ငါးမွေးခဲ့ဖူး၏။ ကိုယ်တိုင် ကိုယ်ကျ ၀ယ်မွေးခြင်း မဟုတ်။ ခင်မင်ရသည့် သူငယ်ချင်း တဦးမှ သူ ရန်ကုန်မှာ အလုပ်သွားလုပ်ရမည် ဖြစ်သဖြင့် သူမွေးထားသည့် ငါးများကို မွေးထားပေး၊ ကြည့်ထားပေးဖို့ အကူအညီတောင်းခြင်း ဖြစ်၏။ ငါးကန်ကော၊ ငါးများကော၊ ငါးစာများကော ပေးထားမည် ကြည့်ထားပေးပါဦး တောင်းပန် နေသဖြင့် ငြင်းမရသည့် အဆုံး ကြည့်ထားပေးမည် ပြောလိုက်ရ၏။

အားလုံး အရန်သင့်ပဲကိုး ကျနော်က နေရာလေး ပေးပြီး အချိန်အနည်းငယ်လောက်ပေးရင် ရပြီကိုး။ (၄)၊ (၅) လလောက်နေလျှင် သူ့ငါးတွေကို သူပြန်ယူမည် ဆို၏။ လောလောဆယ် သူ့အိမ်မှာ ကြည့်ပေးမည့်သူ မရှိသေးသောကြောင့်သာ။ ငါးကတော့ သိပ်အလုပ်မများလှပေ။ သူငယ်ချင်းက သူ့ပစ္စည်းနှင့်သူ အစုံအလင်နှင့်ပဲကိုး။ ကျနော်က အချိန်မှန် ငါးစား ကျွေး၊ ငါးကန် သန့်ရှင်းရေး လုပ်ပေးရုံလောက်ပင်။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

pocketsend:11@donjaun, play around with the token of fun - POCKET!

Successful Send of 11
Sending Account: pode
Receiving Account: donjaun
New sending account balance: 93413
New receiving account balance: 10
Fee: 1
Steem trxid: 9eb69651c826e11013787b8441a1c1ef292f4b97
Thanks for using POCKET! I am running this confirmer code.

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64029.44
ETH 3157.04
USDT 1.00
SBD 4.02