မိုးsteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

မိုးက ယခု ရက်ပိုင်း ဆက်နေပြန်၏။ ကြားထဲမှာ မိုးက ခဏ တဖြုတ် ရပ်သွားသဖြင့် ပုံမှန် ရာသီဥတုများ ဖြစ်သွားပြီလားပေါ့။ သို့ပေမယ့် မဟုတ်ပေ။ မိုးက ခဏ တဖြုတ်သာ ရပ်သွားခြင်း ဖြစ်ပြီး သာပြီး တိုးလို့တောင် ရွာလာသေး၏။ မြေပြင်မှာ မိုးကြောင့် ရေကွက်များနေမှု ဗွက်ထနေမှု စိုရွှဲနေမှုများ ခဏတဖြုတ် ခြောက်သွားအောင် ခဏလောက် တိတ်ပေးလိုက်ခြင်း ပေလားပေါ့။ တကယ်လည်း ထိုသို့ ပြောရလောက်အောင်ပင် မိုးကလည်း တကယ့် မိုးပင်။

အိန္ဒိယ ပင်လယ်ပြင်မှာ ဖြစ်သည့် မုန်တိုင်းသည် အိန္ဒိယနိုင်ငံထဲသို့ ၀င်သွားပြီ ဖြစ်ပေမယ့်လည်း မိုးကတော့ မရပ်သေးပေ။ ကျနော်တို့မြို့ ကျနော်တို့ ပြည်နယ်မှာတော့ မိုးကတော့ မပြတ်ပေ။ အချို့ ပြည်နယ်များ ကြပြန်တော့လည်း မိုးက မရွာပေ။ ဒီနေ့ သတင်း အစီအစဉ်မှာ မကွေးတိုင်းက အချို့ ဒေသများမှာ လုံးဝ မိုးမရွာသဖြင့် သီးနှံများ စိုက်ပျိုး ဖြစ်ထွန်းမှုမှာ အဆင်မပြေမှုများ ဖြစ်နေကြောင်း တင်ပြသွား၏။ ဤအချက်ကတော့ တော်တော်လေးကို ဆိုးသည့် ကိစ္စပင်။

မိုးရွာသည့် ဒေသများမှာ မိုးကောင်းကောင်းသည့် အကောင်းက ရေတွေ ဘာတွေ ကြီးသည့် အထိပင်။ မိုး မရွာသော ဒေသများ ကြပြန်တော့လည်း လုံးလုံးကို မရွာ ဖြစ်နေ၏။ ဥတုရာသီတွေ ဖောက်ပြန်ကုန်ပြီ ထင်ပါ့။ ဥတုရာသီတွေ ဖောက်ပြန်ရသည့် အကြောင်းကလေည်း လူသားတွေ ကြောင့်ပဲ မဟုတ်လား။ ဥတုရာသီသည် လူသားတွေကို လက်စားချေနေသည် ထင်ပါ့။ မိုးက မပြတ်တော့ သွားရလာရ ခက်၏။ အဆင်မပြေပေ။ ဆိုင်ကယ်ပဲ ရှိသော ကျနော့် အဖို့ မိုးကာကြီး တကားကားနှင့် မိုးထဲ လေထဲ သွားနေလာနေရ၏။

P80914-080530.jpg

စာသင် ကိစ္စများ ရှိနေသဖြင့် မိုးထဲ လေထဲ ပေမယ့် မသွားလို့ မလာလို့လည်း မရပေ။ ငယ်စဉ် ကျောင်းသား ဘ၀တုန်းက ဆိုလျှင်တော့ မသွားချင်လည်း မသွားဘဲ နေလို့ ရ၏။ ဟိုဟို ဒီဒီ အကြောင်းပြလို့ ရ၏။ ဆရာ ဘ၀ ဖြစ်သွား၊ ရောက်သွားသော အခါမှာတော့ ကျောင်းသားဘ၀တုန်းကလို မသွားချင်လို့ မလာချင်လို့ ဆိုပြီး လုပ်လို့ မရတော့ပေ။ အကြောင်းပြလို့ မရပေ။ ကျောင်းသားဘ၀မှာ ကိုယ့်ကို စောင့်နေသူက ဆရာ တယောက်လောက်သာ (တခါတလေ သင်ချိန် ရောက်လို့ မရောက်လာလျှင် မစောင့်တော့ဘဲ သင်နေပြီ ဖြစ်၏။)၊ ယခု ဆရာဘ၀မှာတော့ မိမိကို စောင့်နေမည့် သူများက အများသား မဟုတ်လား။ သင်တန်းရှိ လူကုန် အားလုံး မဟုတ်လား။

ထို့ကြောင့်ပင် မိုး ရွာရွာ၊ နေပူပူ ရာသီဥတု ဘာပင် ဖြစ်ဖြစ် သင်တန်းသို့ သွားနေရ၏။ တပည့်တွေ စောင့်နေကြမည် မဟုတ်လား။ ရွာလွန်းသည့် မိုးကို အပြစ်တင်ရင်း ဆိုင်ကယ် မ၀ယ်နိုင်သေးသည့် မိမိ အဖြစ်ကိုလည်း အားမလို အားမရ ဖြစ်နေမိတော့၏။

Don Jaun

MSC 31

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64420.25
ETH 3150.23
USDT 1.00
SBD 3.99