New HerosteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ဒီနေ့တော့ ဂိမ်း အကြောင်း ဆက်ပြောလိုက်ရအောင်ဗျာ။ စကားမစပ် ကျနော် skin ၀ယ်ပလိုက်တယ်ဗျာ။ Tank hero အမျိုးအစား ဖြစ်တဲ့ Belerick ရဲ့ new skin ပေါ့။ အစက ၀ယ်ရင် ကောင်းမလား၊ မကောင်းဘူးလား စဉ်းစားတုန်းပေါ့။ နောက်ကျတော့ discount ချပေးနေတာနဲ့ ကြုံတော့ ၀ယ်ဖြစ်သွားတာ။ စိန် 269 လုံးအစား 169 လုံးပဲ ပေးရတော့ 100 တိတိ သက်သာတာပေါ့။ ဒါနဲ့ပဲ ၀ယ်ဖြစ်သွားတာ။ မဆိုးပါဘူး လေ။ ကိုယ်သဘောကျတဲ့ hero ကို skin အသစ်နဲ့ မြင်ရတော့။ အချို့လည်း skin ကို သိပ်မမက်ကြပါဘူးလေ။ ဒါပေမယ့် အများစုကတော့ skin ကြိုက်ကြတယ်။ လိုချင်ကြတယ်။

မကြိုက်သူတွေကတော့ skin မလိုပါဘူး၊ skill ပဲ လိုတယ် ဆိုပြီး ပြောလေ့ ရှိပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် skill လည်း ရှိ၊ skin လည်း ရှိရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့လေ။ Tank ကိုင်လိုက်၊ Mage ကိုင်ပြီး ဆော့လိုက်နဲ့ အချိန်ကုန်နေခဲ့ရမှာ ယခုအခါ marksman အမျိုးအစား ဖြစ်သည့် hero တောင် ပြောင်းလဲပြီး ဆော့ကစား ကြည့်မိနေသေး၏။ ဘာတဲ့ Yi Sun-shin ဆိုပဲ။ Trail card ကနေ စမ်းဆော့ ကြည့်ပြီး သဘောကျသဖြင့် တပါတည်း ၀ယ်ထားလိုက်၏။ Valir ၀ယ်မယ့် အစား Yi ကိုပဲ ၀ယ်ဖြစ်လိုက်ခြင်း ဖြစ်၏။

ဆော့ကစားလို့တော့ ကောင်း၏။ ယခုထိတော့ marksman နှင့် ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင် မရှိသေးပေမယ့် အထိုက်အလျောက် အတော်အသင့်တော့ ဆော့ကစားတတ်နေပြီ ဖြစ်၏။ Fighter တော့ မဆော့ တတ်သေးပေ။ ကျနော် ကိုယ်တိုင်ကကို support role အားသန်သူ မဟုတ်လား။ လက်ရှိတော့ ယခု ကိုင်နေသည့် heroes အမျိုးအစားများကိုပဲ ကျွမ်းကျင်အောင် လေ့ကျင့်လိုက်ပါဦးမည်။ ဒါမှ Rank တက်မှာ မလား။

S90807-155758.jpg

ယခုတလော Rank ကလည်း အကျဖက်ပဲ သန်းနေ၏။ ပြန်ကို မတက်လာပေ။ ရှေ့ပိုင်းတုန်းက Grand Master 3 ထိ ရောက်ခဲ့ပြီးကာမှ 5 အထိ ပြန်ဆင်းသွားခဲ့၏။ ယခု မနည်းကောင်း ပြန်ဆော့ထားလို့ 4 တော့ ပြန်ရောက်လာပြီ ဖြစ်၏။ သူများ တကာလို အဆင့်မျိုး ရောက်ဖို့တော့ အတော်လေးကို ကြိုးစား ရပေလိမ့်ဦးမည်။ Rank တက်ချင်ခါမှ တွဲဆော့ ရသည့် သူများက တော်တော်လေးကို အဆင်မပြေလှပေ။ တကယ့်ကို ဆိုးဆိုး ရွားရွားပင်။ တခါတလေ အဆဲတောင် ခံရသေး၏။

ကိုယ်မမှားပဲ အဆဲခံရတာလောက် ဆိုးတာ မရှိပေ။ တခု ခံသာသည်က ကျနော်က အသံပိတ်ပြီး ဆော့သူ ဖြစ်သောကြောင့် နှုတ်အားဖြင့် ဆဲဆိုသံကို မကြားရပေမယ့် စားလုံး စကားအားဖြင့် ဆဲဆိုတော့ ခံရသေး၏။ စာရိုက်ပြီးတော့လည်း ဆဲနိုင်သေး၏။ အံသြ ရပါဘိ။ မည်သို့ပင် ဆိုစေ ထိုကိစ္စမျိုးကတော့ ရှိနေဦးမှာပင်။ ထို့ကြောင့် ကိုယ့်ကို Rank တက်အောင် ဆော့နိုင်ဖို့သာ အာရုံစိုက်ထားဖို့ လို၏။ တွဲဖက်ကောင်းလေးများနှင့် ကြုံပါစေဟု မျှော်လင့်ရင်းပေါ့။ ခုတော့ လေ့ကျင့်လိုက်ပါဦးမည်။

Don Jaun

MSC 31

Sort:  

STEM rewards have been removed from this content.

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62559.43
ETH 3092.10
USDT 1.00
SBD 3.86