in #myanmar6 years ago

FB_IMG_1527335451652.jpg

ကျနော့် တနေ့တာ ဖြတ်သန်းပုံက ရိုးရိုးလေးပင်။ စာသင်၊ စာရေး၊ အနားယူ၊ ညရောက်တော့ အိပ် ဒါပဲ ဖြစ်၏။ တခါတလေတော့ သူငယ်ချင်းတွေနှင့် ဆုံပြီး coffee, beer အစရှိသဖြင့် စားကြ သောက်ကြပြီး စကားစမြည် ပြော ဖြစ်၏။ မနေ့ကလည်း ညနေဖက် စာသင်ချိန်ပြီးနောက် သူငယ်ချင်း တယောက်နှင့် ဆုံဖြစ်၏။ ထိုသူငယ်ချင်းနှင့် ဆီချက်ခေါက်ဆွဲ အတူစားပြီး ဟိုဟိုဒီဒီ စကားပြော ဖြစ်၏။ ထို့နောက် ထိုသူငယ်ချင်း၏ အဒေါ်အိမ်သို့ သွား၏။ ယခင်ရက်များကလည်း ထွေထွေထူးထူး လုပ်စရာမရှိက ထို ဒေါ်ဒေါ်အိမ်မှာပဲ coffee သောက် ရင်း စားစရာတခုခု လုပ်စားကြ၏။
သူငယ်ချင်းက Channel Myanmar မှ ဒေါင်းလာသည့် ဇာတ်ကားများကို memory stick ထဲသို့ ပြောင်းပြီး TV ရှိ usb ပေါက်မှာ ထည့်ပြီး ဇာတ်ကားကြည့်ဖို့ ပြင်၏။ ကျနော်တို့ ဒေါ်ဒေါ်အိမ်ရောက်ပြီး နာရီဝက်လောက်နေတော့ မိုးရွာ၏။ ရွာသည်မှ အကြီးကြီး ရွာ၏။ နာရီဝက်လောက် မိုးရွာပြီး တိတ်သွား၏။ ကျနော်တို့လည်း ဇာတ်ကား ဆက်ကြည့်နေကြ၏။ ည (၁၀) နာရီခွဲတော့ သူကော၊ ကျနော်ကော အိမ်ပြန်ဖို့ ပြင်၏။ သူ့အိမ်က ဘုရားဖြူ၊ ကျနော့်အိမ်က ကျောင်းကြီးစု ရပ်ကွက် တောင်စွန်နှင့် မြောက်စွန်ဖြစ်၏။ ဒေါ်ဒေါ်အိမ်က ဈေးပိုင်း (မြို့လယ်) ရပ်ကွက်တွင် ရှိ၏။

သူငယ်ချင်းက ကား (Hi jet) နှင့် လာခြင်း ဖြစ်၏။ ကျနော်က ဆိုင်ကယ်နှင့် ဖြစ်၏။ ဒေါ်ဒေါ်၏ အိမ်ဝိုင်းထဲတွင် ကား (၂) စီး ရပ်ထားသဖြင့် နေရာမရှိသောကြောင့် သူငယ်ချင်းသည် သူ၏ ကားကို ခြံဝိုင်းပြင်မှာ ရပ်ထား၏။ ကျနော့် ဆိုင်ကယ်ကတော့ ခြံဝန်းထဲမှာပင် ရပ်ထား၏။ နှစ်ရောက်သား ခဏရပ် စကားပြော နှုတ်ဆက်ပြီး ကျနော်က ဆိုင်ကယ် အရင်မောင်းထွက်ပြီး ပြန်လာခဲ့၏။ ဆိုင်ကယ်မောင်းပြီး (၁၀) မိနစ်လောက် နေတော့ phone မြည်၏။ အိမ်က ဆက်သည်ထင်၏။ ည (၁၀) နာရီခွဲ၊ (၁၁) ထိုးလျှင် အမေက ကျနော့်ကို phone ဆက်နေကြ။ မပြန်လာသေးဘူးလား၊ ဘယ်မှာလဲပေါ့။ phone ဆက်သူက အမေ မဟုတ်။ အစောက သူငယ်ချင်းပင် ဖြစ်၏။ သူ့ကား စက်နှိုးမရလို့ ဆက်ခြင်း ဖြစ်၏။ ကျနော်လည်း ပြန်ဆင်းလာခဲ့ပေးမယ်ဟု ပြောပြီး phone ချ ဆိုင်ကယ် ပြန်လှည့်လိုက်၏။

FB_IMG_1536670495300.jpg
photo from Facebook

မနက်ကလည်း သူငယ်ချင်း သူ့အိမ်ကအထွက်ကို ကားတွန်းနှိုးခဲ့ရသည် ဆို၏။ တယောက်တည်း တွန်းလိုက်ရတာ မောနေတာပဲ ဟု ဆို၏။ တော်သေးသည် သူ့အိမ်လမ်းက ခပ်ပြေပြေလေး ဖြစ်နေတာ့ တယောက်တည်းလည်း တွန်းလို့ ဖြစ်၏။ နေ့လည်ခင်း အလုပ်နားမှာ ရပ်တုန်းကတောင် လိမ့်ဆင်းလို့ ရမည့် နေရာလေးမှာ ရပ်ခဲ့ရ၏။ သို့နှင့် ညနေ ရုံးဆင်းတော့ ၀ပ်ရှော့ သွားလိုက်သေးသည် ဆို၏။ Battery လဲမှ ရတော့မည်ဟု ၀ပ်ရှော့ ဆရာက ဆို၏။ Battery က ငါးသောင်း၊ ခြောက်သောင်း လောက် ရှိသည် ဆို၏။ သူငယ်ချင်း၏ Battery အိုးထားခဲ့မည် ဆိုလျှင် လေးသောင်း သို့မဟုတ် ငါးသောင်းနှင့် ရမည် ဆို၏။ သူ့ Battery ကို တသောင်းဈေး ဖြတ်ခြင်း ဖြစ်၏။ သူငယ်ချင်းလည်း ပိုက်ဆံ သိပ်မလည်သေးလို့ နောက်မှ လည်မည်ဆိုပြီး ပြန်လာခဲ့သည် ဆို၏။ ယခု ကားစက်နှိုးမရဆိုသည်မှာ Battery ၀ပ်သွားပြန်ပြီ ထင်၏။ တွန်းနှိုးဖို့ လိုသောကြောင့် ကျနော့်ကို လှမ်း phone ဆက်သည် ထင်၏။ ဒေါ်ဒေါ်တို့က အိပ်နေကြပြီ ဖြစ်၏။

သူငယ်ချင်းနား ကျနော် ရောက်သွားတော့ သူ့ကို ကားနားမှာ phone flash မီးလေး ထွန်းပြီး ပတ်ကြည့်နေသည်ကို တွေ့၏။ ဘာဖြစ်တာလဲ ဟု ကျနော်မေးတော့ battery အားမရှိတော့လို့ မနိုးတော့ဘူး ထင်နေတာ၊ ဒိုင်ခွက်မီးလေးတွေတောင် မလင်းဘူး၊ ရေ ဆီ မီတာလည်း မပြဘူး။ ဒါနဲ့ ဆင်းကြည့်တော့ Battery မှ မရှိတာ ဘယ်နိုးမလဲ။ သွားပြီ ကျနော့် battery အခိုးခံလိုက်ရပြီ။ ကျနော် အံအားသင့်သွား၏။ အိမ်ရှေ့မှာ ရပ်ထားသည့် ကားမှ battery ကို ဘယ်လိုများ ဖြုတ်ခိုးသွားပါလိမ့်။ ယခင်ကတည်းက ချောင်းနေသူ ဖြစ်လိမ့်မည်။ သူငယ်ချင်းကလည်း ဒေါ်ဒေါ်အိမ်သို့ လာတိုင်း ကားနှင့် ဆိုလျှင် ထိုကားကို အိမ်ပြင်မှာပဲ ရပ်နေကြကိုး။ ထို့ပြင် သူ့ကား Battery ကလည်း မမြင်ကွယ်ရာမှာ မဟုတ်ပဲ မြင်ရသည့် နေရာမှာ ဖြစ်နေတော့ ခိုးချင်သူ အဖို့ အရံသင့်ဖြစ်လို့ နေ၏။

အိမ်ပြင်မှာ ရပ်ထားပေမယ့် ခြံပြင်သို့ အ၀င်အထွက် လုံးဝ ပြတ်သွားခြင်း မျိုး မဟုတ်ပေ။ လူအ၀င် အထွက်တော့ ရှိ၏။ ကျနော့် အထင်တော့ မိုးကြီးကြီး ရွာတုန်းကများ ထီးဆောင်းပြီး ဖြုတ်သွားသလားပေါ့။ မည်သို့ပင် ဆိုစေ ကားတွင် battery မရှိတော့တာတော့ အသေအချာပင်။ ဒေါ်ဒေါ်တို့ မိသားစုလည်း နိုးလာကြ၏။ သို့နှင့် ဒေါ်ဒေါ် အမျိုးသားက ကား စီယာတိုင် ကိုင်ပြီး သူငယ်ချင်းနှင့် ကျနော်က နောက်က တွန်းပြီး battery မရှိတော့သည့် ကားကို ခြံဝန်းထဲသို့ သွင်းဖို့ ပြင်ရတော့၏။ နဂို ရှိနေပြီးသော ကား (၂) စီးကြောင့် နေရာတော့ နည်းနည်းကြပ်၏။ သို့သော် အိမ်ဝိုင်းထဲ သွင်းခဲ့မှ ရမည်။ နိုမို့ ခြံပြင်မှာ ရပ်ထားခဲ့လျှင် မနက်လင်းလျှင် ကားအခွံကြီးသာ ကျန်နေလိမ့်မည်။

FB_IMG_1536670341634.jpg
photo from Facebook

Mandalay မှာ အလစ်သုတ်၊ ခိုးဆိုးလုနှိုက်များ ထူပြောနေသလို၊ Taunggyi တွင်လည်း ယခုလို ခိုးမှုလေးများ မကြာ မကြာ ဖြစ်နေ၊ ကြားနေရ၏။ တလောက ဆို လူတယောက် သူ့ဆိုင်ကယ် ပျောက်လို့ ဆိုပြီး online မှာ တင်ပြီး တွေ့လျှင် အကြောင်းကြားပေးပါ ဆိုပြီး တင်ဖူး၏။ ခြံဝန်းထဲမှာ ရပ်ထားသည့် ဆိုင်ကယ်ကို ခြံဝန်းသော့ ဖွင့်ပြီး ၀င်ခိုးသွားခြင်း ဖြစ်၏။ ထို့ပြင် အနှီ သူခိုးက ခြံဝန်းတံခါးကိုတောင် သော့ပြန်ခတ်သွားပေးသေး၏။ တော်တော် စိတ်ချရသည့် သူခိုးပင်။ Click ဘီးနှင့် ယိုးဒယား 125 ဘီးများ အပျောက်များ၏။ ပျောက်လျှင်လည်း ပြန်မရ၊ ပြန်မတွေ့သည်က များ၏။ သူခိုးများသည် လူစု၊ လူဝေး အချိတ်အဆက်များနှင့် လုပ်နေကြခြင်း ဖြစ်၏။ ထိုလူများကို ရဲများက မဖမ်းမိ၊ မဖမ်းနိုင်ဘူးလား ဟု ကျနော် တွေးတောနေမိ၏။

အတွေးများနေလို့ မဖြစ်သေး။ ခြံဝန်းထဲ ကားသွင်းပြီးနော် သူငယ်ချင်းကို ကျနော် လိုက်ပို့ပေးရပေလိမ့်ဦးမည်။ ဒီနေ့တော့ ဆိုင်ကယ် အဝေးကြီး၊ အကြာကြီး မောင်းရပေလိမ့်ဦးမည်။

Don Jaun

MSC 31

Sort:  

အိပ်သာအိပ်ပါ အိပ်ရေးဝမှ ကျန်းမာမှ ဆိုင်တစ်စီးလောက်ပျောက်သွားလည်း Steem 100000 လောက်ရတော့ ပြန်ဝယ်စီး....

ဗုဒ္ဓေါ 😂

သူခိုးဖမ်းချင်လျှင်မည်သူကိုအရင်စစ်မေးရမည်နည်း?

သား မပြောရဲဘူးရယ် 😂

ကိုဒွန်ကို မခိုးသွားသေးဘူးလား ... အထုပ်ပြင်စောင့်နေတာနော် သူခိုးက မလာနိုင်သေးဘူးပေါ့ 😁

ဟုတ်တယ် ခိုးမည့်ခိုး ကိုဒုန်ကြီး ခိုးသွားသင့်တာပါ ။

ကိုယ့်ကို မခိုးဘူး
မိသား ဖသား ပီပီ လာတောင်းမှာ 😂

ဟုတ်ပ ခိုးတဲ့သူက တော်တယ်နော်

တော်ချက် ပြောမနေနဲ့
သိတောင် မသိလိုက်ဘူး

မန်းမှ တောင်ကြီးသို့ ကူးစက်ခြင်းပ

ဒီ​ကောင်​​တွေအလစ်​​ချောင်း​နေတာဖြစ်​မယ်​...လစ်​ရင်​တစ်​ခါတည်းယူမို့....

ဟုတ်မယ်

ည... အိပ်ပျက်ညတွေ များပြီ... ဘယ်လိုလုပ်ရမလဲ...
Steem အေ ကြာင်း တွေးရင် .. အိပ်မရသူပါ...😁😁😁

Steem,ဈေးတက်မှ အိပ်ရမယ်
အမြဲစောင့်နေသူ 😂

စီးပွား‌ရေး အဆင်‌မေ ပြ ခြင်းရဲ့ ဒဏ်‌‌တွေ‌ပေါ့။

မှန်တာပေါ့ အကိုရယ်

ကိုယ့်ပစ္စည်းကို လုံခြုံအောင်ထားတာတောင် ခိုးခံရတယ် ကိုဒွန်ရေ

ဟုတ်တယ် မစုရေ

နိုင်ငံအနှံ့လုယက်ခိုးဆိုးနေတာတွေ ကြုံနေရပါပကော ဆာဒွန်ရယ်

ဟုတ်ပ ကိုစိုးရယ်
ကျနော့် နှလုံးသားလေးတောင် ခိုးယူသွားခံရမှာကို စိုးရိမ်နေရတယ်

အပုပ် အသိုးတွေဆို စိတ်မဝင်စားတတ်ကြပါဘူးလေ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62432.37
ETH 3003.22
USDT 1.00
SBD 3.78