Please Come InsteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

တနေ့ကို စာတပုဒ် ရေးမည် ဆိုပြီး တွေးထားခဲ့ ရည်ရွယ်ခဲ့၏။ တကယ့်တကယ်ကျ မလွယ်လှပေ။ ယခင်က (၂) ရက်ကို တပုဒ်ပဲ ရေးခဲ့တာကိုး။ Daily promotion ဖြစ်သွားပြီးနောက်ပိုင်းမှာ တရက်ကို တပုဒ် ရေးနိုင်အောင် ကြိုးစားတော့၏။ power စုရမည် မဟုတ်လား။ အချိန်ရလျှင် ရသလို စုထားနိုင်ဖို့ လို၏။ ယခုလို ဈေးကျနေချိန်ဆို ပိုပြီးတော့တောင် စုထားသင့်၏။ steem ဈေးကောင်းနေတုန်းက ကျနော်တို့ အားလုံး နီးပါး တက်တက်ကြွကြွနှင့် စာများ အပြိုင်အဆိုင် ရေးတင်ကြသည် မဟုတ်လား။

ထို steem ဈေးကောင်းစဉ်တုန်းက ကျနော်တို့ SP သိပ်ပြီး မရသည်ကို အားလုံး သတိထားမိကြမည် ထင်၏။ ဈေးကောင်းသည့် အချိန်မျိုးမှာ SP စုရခက်၏။ ထိုအချိန်မျိုးက ရောင်းစားလို့သာ ကောင်း၏။ ဆိုလိုချင်သည်က ဈေးကျနေချိန် စုထားပြီး ဈေးတက်မှ ထုတ်ရောင်းဖို့ သင့်၏။ ဈေးတက်နေချိန်တုန်းက vote တချက်က တချက်ဆို တချက် သိသာသလို ဈေးကျနေချိန်မှာလည်း သိသာပါ၏။ ဈေးကျချိန် SP စုထားနိုင်ခဲ့လျှင် ဈေးပြန်တက်လာချိန်မှာ မိမိ၏ vote တချက်ကြောင့် ရလာမည့် reward ပမာဏလည်း တက်လာနိုင်မည် မဟုတ်လား။

ကျနော်တို့ အများစုက ဈေးကောင်းနေချိန်ကိုသာ ပိုပြီး နှစ်သက် မျှော်လင့်ကြ၏။ ထိုအချိန်မှာပဲ အလုပ်လုပ်လို၊ စာရေးလိုကြ၏။ ထိုအချက်က မှား၏။ အမြဲ တက်ဈေး မရှိသလို၊ အမြဲလည်း ဈေးမကျနေဘူး မလား။ ဥပမာ BTC ကိုပဲ ကြည့်။ ဈေးတက်ချိန်တုန်းက ကြောက်ဖို့ ကောင်းအောင် စံချိန်တင် ဈေးတက်ပြီး ကျချိန်ကြပြန်တော့လည်း သူမဟုတ်သည့်အတိုင်း ထိုးပြီးကျတော့၏။ သူ တက်တာ ကျတာက အကြောင်းအဟုတ် အခြား crypto coin များလည်း လိုက်တက်၊ လိုက်ကျတော့၏။ BTC ၏ လွှမ်းမိုးမှုက မသေးဘူးကိုး။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

BTC ဈေးကောင်းတုန်းက steem ဈေး လိုက်ကောင်းပြီး BTC ကျတော့ steem ဈေးလည်း လိုက်ကြသည် မဟုတ်လား။ ဈေးကတော့ အတက်အကျ ဖြစ်နေမှာပဲလေ။ ဒါက သူ့သဘော သဘာဝ မဟုတ်လား။ မိမိက မိမိ လုပ်စရာ ရှိသည်ကို လုပ်နေဖို့ လုပ်၏။ ဈေးကောင်းမှ စာရေးတော့မည် ဆိုသည့် အတွေးမျိုး ရှိနေလျှင်တော့ ဈေးပြန်ကောင်းလာချိန် နောက်ကျသွားနိုင်၏။ အခြားသူများက မိမိထက် SP များနေသည့် အခြေအနေ ဖြစ်သွားနိုင်၏။ မအားလို့ ဆိုပြီး ကျနော်တို့ စာမရေးဖြစ်၊ ပိုစ့်မတင် ဖြစ်သည်ကို အကြောင်းပြလေ့ ရှိ၏။

အမှန်တော့ အလေ့အကျင့်ပင်။ တချို့အကျင့်များက လုပ်ယူ၊ မွေးယူရသည် မဟုတ်လား။ အစပိုင်းတော့ စာတပုဒ်၊ ပိုစ့် တပုဒ် ဖြစ်ဖို့ တော်တော်လေး အချိန်ယူရ၊ အချိန်ကြာသည်မှာ သဘာဝပင်။ သို့ပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်း လွယ်ကူ၊ မြန်ဆန်လာ မည်ဖြစ်၏။ ဤအချက်ကိုတော့ Steemit ပေါ်မှာ (၆) လ၊ (၇) လလောက် ဖြတ်သန်းပြီး မကြာ မကြာ ခပ်မှန်မှန်လေး ပိုစ့်ရေးတင်နေကြသူတိုင်း သိကြ၏။ ကြုံလည်း ကြုံဖူးကြ၏။ ကိုဟင် ပြောသလိုပင် လူသစ်များကို ခေါ်သွင်း၊ လက်ခံ ရသည်က လွယ်၏။ သွေးအေးသွားသော လူဟောင်းများကို တဖန်ပြန်လည် အသက်သွင်းဖို့က ခက်၏။ ဘာနှင့်တူလည်း ဆိုလျှင် ဂစ်တာကို လုံးဝ မတီးတက်သေးသူနှင့် တက်ရောင်ကား ဟိုစပ်စပ် ဒီစပ်စပ် တီးတက်သူကို ဂစ်တာတီး သင်ပေးရသည့် ပုံစံနှင့် တူ၏။

သွေးအေးသွားသော ကျနော်တို့၏ အမျိုးများကို ပြန်လည်ပြီး တက်ကြွလာစေလို၏။ မိမိ စိတ်ပေါ်ပဲ မူတည်၏။ တံခါးက ရှေ့တည့်တည့်မှာ ရှိပြီးသား၊ ထိုတံခါးကို ယခင်ကလည်း တွန်းဖွင့် ၀င်ခဲ့ဖူးပြီးသား၊ တံခါးကလည်း သော့ဖွင့်ထားပြီးသား။ ထို့ကြောင့် နောက်တခါ ထပ်ဝင်ဖို့ အလွယ်လေးပဲ မဟုတ်လား။ ၀င်ချင်လည်း မိမိ၊ မ၀င်ချင်တာလည်း မိမိပင်။ ထို့ကြောင့် ပြောနေ၊ ပြနေသည့် အကြောင်းပြချက်များကို ခဏ ဘေးချိတ်ပြီး မိမိကိုယ်ကို မိမိ တွန်းအားပြန်ပေးပြီး တံခါးကို အသာတွန်းဖွင့်ပြီး ၀င်လာဖို့ တိုက်တွန်းချင်ပါ၏။ ၀င်သာ ၀င်လာခဲ့ပါ တံခါး ဟိုဖက်မှာ ကျနော်တို့ ရှိနေမှာပါ။

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ခုတော့ သွေးနည်းနည်းပြန်ပူနေပြီ။စာနည်းနည်း ပြန်ရေးနေပြီ...ဟီး...။

Posted using Partiko Android

သွေးပူလေ့ကျင့်ခန်းလေးတွေ ဆင်းနေပါတယ်

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60870.66
ETH 2917.09
USDT 1.00
SBD 3.62