စိတ်ဓာတ် (Chapter 1)

in #myanmar5 years ago

FB_IMG_1527335451652.jpg

တနေ့က အေးသာယာမြို့အနီး ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ကုန်တင်ကားကြီး တစီး တိမ်းမှောက်၏။ ယာဉ်မောင်း သေသွားသည်ဟု သိရ၏။ ယာဉ်တိမ်းမှောက်တာများ ထူးထူးဆန်းဆန်း လုပ်ပြောနေ ဟု ဆိုချင် ကြပေလိမ့်မည်။ မထူးဆန်းသည့် သာမန် ဖြစ်စဉ် ဆိုပေမယ့် ဆန်းနေသည်က မှောက်သော ကုန်ကားသည် ဘီယာဗူးများ တင်လာသောကြောင့် ဖြစ်၏။ သာ၍ထူးဆန်းသည်က ထိုကားမှောက်ပြီးနောက် လာရောက် ကြသော လူများ၏ အပြု အမူများပင် ဖြစ်၏။

ယာဉ်တိမ်းမှောက်သဖြင့် ဘီယာများဗူးများ ကတ်ဖာဗူးများထဲကနေ ပွင့်ထွက်ကုန်ကြ၏။ ပြန့်ကျဲနေသည့် အနှီဘီယာဗူးများကို လာရောက် ကြည့်ရှုကုန်သော လူအများက ၀ိုင်းဝန်း ကောက်ပေး၏။ အော် ချစ်ဖို့ ကောင်းလိုက်သည့် မြန်မာလူမျိုးများပါလား။ တဖက်သားကို ဤသို့ ကူညီတတ်သော လူများပါတကားပေါ့။ သူတို့သည် ခဲရာခဲဆစ်နှင့် ပေါက်ပြဲနေသော ကတ်ဖာများထဲမှ မပြဲသော၊ ကောင်းနေသော ကတ်ဖာများ၊ ပိန်လိမ် ပေါက် နေသော ဘီယာဗူးများထဲမှာ မပေါက်ပဲ အကောင်းအတိုင်း ရှိသော ဘီယာဗူးများကို ၀ိုင်းဝန်း ရှာဖွေပေးကြ၏။

ရှာဖွေလို့ ရသည့် ဘီယာဗူးများကို အချို့က ဆာလာအိတ်ကြီးများနှင့် ထည့်၏။ အချို့ တပိုင်တနိုင် ကြွပ်ကြွပ်အိတ်လေးများနှင့် ထည့်၏။ ထို့နောက် အလိုရှိရာ ခရီးသို့ ဆက်သွားကြ၏။ ထည့်ပေးထားသည့် ဘီယာဗူးများကို ထားခဲ့ပြီး သွားသည် မဟုတ်၊ ထိုဗူးများ ထည့်ထားသည့် အိတ်များကိုပါ တပါတည်း ယူသွားကြခြင်း ဖြစ်၏။ အို ဘယ်လိုကြီးလဲပေါ့။ ကျနော် မယုံပေ။ သို့သော် ဓါတ်ပုံများ နှင့်တကွ တက်လာတော့ မယုံလို့ မရတော့ပေ။

FB_IMG_1543405939630.jpg
photo from Facebook

မြန်မာလူမျိုးတွေ ဘာတွေများ ဖြစ်ကုန်ပြီလဲ။ တဖက်မှာ ယာဉ်မောင်းက အသက်သေဆုံးသွားပြီ ဖြစ်၏။ လူအများက ထိုအချင်းအရာသည် မိမိနှင့် မဆိုင်သည့်အလား အေးအေးလူလူပင် မိမိ အလိုရှိရာကို ယူဆောင်ကုန်ကြ၏။ သေဆုံးသွားသူသာ မိမိ ဆွေမျိုးသားချင်း ထဲက ဖြစ်လျှင် ထိုသို့ ပြုမူ နေနိုင်ပါဦးမည်လား။ ကိုယ်ချင်းစာ တရားများ ဘယ်သို့ ရောက်ကုန် သနည်း။ ယခု ဘီယာဗူးများသည် ပံ့သကူ ပစ်ထားခြင်း မဟုတ်ပေ။ ပိုင်ရှင် ရှိ၏။ မည်သို့ပင် လမ်းပေါ်မှာ ကျနေပါစေ မကောက်သင့်။ မိမိအတွက် မဟုတ်ပဲ ပိုင်ရှင်အတွက် ပြန်လည် သိမ်းဆည်းရ လွယ်အောင် ကောက်ပေးသည် ဆိုလျှင်တော့ တမျိုးပေါ့။ ခုက ထိုသို့ မဟုတ်ပေ။

ဆရာ မောင်သာချို၏ စာပေ ဟောပြောပွဲလေး တခုမှာ ပြောကြားခဲ့သည့် စကားလေးကို အမှတ်ရမိ၏။ ဆရာ မောင်သာချို စာပေ ခရီးစဉ်နှင့် ဂျပန်ကို ရောက်၏။ သွားရင်း လာရင်းနှင့် သူတို့ အဖွဲ့ထဲမှ တယောက်က ပစ္စည်းအိတ် တခု ကျန်ခဲ့၏။ ပစ္စည်း ပိုင်ရှင် စိတ်ပူသွား၏။ အရေးကြီးသည့် ပစ္စည်းများ ပါသော ကြောင့် ဖြစ်၏။ လိုက်ပို့ပေးသည့် နယ်ခံက စိတ်မပူရန်နှင့် မိမိ ပျောက်ခဲ့၊ ကျန်ခဲ့သည့် နေရာမှ သွားပြန် ကြည့်ရန် ဆို၏။ ထိုနေရာမှာ မရှိခဲ့လျှင်တောင် စိတ်ပူစရာ မလိုဟု ဆို၏။ နီးစပ်ရာ ရဲစခန်း၊ ရပ်ကွက် လုံခြုံရေး ဌာနများသို့ သွားရောက်ပြီး မေးမြန်း စုံစမ်းလျှင် ပြန်ရပါလိမ့်မည်ဟု ဆို၏။ ထိုအခါ ဆရာ မောင်သာချိုက မင်းဟာက သေချာလှချေလားဆိုတော့ ဂျပန်မှာ ပစ္စည်း အခါ တရာ ပျောက်ရင် အခါ တရာလုံး ပြန်ရတယ်။ အခါ တသိန်း ပျောက်ရင်လည်း အခါတသိန်းလုံး ပြန်ရတယ်။ ဆရာ မယုံရင် ဆရာ့လက်မှာ ပတ်ထားတဲ့ လက်ပတ်နာရီကို ဒီနားမှာ ချထားခဲ့ မလား ဟု ထို နယ်ခံက ရဲရဲဝံ့ဝံ့ တထစ်ချ ဆို၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မြန်မာတွေ စိတ်ဓာတ်ရေး ပျော့ညံ့လာပါပြီး

Posted using Partiko Android

ဟုတ်ပ ဗျာ

တစ်ချိန်တုန်းက မြန်မာမှာလည်း ဂျပန်လို ဖြစ်ခဲ့ဖူးပါတယ်။ ဆရာကြီး ဂိုအင်ဂါ ရေးတာ ဖတ်ဖူးတယ်။

အဲ့ အချိန်လို မျိုး ပြန်ရောက်ချင်မိတယ် ဗျာ

အောက်တန်းကျကုန်ကုန်ကြပြီ၊အမြီးကျက်အမြီးစား

Posted using Partiko Android

အောက်တန်းကျကုန်ကုန်ကြပြီ၊အမြီးကျက်အမြီးစား

Posted using Partiko Android

ဆိုးလှတယ်ဗျာ

မယုံရင် ဆိုင်ကယ်လေး သော့တန်းလန်းနဲ့ မန်းလေးထားခဲ့ကြည့်ပါလား

ထားရဲဘူး။
မန်း မပြောနဲ့ တောင်ကြီးမှာတောင် ထားရဲဘူး

စိတ်ဓာတ်တွေ

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64107.21
ETH 3073.84
USDT 1.00
SBD 3.88