Sleep Time (Chapter 4)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ယခု နောက်ပိုင်း ညဖက် ခရီးသွားဖြစ်လျှင် ဘာကြောင့်ရယ် မသိ၊ ကား အတန်ငယ် မူး တတ်၏။ ယခင်က ထိုသို့ မဖြစ်ဖူးပေ။ ထို့ကြောင့် ညဖက် ခရီးသွား ဖြစ်သည့်အခါမျိုး ထမင်းစား နားလျှင် ABC တဗူးလောက်တော့ သောက်လိုက်၏။ ကားမူးတာတော့ မခံပေ။ ကိုယ့်ကိုသာ မူးအောင် လုပ်လိုက်၏။ တချို့က ဆို၏။ မသောက်ပဲ မူးတာ တန်နေပြီပဲလေပေါ့။ အမှန်တော့ ထို (၂) ခု မူးပုံခြင်းက လုံးဝမတူပေ။ သင်သာ ယမကာ တခုခု သောက်တတ်သူ ဖြစ်ပြီး ကားလည်း မူးတတ်ပါက ထိုအချက်ကို ကောင်းကောင်းကြီး လက်ခံ သဘောတူပေလိမ့်မည်။ ထားတော့။ ထို့ကြောင့် ထိုသို့ ကားမူးခြင်းကို မကြိုက်ရာကား ကိုယ့်ကို မူးဖို့ ကြံရတော့၏။ အမှန်တော့ တဗူးထဲနှင့်လည်း မမူးပေ။ ဘယ်လိုမှကို မနေပေ။

မိမိ စိတ်ကို မိမိ နှစ်သိမ့် စေခြင်းငှာ သောက်လိုက် ခြင်းသာ ဖြစ်၏။ ယခင် က ခရီးထွက်လျှင် တဗူးသာ သောက်လေ့ ရှိသော်လည်း ယခု အခါ ဗိုက်ကလည်း ဆာနေပြီ ဖြစ်သဖြင့် ထမင်းလည်း စားမည် တွေးလိုက်ရကား ABC ကို တလုံး မှာမိလိုက်၏။ ထို့ကြောင့်ပင် ငါးပါး မှောက်တော့၏။ ကျနော် မှာထားသည့် ထမင်းကြော် ပန်းကန်ကလည်း အကြီးကြီး၊ ထို ပန်းကန် အကြီးကြီးထဲမှာ ထည့်ထားသည့် ထမင်းကြော်ကလည်း သိပ် အစားမကြီးသူ (၂) ယောက်လောက် အသာလေး စားလို့ ရ၏။ ကျနော့်မှာ ထို ထမင်းကြော်ကြီးနှင့် ABC တလုံးကို မနည်း ဖြိုယူလိုက်ရ၏။

ယာဉ် ရပ်နားချိန် နာရီဝက်၊ ထိုဆိုင်သို့ ကျနော်၏ လမ်းလျှောက်သွားရချိန်တို့ကို နှုတ်လိုက်သော် ကျနော့်အတွက် ထမင်းစားချိန်က မိနစ် (၂၀) လောက်သာ ကျန်တော့၏။ ကျနော့်မှာ ထို ရသည့် အချိန်လေး အတွင်း မည်သို့ မျိုလိုက်မှန်းကို မမှတ်မိတော့ပေ။ အစားဆိုလျှင် အမြဲ ကုန်အောင် စားတတ်သော ကျနော်သည် ယခု အခါမှာတော့ ကုန်အောင် မစားနိုင်တော့ပဲ ချန်ထားခဲ့ရ၏။ ထမင်းကြော် မကုန်ပေမယ့် ဘီယာ တလုံးလုံးတော့ ကုန်သွား၏။ ဘီယာ ကို ဦးစားပေးဖို့ ထမင်းကြော်ကို ချန်ထားခဲ့ရခြင်း ဖြစ်၏။ နောက်တချိန် ခရီးသွား စရာ ရှိလျှင် အနှီ ဘီယာ သောက်သည့် အချိန်အဆကို သေချာလေး ပြင်ဆင် တွက်ချက် ဖို့တော့ လိုပေလိမ့်မည်။

P90211-213159.jpg

အလျှင် အမြန် စားသောက် ပြီး သကာလ ကားဆီသို့ ဖုတ်ပူ မီးတိုက် ပြေးရပြန်၏။ ခဏနေ အခြား ခရီးသည်များ ကျနော့်ကို စောင့်နေရလျှင် မကောင်းပေ။ ကံကောင်းထောက်မစွာ သတ်မှတ်ချိန်ထက် နောက်မကျပဲ ကျနောက် ကားနားသို့ ပြန်ရောက်သွား၏။ သို့သော် ခရီးသည် အားလုံးကတော့ ကားပေါ် ရောက်နေပြီ ဖြစ်၏။ ကျနော်လည်း ကားပေါ်သို့ အလျှင် အမြန် ပြေးတက်သွားဖို့ မိိမိ နေရာမှာ ထိုင်လိုက်၏။ ထို့နောက် အစောက ခပ်မြန်မြန် စားခဲ့ သောက်ခဲ့ရသော ထမင်းကြော်နှင့် ABC တို့ သူ့နေရာနှင့် သူ အထိုင်ကျသွားစေရန် သက်တောင့် သက်သာလေး ထိုင်ပြီး ကြိုးစားရတော့၏။

ဒီတခေါက် ခရီးစဉ်က တော်တော်လေး မောရ၏။ နေ့လည် ကားမစီးခင်ကတည်း မောခဲ့ရ၏။ ယခု ညဖက် ထမင်းစားတော့လည်း မောရပြန်၏။ မည်သို့ပင် ဆိုစေ နောက်ဆို ယာဉ် ရပ်နားချိန်ကို မည်သို့ ချိန်ဆပြီး အသုံးပြုရမည်ကို ကျနော် ကောင်းကောင်း သဘော ပေါက်သွားပြီ ဖြစ်၏။ စားထားသည့် ထမင်းကြော်ကလည်း များ၊ ABC ကလည်း တလုံး သောက်ထားသဖြင့် ကားပေါ်ရောက်ပြီး (၁၅) မိနစ်လောက် အကြာမှာ ကျနော် မှေးခနဲ ခဏ အိပ်ပျော်သွားလေ၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

You have received an upvote from @upvoteforsteemit. I am an automated upvotebot. This comment will automatically be posted under each post I upvotet.
Du hast ein Upvote vom @upvoteforsteemit erhalten. Ich bin ein Testbot und laufe automatisch.

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63519.79
ETH 3073.58
USDT 1.00
SBD 3.82