Sleep Time (Chapter 6)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

အပြန်ကိုတော့ ကိုသက် အကို လိုက်မပို့ပဲ အခြားသူ လိုက်ပို့ပေး၏။ တော်သေးသည် ကိုသက် အကို လိုက်မပို့လို့။ ထိုအချိန်မှ စပြီး ကိုသက် အကိုကို ဂျိန်းစဘွန်းလို့ ကျနော် နာမည် ပေးလိုက်၏။ ထိုနာမည်က သူနှင့် လိုက်သည် မဟုတ်လား။ ယခု တခေါက် ကိုသက် ကျနော့်ကို လာကြိုလို့ တော်သေး၏။ သူပဲ လာကြိုအောင်လည်း ကားပေါ်မှာကတည်းက တပါတည်း မှာထား၏။ တော်နေကြာ ဂျိန်းစဘွန်း ရောက်လာမှ။ ဂျိန်းစဘွန်း လာမကြိုပေမယ့် ကိုသက် အမေအိမ်မှာတော့ ဂျိန်းစဘွန်းကို တွေ့ရ၏။

ဂျိန်းစဘွန်းကတော့ ကျနော့်ကို မမှတ်မိပေ။ ညက အရှိန် မပြယ်သေးတာလည်း ဖြစ်ကောင်း ဖြစ်မည်။ ကိုသက်က မနက် စောစော လာကြိုပေးသည့် အပြင် ခဏ တဖြုတ် အနားယူဖို့လည်း နေရာ ပြင်ပေးသေး၏။ အလွန်မှ ဧည့်ဝတ်ကျေသည့် သဘောကောင်းသည့် လူကြီးပင် ဖြစ်၏။ သူက ခဏ တဖြုတ် နားလို့ ရအောင် အိပ်ရာ ခင်းပေးပေမယ့် သူကော ကျနော်ကော မအိပ်ဖြစ်ပေ။ အဘယ်ကြောင့် ဆိုသော် စကားကောင်းနေသောကြောင့် ဖြစ်၏။ မဆုံတာ ကြာပြီ မဟုတ်လား။ ကြားထဲမှာ မတွေ့ဖြစ်သဖြင့် ဟိုအကြောင်း၊ ဒီအကြောင်းများ ပြောနေရာမှာ မနက် (၆) နာရီပင် ထိုးသွား၏။

သို့နှင့် ကိုသက်နှင့် ကျနော်လည်း ကိုဟင်နှင့် မနက်စာ စားရန် ထွက်လာ လိုက်တော့၏။ တည်းမည့် ဟိုတယ်မှာ ပစ္စည်းများ ထားခဲ့ပြီး ကိုဟင် နှင့် ကိုသက် ထိုင်နေကြ လက်ဖက်ရည်ဆိုင်သို့ ထွက်လာလိုက်၏။ ထိုဆိုင်က စားစရာ အစုံရ၏။ ထိုဆိုင်မှ coffee နှင့် ရေနွေးကြမ်းတော့ သဘောကျ၏။ ကောင်းလည်း ကောင်း၏။ မနက်စာ စားပြီး ကျနော်လည်း ဟိုတယ်ပြန်ပြီး ခဏ တဖြုတ် အိပ်လိုက်ဦးမယ်ပေါ့။ နေ့လည် လောက်မှ ကိုသက်နှင့် ပြန်ဆုံရန် ချိန်းထား၏။ ကိုသက်လည်း ပြန်နားဖို့ လိုသည် မဟုတ်လား။ မနက်ခင်း အစောကြီး အိပ်ရာ ထလာခဲ့ရသည် မဟုတ်လား။

sleep_associations_2048x.jpg
photo from Google

ကိုသက်သည် မနက်ခင်းမှ အစောထထားရသည် မဟုတ်၊ ညကလည်း အစော အိပ်ရာ မ၀င်ထားရဟု ဆို၏။ ထို့ကြောင့် သူလည်း နားဖို့တော့ လိုနေပြီ ဖြစ်၏။ သို့ပေမယ့် ကျနော့်ကို ဟိုတယ် ပြန်ပို့ဖို့ လုပ်နေတုန်းမှာပဲ phone ၀င်လာ၏။ အသိ တယောက်က မင်္ဂလာဆောင်လာရန် ဖိတ်ခြင်း ဖြစ်၏။ ကိုသက် ခဗျာ မသွားလျှင်လည်း မဖြစ်သည့် မင်္ဂလာဆောင် ဖြစ်နေသဖြင့် မအိပ်ရလောက်တာ့ပါဘူး ကိုဒွန်ရယ် ဆိုပြီး ငြီးလေတော့၏။ သူနှင့် ကျနော် နေ့လည် (၁၂) နာရီလောက် ပြန်ဆုံ ကြရန် ချိန်းထား၏။ ကျနော်လည်း ဟိုတယ် ပြန်ရောက်တာ့ အ၀တ်အစားလဲပြီး ခဏ အိပ်လိုက်၏။

အိပ်ရာက နိုးတော့ (၁၂) နာရီ ထိုးခါတောင် နီးနေပြီ ဖြစ်၏။ ကိုသက်ကို phone ဆက်ကြည့်၏။ မကိုင်ပေ။ ဘဲကြီး အိပ်နေသေးသည် ထင်၏။ သို့နှင့် ကျနော်လည်း လန်းဆန်းသွားအောင် ဆိုပြီး ရေချိုးလိုက်၏။ ရေချိုးပြီးနောက် ထပ်ခေါ်ကြည့်သေး၏၊ ကိုသက် phone မကိုင်နိုင်ပေ။ သို့နှင့် ကျနော်လည်း ထပ် မခေါ်တော့ပေ။ ခဏနေ ကျနော့်ကြောင့် သူ့ အိပ်စက်ချိန် အနှောင့်အယှက် ထပ်ဖြစ်နေဦးမည်။ နေ့လည် စာစားဖို့ ပြင်လိုက်၏။ ဘယ်နားသွားစားရင် ကောင်းမလဲပေါ့။ ကံကောင်းချင်တော့ ဟိုတယ်ဘေးမှာ ထမင်းဆိုင်လေး တဆိုင်က ကပ်လျက် ရှိနေ၏။ သို့နှင့် ထိုဆိုင်မှာပဲ ထမင်းသွားစားပြီး ဟိုတယ်သို့ ပြန်လာကာ ကိုသက် phone ပြန်ခေါ်လာမည့် အချိန်ကို စောင့်နေလိုက်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ဘာ​တွေဆက်​​ရေးမလဲ​စောင့်​​မျှော်​​နေပါတယ်​ရှင်

ဟုတ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

စောင့်​လိုက်​ရတာ စိတ်​ညစ်​သွားတာပဲမို့လား ဟီးဟီ ကျ​နော်​လည်း မရဘူးကျိုးတာပဲ ​တော်​​သေးပ အချိန်​မီလို့

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63960.62
ETH 3142.95
USDT 1.00
SBD 3.95