Start DaysteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ဒီနေ့မှာတော့ ကျောင်းများ စဖွင့်ပြီ ဖြစ်၏။ အိမ်မှ ဆရာသမား (၂) ယောက်လည်း ကျောင်းသွားကြပြီ ဖြစ်၏။ ကျောင်း မဖွင့်မီ တပတ်လောက် ကတည်းက စကား တတွတ်တွတ် ပြောပြီး စာများ ကြိုတင်ပြီး ကျက်မှတ် ရွတ်ဆိုနေတော့၏။ တူလေးထက် စာလျှင် တူမလေးက ပိုပြီး စာကို စိတ်ဝင်တစားနှင့် လုပ်၏။ ရှိသင့် ထားသင့်သည်ထက် ပိုနေသည့် ၀ီရိယ ဖြစ်နေ၏။ တားတောင် ယူနေရသည့် အထိပင် ဖြစ်၏။ တူတော်မောင်ကတော့ သာမန်ကာ လျှံကာပင် ဖြစ်၏။ သူ့ကို ကျတော့ စာလုပ်ဖို့ မနည်းကို ပြောယူနေရ၏။

ဆရာသမားက စာကလွဲလျှင် အကုန် စိတ်ဝင်စား၏။ စာ လုပ်ခိုင်း လိုက်လျှင် ဟို အကြောင်းပြ၊ ဒီအကြောင်းပြနှင့် ဟိုလုပ်၊ ဒီလုပ် လုပ်နေတော့၏။ စိတ်မ၀င်စားတော့ အချိန်လည်း ပိုပြီး ကြာလေ့ ရှိ၏။ မြန်မစာထက် စာလျှင် အင်္ဂလိပ်စာ လုပ်ချိန်မှာ ပိုပြီး ကြာလေ့ ရှိ၏။ တော်တော် မျိုးချစ်သည်ဟု ပြောလို့ ရ၏။ အင်္ဂလိပ်စာ လုပ်ခိုင်းလျှင် တခုမဟုတ် တခုတော့ ဖြစ်လေ့ ရှိ၏။ သူ ငိုလျှင် ငို၊ ဒါမှ မဟုတ် လူကြီးများ၊ အခြား မိသားစုဝင်များ စိတ်ညစ်ရတော့၏။ တော်ရုံ စိတ်ရှည်သည့် လူတောင် ကျနော့်တူနှင့် တွေ့လျှင် စိတ်ကုန်သွားရလေ့ ရှိ၏။

သူက ထိုမျှလောက်ထိ တော်သူ ဖြစ်၏။ ဆူနေ၊ ပြောနေလည်း ပြုံးပြုံး ရယ်ရယ်ပဲ။ ဆူနေတဲ့သူကသာ မောသွားမည် သူကတော့ အပြုံးပင် မပြတ်ပေ။ နောက်ဆုံးမှာ ကျနော်တို့ကပဲ လက်လျှော့ပေးလိုက်ရလေ့ ရှိ၏။ ထိုအချိန်ပြီးသွားသည့် အခါမှာတော့ ပြုံးပြုံး ပျော်ပျော်နှင့် ဆော့လေတော့၏။ ဆော့နေချိန်နှင့် စာလုပ်နေချိန် အခြေအနေက ဘာမှ မဆိုင်ပေ။ သူအမေလည်း လက်လျှော့ချင်နေပြီ ဖြစ်၏။ စာလုပ်ချိန်တိုင်း ကျနော့်အမနှင့် တူတော်မောင် စကားများရလေ့ ရှိ၏။ သူ့အမေက ဖြစ်စေချင်၊ သူ့သားက စိတ်မ၀င်စားနှင့် ဟုတ်တော့ ဟုတ်နေ၏။

P90301-181106.jpg

တူတော်မောင်က ဥာဏ်မထိုင်းပေ။ ဥာဏ်ပြေး၏။ အဓိကက စာ စိတ်မ၀င်စားနေခြင်း ဖြစ်၏။ ဆိုခဲ့ပြီးသည့်အတိုင်း စာကလွဲလျှင် ကျန်သည့် အရာများကိုမူ အလွန်ပဲ စိတ်ဝင်စားလေ့ ရှိ၏။ ပုံဆွဲခြင်း၊ အရုပ်ဆက်ခြင်း၊ ကာတွန်းကား ကြည့်ခြင်းများတွင်မူ အလွန်ပဲ စိတ်ဝင်တစားနှင့် ပျော်ရွှင်စွာ လုပ်ဆောင်လေ့ ရှိ၏။ တူမလေးကတော့ သူ့နောက်လိုက် ဖြစ်၏။ သူဆော့တာ လိုက်ဆော့၏။ သူ ကစားသည့် အတိုင်း လိုက်ကစား၏။ ပြောရလျှင် အရိပ်တခုလိုပင်။ သူ့မောင်မှ သူ့မောင် အရိပ်တကြည့်ကြည့်နှင့်။

သူတို့ (၂) ယောက်ပေါင်းပြီး ဆော့ကစားက တအိမ်လုံး မပြောနှင့် ၀န်းထမ်းအိမ်ယာ တ၀န်းလုံး ဆူညံနေလေ့ ရှိ၏။ သူတို့ မတည့်လို့ တယောက်နှင့် တယောက် ဆော့ကစားကြရင်း ရန်ဖြစ် ပြန်လျှင်လည်း တ၀န်းလုံး ဆူညံ ပွက်လော ရိုက်နေတော့၏။ ယခုတော့ သူတို့ (၂) ယောက်ထဲ တင် မဟုတ်တော့ပေ။ အခြား ကလေး (၃) ယောက်နှင့် ပေါင်းလိုက်တော့ တကယ့်ကို ပွဲ တလုံးဖြစ်သွားတော့၏။ တကယ့်ကို မနားမနေ ဆော့နိုင်လွန်းကြ၏။ မောလည်း မမောကြသလိုပင်။ တနေ့လုံး နီးပါး သူတို့ အသံများနှင့် တစာစာ ရှိလှ၏။ ယခု သူတို့ ကျောင်းသွားလိုက်ကြတော့ တ၀န်းလုံး တိတ်ဆိတ်လို့ နေ၏။ အစပိုင်းကတော့ သူတို့ ကျောင်းသွားရတော့မည် ဆိုသည်ကို သိတော့ အလွန်မှဲ ပျော်၏။ ယခု တကယ်တမ်း သူတို့လည်း ကျောင်းသွားရရော တမျိုး ဖြစ်လို့နေ၏။ ကြားနေကြ အသံများ မကြားရသောကြောင့်လည်း ဖြစ်မည် ထင်၏။ မည်သို့ပင် ဆိုစေ သူတို့ ကျောင်းဆင်းပြီး ပြန်လာလျှင်တော့ တဖန် ပွက်ပွက်ညံနေဦးမည် ဖြစ်၏။ ယခုတော့ နားအေးပါးအေး နေလို့ ရတုန်းလေး နေလိုက်ရပေဦးမည်။

Don Jaun

MSC 31

Sort:  

ငယ်ငယ်တုန်းကတော့ ကိုဒွန်ပြော သလို စာကလွဲရင် အကုန် စိတ်ဝင်စား တယ်... ကျောင်း တက်ခဲ့ရတဲ့ အချိန်တွေကို တခါမှ မလွမ်း မိဘူးလားလို့။

ဆော့မယ် ကစားမယ် စားမယ်

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64852.72
ETH 3178.07
USDT 1.00
SBD 4.20