Steemit Thought (Chapter 7)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

လာမည့် (၁၅) ရက်နေ့တွင် SMT များ လွှင့်တင်မည် ဆိုပြီး သိရ၏။ Steemit App ဖြစ်သည့် Dapp ကိုလည်း အသက်သွင်း နေပြီ ဖြစ်ကြောင်း ဆို၏။ တဆင့်ခြင်း update များ လုပ်လာခဲ့ပြီး ပြီ ဖြစ်ကြောင်းလည်း သိရ၏။ Steem ဈေးကတော့ ခု ချိန်ထိ ငြိမ်နေသေး၏။ ကျောက်ချထားသည့် အလားပင်။ ကျနော် steemit ကို စသိလာခဲ့သည့် အချိန်ကာလအတွင်း ယခုလိုမျိုး steem ဈေးကျခြင်းသည် အဆိုးဆုံးနှင့် အချိန်အကြာဆုံးပင် ဖြစ်၏။ ယခင် 1 sbd ကို 1 usd ကာလမှာတောင် steem ဈေးသည် ယခုလောက်ထိ မကျခဲ့ဖူးပေ။ ကျနော် သိသလောက်တော့ စံချိန်တင် ကျခြင်းဟုပင် ဆိုလို့ ရမည် ထင်၏။ သို့သော် steem တခုတည်း ကျခြင်း မဟုတ်ပဲ အခြား coin များလည်း ဈေးကျနေခြင်း ကြောင့်လည်း ယခုလိုများ steem ဈေး အကြာကြီး ကျနေခြင်းဟုလည်း ထင်မိ၏။

ယခုအချိန်မှာတော့ ကျနော်တို့သည် ဘာကိုမှ တိတိကျကျ မသိနိုင်သေးသည့် အခြေအနေ ဖြစ်သဖြင့် ထင်ကြေး အမျိုးမျိုး၊ မျှော်လင့်ချက် ခပ်ယဲ့ယဲ့ လေးနှင့် ဆက်လက် ချီတက် နေရ၏။ ယခုကဲ့သို့ ဖြစ်နေသောကြောင့် steemit ကို စိတ်ပျက်သွားသလားဟု ဆိုလျှင် မပျက်ဟု သာ ဖြေရပေမည်။ တကယ်လည်း မပျက်ပေ။ ယခုလို ဈေးအကြာကြီး ကျခြင်းသည် ယခုအချိန်က နောက်ဆုံး ကျခြင်း ဖြစ်လိမ့်မည်ဟု ကျနော် ယုံကြည်၏။ နောင်တွင် Steem ဈေးသည် အတက်ချည်းချည်းသာ ဖြစ်ဖို့ ရှိ၏။

ယခု ဈေးကျနေချိန်မှာ အခြားအရာများကို စိတ်မပျက်ပဲ မိမိ ကိုယ်ကို အားမရခြင်း ဖြစ်၏။ ယခုဈေးက Steem ကို ၀ယ်စုထားဖို့ အကောင်းဆုံး အချိန်ပင် ဖြစ်၏။ ဈေးမတက်ခင် ၀ယ်စုထားခြင်းဖြင့် ဈေးတက်လာခဲ့လျှင် သာသာယာယာ လေး ပြန်ရောင်းလို့ ရသည် မဟုတ်လား။ မရောင်းလိုလျှင်လည်း power up ထားလို့ ရ၏။ နောင်တချိန်မှာ Steem Power က အလွန် စကားပြောလာ ပါလိမ့်မည်။ ကိုဟင် ပြောဖူးသည့် စကားလေးလိုပေါ့။ Steem ဈေး မတက်မှာ မပူနဲ့ မိမိမှာ Steem Power မရှိမှာကိုပဲပူ ဆိုသည့် စကားလေး ဖြစ်၏။

1_G2WAemZCqwmJ8O1sIaknKA (1).png
photo from Google

ထိုစကားလေးကြောင့်ပင် ကျနော် နေ့စဉ် ပိုစ့်တင်ပြီး steem power များ စုနေခြင်း ဖြစ်၏။ ယခု စိုက်ထားမှ နောက် အသီးအပွင့်များ စားသုံး ရမည် မဟုတ်လား။ ယခုအချိန်မှာတော့ အပင်ပန်းခံပြီး သေသေချာချာ အာရုံစိုက်ထားရပေဦးမည်။ တနှစ်ကျော် လာခဲ့ပြီ ဖြစ်သည့် steemit ခရီးကို ပြန်လှည့်ကြည့်မိလျှင် သိပ်အားမရလှပေမယ့် မဆိုးဘူးဟုတော့ ဆိုရပေလိမ့်မည်။ ဒီလအတွင်းမှာတော့ steem power 1000 ပြည့်မည်ဟု မျှော်လင့်မိ၏။ ကျနော် နှင့်အတူ steemit ခရီးမှာ လျှောက်လှမ်းခဲ့သူများထဲမှ အချို့ဆိုလျှင် 1000 ပြည့်ရုံမက ကျော်တောင် ကျော်လွန်သွားကြပြီ ဖြစ်၏။

သူတို့်ကို အားကျစိတ်နှင့် ငါနောက်ကျန် နေခဲ့လို့ မဖြစ်ဘူးဆိုကာ နေ့စဉ် မပျက် ပိုစ့်များ ရေးတင်ခဲ့ခြင်း ဖြစ်၏။ ပျင်းနေချိန်မှာ မိမိကိုယ်ကို မပျင်းဖို့ ထပ်ကာ ထပ်ကာ သတိပေးရ၏။ မင်းပျင်းနေရင် မင်းကျန်ခဲ့လိမ့်မယ်။ သူများတွေ ပျော်နေချိန်မှာ မင်း မပျော်ပဲ နေနေရလိမ့်မယ် ဆိုသည့် အတွေးနှင့် ကြိုးစားခဲ့၏။ မကြာသော ကာလတခုမှာ ကျနော်တို့ အားလုံး ပျော်ရွှင်ရတော့မည် ထင်၏။ 2019 သည် ကျနော်တို့ နှစ် ဖြစ်လာမည်ဟု ယုံကြည်၏။ ဤ ယုံကြည်မှုကို ရင်မှာ ပိုက်ပြီး မဆုတ်မနစ် ဆက်လက်ချီတက်ကြပါစို့ .....

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ဖအေ သေတာတောင် steemit မှာ ပို့စ် တင် မပျက်ခဲ့တဲ့ ကိုယ့်ကိုကိုယ် ရူးနေပြီ ထင်ရလောက်အောင် ယုံကြည်မျှော်လင့် ဇွဲခတ် ကြိုးပမ်းနေဆဲပါဗျို့...
SMTs and Dapp တွေ မြန်မြန် ထွက်ပေါ်ပါစေ

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

စိတ်​မပျက်​ပါ....ပုံမှန်​နှုန်းနဲ့ဆက်​လက်​သွားပါ့မယ်​.....

Posted using Partiko Android

ယုံကြည်မျှော်လင့်နေဆဲပါလေ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.035
BTC 65869.37
ETH 3414.18
USDT 1.00
SBD 4.58