Tired (Chapter 2)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ညကလည်း ကန်ထားသေးတော့ မနက်ပိုင်းမှာ သိပ် ကောင်းကောင်း မကန်နိုင်ပေ။ သိပ်ပြီးတော့လည်း ခြေစွမ်း မပြနိုင်ပေ။ ဘောလုံးကန် ပြန်လာပြီးနောက် ရေချိုး၏။ ထို့နောက် အသိ အကို တယောက်၏ laptop အား window ပြန် တင်ပေးရန် ချိန်းထားသည့် လက်ဖက်ရည်ဆိုင်သို့ ထွက်လာလိုက်၏။ ရှေ့ရက်က သူ့ Laptop နှင့် ပတ်သက်ပြီး တခုမေးဖူး၏။ ထိုစဉ်က သူ့ laptop က လေးနေ၏။ ထင်သလောက် မသွက်သေ။ core i5 ဖြစ်ပြီး ထိုမျှ လေးနေသည်ကို သိပ်မကြိုက်လှပေ။ window 8.1 တင်ထားခြင်း ဖြစ်၏။ widow တင်ထားသည့် C အပိုင်းမှာ data တွေ များနေလို့လား ဆိုပြီး စစ်ကြည့်ပြန်တော့လည်း မဟုတ်ပေ။ သို့နှင့် window 10 pro တင်လိုက်ရန် အကြံပေးမိ၏။

ဒါဆို နက်ဖြန် တင်ပေးလေ၊ ည C ထဲက data တွေ D ထဲ ရွှေ့ထားလိုက်မယ် ဟု ဆို၏။ သို့နှင့် ဘောလုံးကန်၊ ရေချိုးပြီးနောက် ထွက်လာခဲ့ခြင်း ဖြစ်၏။ ထိုနေရာသို့ အသွားမှာ window 10 pro ခွေ ၀င်ဝယ် ရသေး၏။ ကျနော့် window ခွေက သူငယ်ချင်း တယောက် ငှားသွားလို့ ဖြစ်၏။ Boot setup ရွေးပြီး CD drive ကနေ window တင်ဖို့ လုပ်၏။ မရပေ။ ဘာဖြစ်တာလဲပေါ့။ setup setting ကို ပြန်စစ်၏။ မရပေ။ CD ကနေကို boot က မတက်လာခြင်း ဖြစ်၏။ သို့နှင့် မသကာင်္သဖြင့် ခွေကို စစ်ကြည့်မှ ခွေက အလွတ်ကြီး ဖြစ်နေ၏။ ဘာ data မှ မပါပေ။ သို့နှင့် ဆိုင်ကို နောက်တခေါက် ပြန်သွားရ၏။ ဆိုင်က အသိဆိုင် ဖြစ်နေလို့ တော်သေး၏။

ခွေ ပြန်လဲပေးလိုက်၏။ widnow 10 pro ကိုမှ နောက်ဆုံးထွက် red… (version 4) ပေးလိုက်၏။ window activated ပိုင်းမှာတော့ နည်းနည်း အလုပ်ပိုမယ်နော်ဟု ဆိုင်က အကိုက ပြော၏။ activated လုပ်ရမည့် အခြား နည်းလမ်းများကိုလည်း တပါတည်း ပြောပြလိုက်၏။ version အဟောင်းများကိုတော့ ကျနော် ကောင်းကောင်း activated လုပ်ပေးနိုင်သည်ကိုး။ ထို့ကြောင့် ယခု version အတွက် သူက အကြံပေးခြင်း ဖြစ်၏။ ဒါတောင် window red… က version 5 အထိ ထွက်ထားပြီ ဆို၏။ error များနေသေးသောကြောင့် မပေးလိုက်တာဟု ဆို၏။

P90327-122501.jpg

သို့နှင့် ကျနော်လည်း သူပြောထားသည့် အဆင့်များကို သေချာ မှတ်ထားပြီး လက်ဖက်ရည်ဆိုင်သို့ ပြန်လာလိုက်၏။ window တင်၏။ Boot setup တက်၏။ သို့ပေမယ့် update လုပ်မရပေ။ window error ပဲ ပြနေ၏။ window repair လုပ်ဖို့ပဲ ပြောပြောနေ၏။ သူ၏ နဂို၊ မူလ window မှာကကို error ရှိနေခြင်း ဖြစ်၏။ သို့နှင့် ကျနော်လည်း window 8.1 အရင် ပြန်တင်လိုက်၏။ window အသစ်အနေနှင့်ပေါ့။ window 8.1 pro သွင်းပြီး သွားမှ window 10 pro ကို ပြန်တင်ကြည့်၏။

ရသွား၏။ window install လုပ်သည့် အဆင့်ထိ လျှောလျှောရှူရှူ ရောက်သွား၏။ installing အဆင့်သို့ ကောင်းမွန်စွာ ရောက်သွား၏။ သို့သော် 22% မှာတင် ရပ်နေ၏။ ဆက်မတက်တော့ပေ။ အချိန် နည်းနည်း ပေးပြီး စောင့်ကြည့်၏။ (၁၀) မိနစ်လောက်သာ ကြာသွားသည် ထို 22 ကနေ တုပ်တုပ်မှ မလှုပ်ပေ။ ဘာ error ထပ်ဖြစ်ပြန်ပြီလဲ။ စိတ်လည်း နည်းနည်းညစ်ချင်လာပြီ။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကဒုန်တို့နေရာက တော်သေးသည် ကျွှန်တော့မယ် windows တင်ဖို့ software ဆိုင်ကလဲမရှိ အသိကလဲ အကျွှမ်းမရှိနဲ့ internet ပဲ အားကိုးလိုက်ရတယ် ရွှာတွေကိုလည် လို့ဗျာ ။

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66407.27
ETH 3219.07
USDT 1.00
SBD 4.34