Tired (Chapter 4)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

မြန်မာစာ (zawgyi font) မှန်အောင် လုပ်ပေးပြီးနောက် update များကို လိုက်စစ်ရတော့၏။ window update က ပိတ်ထားပြီးသားပေမယ့် background မှာ data သုံးနေသည့် app များက ရှိနေသေး၏။ ထို app များကို manual လိုက်ပိတ်သည့် နည်း တွေ့၏။ နည်းနည်းတော့ အလုပ်ရှုပ်၏။ ဟိုဝင် ဒီထွက်နှင့် ဆိုတော့ ထိုအကို အတွက် သိပ်အဆင်ပြေမည် မထင်ပေ။ ထို background data use app များကို ပိတ်ဖို့ software တခု ကျနော် သုံးဖူး၏။ နာမည် မေ့နေ၏။ သို့နှင့် Google ပြန်ခေါက်ရပြန်၏။ window 10 background data .…. ဘာညာ ဘာညာ ဆိုပြီးတော့ပေါ့။

တခါသားက ကျနော် သုံးဖူးသည့် software သွားပြန်တွေ့၏။ glasswire ဖြစ်၏။ သုံးလို့ ကောင်း၏၊ လွယ်၏။ background data use များကို လွယ်လွယ်ကူကူ ပိတ်ပစ်လို့ ရ၏။ သို့နှင့် အနှီ software ကို ရှာပြီး down လိုက်၏။ install ၏။ data usage များပြပေး၏။ သို့သော် ပိတ်လို့ မရပေ။ free version ဖြစ်နေသောကြောင့် ဖြစ်၏။ premium upgrade လုပ်မှသာ data block လို့၊ ပိတ်လို့ ရမည် ဖြစ်၏။ premium version က ပိုက်ဆံ သွင်းရမည် ဖြစ်၏။

မြန်မာ နိုင်ငံမှာ နေထိုင်ရသည်မှာ တမျိုးလည်း ကောင်း၏။ တမျိုးလည်း ဆိုး၏။ window ဆိုလျှင်လည်း တခွေ (1000) လောက်နှင့် ၀ယ်ပြီး သုံးလိုက်ရုံသာ၊ ပိုက်ဆံ ပေးရသည့် software များကိုလည်း crack ပြီးသား extract လုပ်ပြီးသား အသာလေး ၀ယ်သုံးလိုက်ရုံ၊ တကယ့်ကို သက်သက်သာသာနှင့်။ သို့ပေမယ့် လုံခြုံစိတ်ချရမှုပိုင်းမှာတော့ အားနည်းချက်များ ရှိ၏။ အင်းလေ … window တောင် Offical version မဟုတ်ပဲ crack version ၀ယ်သုံးနေရသည်ကိုး။ ထို့ကြောင့် software များကိုလည်း crack ပြီးသားများသာ ရှာသုံး နေရသည် မဟုတ်လား။

P90327-113917.jpg

ယခုလည်း အနှီ glasswire software ကို crack လို့ရမည့် နည်းလမ်း သို့မဟုတ် crack version ကို ရှာ၏။ တွေ့၏။ အနှီ software ကို ရှာ down ပြီး ပြောထားသည့် အတိုင်း install လုပ်ကြည့်၏။ အဲ့မှာ စတွေ့တာပါပဲ။ အခြား မဟုတ်ပါဘူး။ virus ၀င်တာပါ။ ထို software နှင့်အတူ virus ပါလာခြင်း ဖြစ်၏။ ခက်ခြေပြီ။ virus ကလည်း မခေပေ။ window 10 မှာ auto ပါသည့် window defend ကို ပိတ်ပစ်လိုက်၏။ ဘာမှကို ကြည့်လို့ စစ်လို့ မရပေ။ ကိုယ့်မှာ ရှိသည့် antivirus software များနှင့် စစ်ကြည့်တော့ အကောင်တွေ တွေ့၏။ သတ်လိုက်၏။ သို့ပေမယ့် ထို software down တုန်းက ပါလာသည့် အကောင်များကတော့ မသေသွားပေ။

Virus ကိုက်သွားခဲ့ပြီးပြီ ဆိုလျှင် တော်ရုံ antivirus နှင့်တော့ သတ်လို့ မရပေ။ ပိုဆိုးတာက ကျနော်တို့ သုံးသည့် window က crack version များ ဖြစ်နေသည်ကိုး။ official ၀ယ်သုံးထားခြင်း မဟုတ်သဖြင့် လုံခြုံရေးပိုင်းက စိတ်မချရပေ။ ထို စိတ်မချရသော၊ အားနည်းသော window ကို virus ကိုက်တော့ ပိုဆိုးပြီ မဟုတ်လား။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဒါ​ပေမဲ့​အော်​လဂျင်​ window ​လောက်​မ​ကောင်းဘူးဗျာ
ကျွန်​​တော့မှာ အသံဒရိုင်​ဘာဝယ်​မရလို့ဒစ်​လည်​ဘူးတယ်​ ယိုးဒယားက စကင်းဝယ်​သုံးမိလို့ ​အော်​ window ကြအကုန်​ပါတယ်​ဗျာ့

ရုံးမှာကွန်ပျူတာသာသုံးနေတာ ဗိုင်းရက်ကိုက်သွားသလား
ဘာဖြစ်လဲ သိပ်မသိတော့ နည်းနည်းစက်လေးတာနဲ့
စက်ဆရာခေါ်ရတာပါပဲ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64320.07
ETH 3154.23
USDT 1.00
SBD 4.34