Tired (Chapter 5)steemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ရလို ရညား internet ကနေ antivirus လေးများ ရှာ down ပြီး virus သတ်ကြည့်၏။ မရပေ။ သူငယ်ချင်း ပြောသလိုပဲ virus ကိုက်ပြီးသွားလျှင် မရနိုင်တော့ဘူး မလား။ မနက်က လုပ်နေရင်း နေ့လည် (၁၂) နာရီ ကျော်သွားပြီ ဖြစ်သဖြင့် ညနေမှ ပြန်လုပ်ကြရန် တွေးထားလိုက်၏။ သူလည်း စာရေး စရာ၊ သတင်း တင်စရာ ရှိနေသေးသလို၊ ကျနော်ကလည်း တူလေးကို ပန်းချီ သင်တန်း ပို့ပေးရဦးမည်။ သို့နှင့် ညနေ (၅) နာရီလောက် သူငယ်ချင်း၏ Phone service ဆိုင်မှာ ဆုံကြဖို့ ချိန်းထား၏။ သူငယ်ချင်းဆိုင်မှာက wifi ရသဖြင့် စမ်းစရာရှိ စမ်း၊ down စရာ ရှိ down လို့ ရသည်ကိုး။

ထိုအသိ အကိုက သူငယ်ချင်း ဆိုင်ကို ကျနော့်ထက် စောပြီး ရောက်၏။ စက်ထားခဲ့ပြီ ဆိုပြီး သွားစရာ ရှိသည့် နေရာကို သွားလိုက်၏။ ကျနော် လည်း စက်ဖွင့်ပြီး ဘာလုပ်ရမလဲ တွေးနေ၏။ မထူးပါဘူး window ပြန်တင်လိုက်မည် ဆိုပြီး ထိုအကိုနား window 10 ခွေ မှာလိုက်၏။ window တင်ရတာ ကျနော့်အတွက် ပြဿနာ မရှိပေ။ သူ၏ ဓါတ်ပုံ software များ ဖြစ်သည့် Photoshop နှင့် Lightrom က ပြဿနာ ဖြစ်၏။ သွင်းရတာ တော်တော် ပျားတုပ်၏။ သွင်းမရလို့ကို အသိ Computer service (software ခွေရောင်းပေးသည့်) ဆိုင်သို့ သွားခဲ့ရသေးသည် မဟုတ်လား။

နောက် ကိစ္စ နောက်မှ ရှင်းမည် ဟု တွေးထားလိုက်၏။ လောလောဆယ် window အရင် တင်လိုက်ပြီး အနှီ software ကိစ္စကိုတော့ နောက်မှ ရှင်းမည်။ window ခွေရ၏။ window ပြန်တင်လိုက်၏။ drivers များ update ဖြစ်ဖို့ driver packs run ပေးဖို့ကလည်း လိုသေးပြန်၏။ သူငယ်ချင်း phone ဆိုင်မှာ ရှိသည့် driver pack ခွေက 2015 ဖြစ်၏။ သုံးလို့ ရပေမယ့် update သိပ် မဖြစ်တော့ပေ။ ထို့ပြင် ခွေက (၄) ခွဲတွဲကြီး copy ကူးပြီး zipfile များ ဖြေနေရမှာနှင့်။ တွေးကြည့်ရုံနှင့်ကို တော်တော် ပျင်းဖို့ ကောင်းနေပြီ ဖြစ်၏။

P90330-124029.jpg

ကံကောင်းစွာ Ocean super center မှာ IT ပိုင်းနှင့် ပတ်သက်ပြီး အလုပ်လုပ်သည့် သူငယ်ချင်းက phone ဆက်လာ၏။ သူ့နား driver packs လှမ်းတောင်းလိုက်၏။ သူက အလုပ်ကနေ လာမှာ ဖြစ်သဖြင့် driver packs က သူ့နားမှာ ရှိပြီးသား။ အလုပ်ကနေ လာမှကို မဟုတ်ပါဘူး။ အလုပ်သွား၊ အလုပ်ပြန်တိုင်း သူ့ ကျောပိုးအိတ်ထဲမှာ IT ပိုင်းနှင့် ပတ်သက်သည့် ပစ္စည်းများအားလုံး အစုံအလင် ပါ၏။ ထို့ပြင် သူ့ driver packs က 2017 ဖြစ်သည့်အပြင် ခွေနှင့်လည်း မဟုတ်ပေ။ memory stick နှင့် ဖြစ်သဖြင့် ပိုပြီး အဆင်ပြေ၏။

ညလည်း (၇) နာရီ ကျော်နေပြီ ဖြစ်၏။ ထို IT သူငယ်ချင်းနှင့် laptop ပိုင်ရှင် အကိုက ညစာ သွားစားကြ၏။ ကျနော့် အတွက်တော့ ပါဆယ် ယူလာပေးမည် ပြောပြီး ထွက်သွားကြ၏။ ထို IT သူငယ်ချင်းက တနေ့က window တင်တုန်းက လက်ဖက်ရည် ဆိုင်လာသွားသည့်သူ ဖြစ်၏။ သူ၏ window ခွေနှင့် တင်လိုက်မှ ရသွားသည်ကိုး။ ခု ထပ်တင်မည် ဆိုတော့ သူက သိပ်မကြိုက်ချင်သလို။ မဆီမဆိုင်နှင့် တော်တော် ရယ်ရသည့် သူငယ်ချင်း ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

အစ်ကိုက Software Hardware ပိုင်း သူငယ်ချင်းတွေ များတဲ့အတွက် ပိုမိုတိုးတက်ပြီး ဗဟုသုတတိုးစေတာပေါ့ခင်ဗျာ။

Posted using Partiko Android

ဟုတ်

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66772.03
ETH 3237.54
USDT 1.00
SBD 4.25