Tired (Chapter 7)

in #myanmar5 years ago (edited)

FB_IMG_1527335451652.jpg

မနက်အိပ်ရာနိုးသည်နှင့် မျက်နှာ သစ်ပြီး ချိန်းထားသည့် လက်ဖက်ရည်ဆိုင်သို့ ပြေးရ၏။ ခဏနေ ဟိုနေ့ကလို ကျနော့်ကို စောင့်နေရတယ် ဖြစ်မှာစိုးရသေး၏။ စောင့်ရတယ် ဆိုပေမယ့် (၁၅) မိနစ်လောက်ပဲ စောင့်လိုက်ရတာပါ။ ချိန်းထားသည့် အချိန်ထက် သူက ကြိုရောက်နေတာကိုး။ ထားပါ။ ဒီနေ့လည်း သူပြောထားသည့် အချိန်အတိုင်း ကျနော် ရောက်သွား၏။ ကျနော် အချိန်မှန်၊ အချိန်မီ ရောက်သွားသလို သူကလည်း ရောက်နေနှင့်ပြီးသား ဖြစ်၏။ မနက်စာ စားရင်း Photoshop cc 2017 သွင်းဖို့ ပြင်၏။

Software သွင်းပြီးနောက် crack file run ဖို့ လုပ်၏။ crack ကိုက patch file အနေနှင့် run ရမည် ဖြစ်၏။ ညွှန်ကြားထားသည့် အတိုင်း တဆင့်ချင်းစီ သွား၏။ သို့ပေမယ့် ရွေးခိုင်းထားသည့် patch file မှာ ဘာမှ မတွေ့ပေ။ file မရှိနေပေ။ မနေ့တနေ့က အသိအကို ဆိုင်မှာ သွင်းတုန်းကတောင် ထို file ကို တွေ့သေး၏။ ယခုမှ မတွေ့တော့ပ။ ခွေကို ပြန်ထုတ်ပြီး ပြန်သွင်းကြည့်၏။ patch file ထဲ တခါ ပြန်ဝင်ကြည့်၏။ ဘာမှ မတွေ့ပေ။ မတွေ့ဆို ကျနော်က MSE (window defend) ကို မပိတ်ပဲ ထားမိလိုက်သည်ကိုး။ ထို window ထဲမှာ original ပါသည့် antivirus က patch file ကို အကောင်မှတ်ပြီး သတ်ထည့်လိုက်ပြီ ဖြစ်၏။

ဆိုးလိုက်သည့် ဖြစ်ခြင်း။ အနှီ MSE က ခွေထဲက file ကိုပါ တီးထည့်လိုက်ပြီ၊ တော်တော်လေး လွန်၏။ အလွန်မှ သဘောကောင်းသော MSE ပါတကား။ သူ၏ လုပ်နိုင်စွမ်းထက်ကို ကျော်လွန်ပြီး လုပ်ပေးသွား၏။ သူ၏ သဘောကောင်းမှုက ကျနော့်အတွက်တာ့ ဒုက္ခပင်။ ခုတော့ ဘာမှ လုပ်မရတော့ပေ။ ခွေထပ်ဝယ်ပြီး သွင်းကြည့်ဖို့သာ ရှိတော့၏။ သို့သော် ထိုသို့လည်း မလုပ်ချင်ပေ။ သို့နှင့် window ကိုပဲ update လုပ်ပစ်ဖို့ ဆုံးဖြတ်လိုက်၏။ အသိအကို တယောက်၏ အိမ်ကို သွားမည်။ သူက MPT fiber ယူထား၏။ phone ဆိုင်က သူငယ်ချင်းတွေနားမှာလည်း internet ရှိ၏။ သူတို့က Mytel ယူထား၏။

04grxrebqp.jpg

သို့သော် သူတို့ ယူထားသည်က 5 MB ဖြစ်ပြီး အသိအကိုက 10 MB ယူထားခြင်း ဖြစ်၏။ window update က size များ၏။ MB များသည့် internet နှင့် down မှ ပိုအဆင်ပြေလိမ့်မည်။ စောင့်ရသည့်အချိန်လည်း နည်းပေလိမ့်မည်။ ထို့ကြောင့် ထိုအကို အိမ်သို့သာ သွားလိုက်၏။ ထိုအကို အိမ်ရောက်တော့ နေ့လည် (၁၁) နာရီပင် ထိုးခါနီးပြီ ဖြစ်၏။ window update က auto လုပ်မရပေ။ မရဆို ကျနော်က ပိတ်ထားတာကိုး။ ပြန်မဖွင့်တော့ပဲ manual update လုပ်လိုက်ဖို့သာ ဆုံးဖြတ်လိုက်၏။

Update ကို ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေရတာက အလုပ်ပို၏။ window update assistant ကနေ တဆင့် lastest window ကို download ဆွဲလိုက်၏။ ကဲ ထိုင်စောင့်ဖို့သာ ကျန်တော့၏။ 10 MB ဆိုတော့ သိပ်တော့ ကြာမည် မထင်ပေ။ ဂိမ်းလေး ဆော့လိုက်၊ facebook လေး သုံးလိုက်နှင့် စောင့်နေလိုက်၏။ ဒီနေ့တော့ ပြီးမှ ဖြစ်မည်။ window update ဖြစ်သွားလျှင် မနေ့က down ထားသည့် photoshop 2019 သွင်းလို့ ရမည် မဟုတ်လား။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ဆက်​လက်​အား​ပေး​နေပါအုံး မယ်​ ဆရာဒွန်

ဟုတ်

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63576.35
ETH 3066.39
USDT 1.00
SBD 3.80