တက္ကသိုလ် ကျောင်းသား (Chapter 10)

in #myanmar5 years ago (edited)

FB_IMG_1527335451652.jpg

Fourth Year ပြီး နောက်ဆုံး နှစ်ကို တက်ဖို့ သိပ် စိတ်မပါလှပေ။ ကျောင်းတက်ခဲ့သည့် ကာလများအတွင်း အတိမ့်အမြင့် အတက်အကျများက များလွန်းလှ၏။ ဘော်ဒါ အပေါင်းအသင်းများနှင့် တရုန်းရုန်း နေရမည့် ကံ ကျနော့်ထံတွင် ပါမလာခြင်းလည်း ဖြစ်ပေလိမ့်မည်။ ထို အစား တနှစ်ပြီး တနှစ် သူငယ်ချင်း အသစ်များနှင့် ခင်မင်သိရှိခွင့် ရခဲ့ခြင်းက အမြတ်တခုဟုသာ ဆိုရပေလိမ့်မည်။ ယခုလည်း BE နှစ်ကို တကိုယ်တော် ဖြတ်သန်းရဦးမည်။ မည်သို့ပင် ဆိုစေ တကိုယ်တော် ခရီးဆက်ခြင်းသည် ကျနော့်အတွက်တော့ သိပ် မစိမ်းလှတော့ပေ။ အခြေအနေတွေကပင် ကျနော့်ကို တယောက်ထဲလေး နေတတ်အောင် သင်ပေးလိုက်၏။

နောက်ဆုံးနှစ် (BE တန်း) ကို တကိုယ်တော် ကပြ အသုံးတော်ခံရသော်လည်း စာစဉ်လုပ်ခြင်းကိုတော့ မရပ်တန့်လိုက်ပေ။ ရိုးရိုးအောင် ဖြစ်သွားသော်လည်း အနှီသူငယ်ချင်းသည် ဂျာနယ် ထွက်ချိန်နားနီးတိုင်း ရပ်စောက်မှ တောင်ကြီးသို့ တက်လာပြီး ကျနော့်ကို ကူညီလေ့ ရှိ၏။ ယခင်က စာရိုက်စရာ၊ စာစီစရာများကို ထိုသူငယ်ချင်းက အဓိက လုပ်၏။ ကျနော်က မည့်သည့်အရာများကို မည်သည့်နေရာမှ ထားမည် (စာ၊ ကဗျာ၊ ကာတွန်း၊ ဆောင်းပါးများကို နေရာ စီစဉ် ထားသိုမှု) နှင့် စာလုံးပေါင်း သတ်ပုံ စစ်ဆေးမှုကို တာဝန်ယူ၏။ Marketing ပိုင်းကိုတော့ (၂) ယောက်အတူ တာဝန်ယူ၏။

အစောပိုင်းထုတ်သည့် စာစဉ်များတွင် စာစဉ် တခုလုံး ကျနော်တို့ (၂) ယောက် စာများနှင့်သာ ပြည့်နေ၏။ ကလောင်ခွဲ အမျိုးမျိုးနှင့် ရေးကြ၏။ သို့သော် နောက်ပိုင်းတွင် ထိုသို့လုပ်နေသည်မှာ သိပ်နည်းလမ်း မကျဟု တွေးကာ အခြား ၀ါသနာရှင်များအား စာမူပေးပို့နိုင်ကြောင်း သတင်းလွှင့် ကြေငြာ ရတော့၏။ စာမူခတော့ မပေးနိုင်ပေ။ စာမူခအတွက် စာစဉ် တစောင် လက်ဆောင်ရမည် ဖြစ်၏။ တကယ်တမ်း ပြောရလျှင် ထိုအချိန်က စာမူခ မပေးနိုင်၊ မရလည်း သိပ်တော့ ကိစ္စ မရှိလှပေ။ မိမိစာ၊ မိမိ ကဗျာများ ယခုကို ပုံနှိပ် စာလုံးလေးအနေဖြင့် ပြင်နေရလျှင်ပင် ပျော်လွန်းလို့ ခုန်ပေါက်နေမိတတ်၏။

received_367207637048102.jpeg

ထိုစဉ်က ကျနော်က ကျောင်းသူ၊ ကျောင်းသားများ ကြုံရသည့် ကျောင်းတွင်းအခက်အခဲများကို ရယ်စရာ ထေ့လုံးလေးများနှင့် တမျက်နှာစာရေးလေ့ ရှိ၏။ နောက်ပိုင်းတွင် တော့ တမျက်နှာစာ မက (၃)၊ (၄)၊ (၅) မျက်နှာစာ ရေးရတော့၏။ ကြွားဝါလိုခြင်း မဟုတ်သော်လည်း ကျနော်သည် သရော်စာ အရေးအသားနှင့် လမိုင်းကပ်သည်ဟု ဆိုရပေလိမ့်မည်။ ကျနော်၏ အခြား စာပေပုံစံများထက် သရော်စာပုံစံကို ကျောင်းသူ၊ ကျောင်းသား အများစုက ပိုမိုပြီး သဘောကျ ကြ၏။ ဆရာမ တဦးဆိုလျှင် ကျနော် ရေးထားသည့် စာတပုဒ်မှာ ပါသည့် အကြောင်းအရာတခုကို ကျနော့်ကို စလေ့ ရှိ၏။ ထို ဆရာမသည် တော်ရုံ စနောက်လေ့ မရှိပေ။ ထိုကဲ့သို့ စနောက်ခဲသော ဆရာမက ကျနော်၏ စာထဲမှ အကြောင်းအရာနှင့် စသောကြောင့် လွန်စွာမှပဲ ပီတိဖြစ် ပျော်ရွှင် ရ၏။

ထိုစဉ်က Fourth Year မှာ ကျနော်တို့ကို စာသင်ပေးသည့် အတန်းပိုင် ဆရာမကလည်း ကျနော်တို့ စာစောင်နှင့် စာစောင်ထုတ်သူ ကျနော်တို့ကို အားပေး၏။ ကလောင် နာမည်များကို မှတ်လာပြီး ဘယ်သူက ဘယ်သူလဲဟု တခုတ်တရလေး လာလာပြီး မေးလေ့ ရှိ၏။ ထိုစဉ်က ကျနော်တို့ (၂) ယောက်သည် မိုးကျရွှေကိုယ်များအလား မြောက်ကြွ မြောက်ကြွနှင့် ရှိတော့၏။ အများအမြင်ကတ် လောက်အောင် မဟုတ်ပဲ၊ ကျနော်တို့ အချင်းချင်းသာ သိသော မြောက်ကြွခြင်းမျိုးနှင့် ဖြစ်၏။

အစပိုင်းမှာ အိပ်စိုက်ပြီး လုပ်ရသော်လည်း နောက်ပိုင်းတွင် စာစောင်မှ အမြတ်ငွေလေးများနှင့် တပတ်လောက်ထိ ကျနော်တို့ လက်ဖက်ရည်၊ မုန့် ကောင်းကောင်းစားလို့ ရ၏။ စာစောင် ထုတ်ဝေသည့် အရေအတွက်လည်း တပတ်ပြီး တပတ် ပိုပိုပြီးများလာခဲ့၏။ ပြောရလျှင် ကျနော်တို့ စာစောင် အောင်မြင်သည်ဟု ဆိုရပေလိမ့်မည်။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

‌ကျောင်းသားဘဝမှာတင်‌‌အောင်‌ မြင်‌‌အောင်‌ လုပ်‌နိုင်‌တာ ‌တော်‌ပါတယ်‌ ကိုဒွန်‌။

မဖြစ်စလောက်လေးပါ အကိုရယ်။
ကျေးဇူးပါဗျ

ကိုယ့်စာစောင်လေး အောင်မြင်တာ ဝမ်းသာမှုကပြောစရာမလိုအောင်ပါပဲ ဝမ်းသာစရာကောင်းပ

ဟုတ်ပ

Fourth Yearth အာ့ ဘာကြီးဒုန်း ဆာဒွန် မသိလို့ဘာနော်

ဟီး ပြင်လိုက်မယ်ဗျ

စာ​ရေးသူရဲ့ ပီတိ​လေး​တွေ​ပေါ့ဗျာ 😁

Posted using Partiko Android

ဟုတ်

ကျောင်းသားဘဝထဲက စာတွေရေးပြီး နာမည်ရနေတာပါလား။တော်ပါတယ်အစ်ကို။လေးစားလျက်ပါ။

ဟီးဟီး နည်းနည်းပါဗျ

ဝမ်းသာစရာ😁

Posted using Partiko Android

ဟုတ်တယ် မမ

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64485.37
ETH 3156.53
USDT 1.00
SBD 4.05