တက္ကသိုလ် ကျောင်းသား (Chapter 12)

in #myanmar5 years ago

FB_IMG_1527335451652.jpg

မည်သို့ပဲ ကျွမ်းကျင် လာခဲ့ပါစေ စာစောင် ထွက်ခါနီးတိုင်း အိပ်ရေးပျက်ရသည်မှာတော့ အမှန်ပင်။ စာစောင်မထွက်ခင်ထိ အချိန်တိုင်းသည် အပင်ပန်းဆုံး၊ အခက်အခဲဆုံး အချိန်များ ဖြစ်ပြီး။ စာစောင်များအာလုံးကို print ထုတ်ပြီး ကျောင်းသို့ ယူသွားရန် အဆင်သင့် ဖြစ်နေချိန်သည် အပျော်ဆုံး အချိန် ဖြစ်၏။ အရိုးသားဆုံး ၀န်ခံရလျှင် ကျောင်းစာအုပ်များ ပိုက်ပြီး ကျောင်းထဲ ၀င်ရခြင်းထက် ကျနော်တို့၏ Nano စာစဉ်အထပ်လိုက်များကို ယူဝင်ရခြင်းကို ပိုမို နှစ်သက် ခုံမင် ပျော်ရွှင်၏။

စာစဉ်ကို Fourth Year တုံးက ကိုယ်တိုင် ရောင်းဖို့ လိုသော်လည်း ယခု နောက်ဆုံး နှစ်တွင်တော့ ရောင်းဖို့ မလိုတော့ပေ။ အထိုက်အလျောက် နာမည် ရလာပြီ ဖြစ်သဖြင့် ၀ယ်သူတွေက ရောင်းသူထံသို့ သူ့အလိုလို ရောက်လာကြ၏။ (၁၀) စောင်၊ (၁၅) စောင် အစရှိသဖြင့် တခြား major မှ လူများက ကိုယ်စား လာလာ ယူပေးကြ၏။ ထို ကိုယ်စားလှယ်များအတွက် ကျနော်တို့က စာစောင်တစောင် လက်ဆောင်ပေး၏။ ထိုမျှသာ ကျနော်တို့လည်း တက်နိုင်၏။ ထို့ထက်ပို၍လည်း မလုပ်ပေးနိုင်ခဲ့ပေ။

မည်သို့ပင် ဆိုစေ ထိုစဉ်က ကျနော်တို့ စာစဉ်လေးသည် ကျောင်းသူ ကျောင်းသားတို့၏ အမောအပန်းများကို တဒင်္ဂအားဖြင့်တာ့ ငြိမ်းစေ၏။ သူတို့၏ အဆင်မပြေမှု အခက်အခဲများကို စာစဉ်မှတဆင့် ဆရာ၊ ဆရာမတို့နှင့် တာဝန်ရှိသူတို့ သိစေ၏။ ဆရာ၊ ဆရာမတို့၏ ကျောင်းသူ၊ ကျောင်းသားတို့အပေါ် ထားသည့် စေတနာများ၊ ဖြစ်စေချင်သည်များကို စာစဉ်ကနေ တဆင့် သွယ်ဝိုက်ပြီး ဖော်ပြပေးလို့ ရ၏။

received_367207637048102.jpeg

သို့ကြောင့်ပင် Nano ခေါ်တွင်သည့် ကျနော်တို့၏ စာစဉ် သေးသေးလေးသည် အားလုံး၏ ဖေးမ ပေးမှုနှင့် ရှင်သန် ရပ်တည်နိုင်ခဲ့၏။ နောက်ဆုံး နှစ်တွင် စာစဉ်ကို အာရုံ စိုက်ပြီး လုပ်ဆောင်နေရပေမယ့် နှစ်စဉ် ထုတ်နေကြ ဖြစ်သည့် ကဗျာ စာအုပ် ထုတ်ဝေခြင်းကိုလည်း မပျက်မကွက် ကျနော် ထုတ်ဝေ ဖြစ်၏။ နောက်ဆုံး နှစ်တွင် ထုတ်ဝေသည့် ကျနော့် ကဗျာ စာအုပ်ကို အခကြေးငွေ တစုံတရာ အနေဖြင့် ရောင်းချခြင်း မပြုပဲ လက်ဆောင် အဖြစ်ပေး၏။ ရှေ့နှစ်များက ထုတ်ဝေခဲ့သည့် ကျနော့် ကဗျာစာအုပ်များကို ၀ယ်ယူအားပေးသူတို့အား အမှတ်တရ လက်ဆောင် အနေဖြင့် ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်၏။

First Year ကတည်းကနေ နောက်ဆုံး နှစ်ထိ (external နှစ်မှ လွဲလို့) ကဗျာ စာအုပ် ထုတ်ဝေခြင်း မပျက်ခဲ့ပေ။ သူငယ်ချင်းများနှင့် စုပေါင်းပြီး ထုတ်ဝေခြင်း၊ တကိုယ်တော် ထုတ်ဝေခြင်း အစရှိသဖြင့် တနှစ်ကို အနည်းဆုံး တအုပ်တာ့ ထုတ်ဝေ ဖြစ်၏။ ကျောင်းသား ဘ၀ စား ၀တ် နေရေး ပူစရာ မလိုသေးသောကြောင့်လည်း အေးအေးလူလူ စာရေးနေနိုင်ခြင်းလည်း ဖြစ်၏။ ယခုအချိန်မှာတော့ ကျောင်းသားဘ၀တုန်းကလောက် စာများများ မရေးနိုင်တော့ပေ။ လက်တွေ့ဘ၀မှာ ရှင်သန်နေထိုင်ရေးအတွက် ရုန်းကန်နေရ သဖြင့် စာရေးခြင်းကို နှစ်သက်ပေမယ့် သိပ်မရေး ဖြစ်တော့ပေ။ Steemit ကဲ့သို့သော စာပေရေးသားခြင်းကို အခြေခံသည့် blog ကြောင့်သာ စာများ ပုံမှန် ရေးနိုင် ရေးဖြစ်နေခြင်း ဖြစ်၏။

နောက်ဆုံး နှစ် တနှစ်လုံး နီးပါး စာစဉ်ကို တဦးတည်း တယောက်တည်း လုပ်ရပေမယ့် ကျောင်းစာမှာလည်း လစ်ဟင်းမှု မရှိအောင်တော့ ဂရုစိုက်၏။ တနှစ်ပဲ ကျန်တော့သည် မဟုတ်လား။ အရေးကြီးသည့် ပေါင်းကူးတန်းတွေမှာ ခံလေ့ မရှိပဲ။ ရိုးရိုးအောင်ရုံနှင့်လည်း ရသည့် အတန်းတွေမှာမှ ခံလေ့ ရှိသည့် ကျနော့် သမိုင်းကြောင်း ကြောင့်လည်း အတန်ငယ်တော့ စိတ်ပူ မိ၏။ စာလုံးဝ မလုပ်ခြင်းမျိုး၊ စာကြည့်ကြည့်ပဲ လုပ်နေခြင်းမျိုးလည်း မဟုတ်ပဲ ပုံမှန်လေးတော့ စာကြည့်၏။

အမှန်တကယ်အနေဖြင့် ကျနော်၏ ကျောင်းတွင်း ကဗျာ၊ စာပေ လှုပ်ရှားမှုသည် သာမန်လောက်လေးသာ ဖြစ်၏။ သတ်သတ် ဇာချဲ့ပြီး ပြောဆိုနေခြင်း ကြောင့်သာ မသိလျှင် စာပေ ဂုရုကြီးနှယ်။ အမှန်တော့ ကျနော်သည် ၀ါးလုံးခေါင်းထဲ လသာနေခြင်းသာ ဖြစ်၏။ အနူတောထဲမှာ လူချော လုပ်နေခြင်းသာ ဖြစ်၏။ မည်သို့ပင် ဆိုစေ ထိုစဉ်က ကျောင်းတွင်း ကဗျာ၊ စာပေ လှုပ်ရှားမှုတွင် အခြားသူများထက် ကျနော်တို့ သာခဲ့သည်ကတော့ အမှန်ပင် ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

ဒါလဲ တက္ကသိုလ်ရင်ခုန်ပျော်စရာ အမှတ်တရပ

ဟုတ်ပ အကို

Welcome to Steem donjaun! Partiko is officially the fastest and most popular mobile app for Steem. Unlike other Steem apps, we take 0% cut of your earnings! You can also be rewarded with Partiko Points while using Partiko and exchange Partiko Points for upvotes!

Partiko for Android can be downloaded here on Google Play and the iOS version is available here on the App Store.

If you have more questions, feel free to join our Discord channel and ask @crypto.talk, we're always here to help!

Thank you so much for your interest!

အ‌တွေ့အကြုံရှိတာ ဆက်‌လုပ်‌သင့်‌တယ်‌ကိုဒွန်‌။

ဟုတ် အကို

ကိုဒွန်က ကျောင်းမှာ ဂေါ်လီလို လိမ့်နေတာပေါ့😁

ကျောင်း ဂေါ်လီပေါ့ဗျာ

ကောင်းလိုက်တဲ့ ကျောင်းအတွေ့အကြုံလေး တစ်ချို့ဘသူငယ်ချင်းတွေကတော့ စာရေးကောင်စသော်လည်း သူတို့စာတွေက စာအုပ်ထဲမှာ ဇာတ်သိမ်းသွားရရှာတယ် ။

တချို့တွေကတော့ အဲ့လိုပါပဲလေ

တက္ကသိုလ် အမှတ်တရပေါ့ ဘဒို

ဟုတ်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64038.60
ETH 3148.89
USDT 1.00
SBD 3.97