တက္ကသိုလ်ကျောင်းသား (Chapter 9)

in #myanmar5 years ago

FB_IMG_1527335451652.jpg

ဒီလိုနှင့် Fourth Year ကို ကျနော် တက်ခွင့် ရ၏။ ကျနော့်ထက် (၃) နှစ်ခန့် အတန်းအားဖြင့် ငယ်သည့် ကလေးများနှင့်အတူ တက်ရ၏။ First Year နှင့် Third Year မှာ မအောင်မြင်ခဲ့သော နှစ်များကြောင့် ဖြစ်၏။ အကောင်းဖက်ကတွေးလျှင်တော့ ရှေ့မီ နောက်မီ ဖြစ်ပြီး သူငယ်ချင်း၊ အသိများတာပေါ့လေ။ Third Year (External) နှစ်တုန်းက ခင်သည့် သူငယ်ချင်း တယောက်နှင့် ပေါင်းပြီး Nano ဆိုသည့် စာစဉ်လေးကို ထုတ်ဝေ ဖြစ်၏။ (ထိုအကြောင်းများကို ကျနော် ယခင် posts များ၌ ရေးသားဖော်ပြဖူး၏။)

Fourth Year နှစ်သည် တက်ဖြစ်ခဲ့သည့် တက္ကသိုလ်နှစ်များအတွင်း အပျော်ဆုံး ဖြစ်၏။ ဘာလဲ ရည်းစား (ချစ်သူ) ရလို့လားပေါ့။ မဟုတ်ပေ။ အထက်က ဆိုခဲ့သည့်အတိုင်း Nano ဆိုသည့် စာစဉ်လေး ထုတ်ဖြစ်ခဲ့ခြင်းကြောင့် ဖြစ်၏။ ထို့ပြင် First Year ပြီးနောက် စာကို သေချာလေး ပြန်လုပ်ဖြစ်သည့် နှစ်လည်း ဖြစ်သောကြောင့် ဖြစ်၏။ First Year တနှစ်ထိပြီးကတည်းက ထောင်ထောင် ထောင်ထောင်နှင့် မြောက်ကြွကြွ မနေတော့သော ကျနော်သည် Fourth Year မှာတော့ First Year မှာတုန်းက ကဲ့သို့သော တက်ကြွသည့် စိတ်များဖြင့် တက္ကသိုလ်နေ့ရက်များကို ဖြတ်သန်း ဖြစ်၏။

First Year တက်စတုန်းက နည်းပညာကျောင်းသားကြီး ငါကွ ဆိုသည့် စိတ်ကြီးဝင်စိတ်နှင့် ခပ်မြောက်မြောက်လေး ဖြစ်နေ၏။ အများအမြင်မှာ မသိသာသော်လည်း မိမိကိုယ်ကို သိ၏။ ထိုစိတ်တို့သည် First Year တနှစ်ထိပြီး ချိန်မှာတော့ အဝေးသို့ လွင့်စင်သွား၏။ အပိုစာသာများ၊ ဟန်ကိုယ့်ဖို့တွေ ဘာတွေ သိပ်မလုပ်နေတော့ပဲ နေတတ်သလိုလေးသာ သိုသိုသိပ်သိပ်လေး နေခဲ့၏။ ခေတ်စကားနှင့် ပြောရလျှင်တော့ အပိုးကျိုးသွားသည်ပေါ့။ သို့ပေမယ့်လည်း နည်းနည်း နည်းနည်းနှင့် မရဲတရဲတော့ ဆိုးနေတုန်းပင် ဖြစ်၏။ Fourth Year မှာ တဖန် ပြန်လည် တက်ကြွလာခြင်းသည် First Year တုန်းက ကဲ့သို့ စိတ်ကြီး ၀င်ခြင်းမျိုး မဟုတ်ပဲ မိမိလုပ်နေသည့် စာစဉ်နှင့် ပတ်သက်ပြီး စိတ်ပျော် တက်ကြွနေခြင်းမျိုး ဖြစ်၏။

received_367207637048102.jpeg

Chapter 8 မှာ ရေးခဲ့ဖူးသည့်အတိုင်း ကျနော် နှင့် စာစဉ်ပေါင်းထုတ်သည့် သူငယ်ချင်းသည် ပေါင်းရခက်သည်ဟု လူအများက လက်ခံထားသူ ဖြစ်၏။ ကျနော်နှင့်တော့ ပေါင်းရသင်းရ အဆင်ပြေ၏။ သို့ပေမယ့်လည်း သူ့အတွေးတွေက တမျိုးတော့ တမျိုးပင်။ အများနှင့် မတူ တမူထူးသူဟု ဆိုရပေလိမ့်မည်။ မည်သို့ပင် ဆိုစေ ကျနော်တို့သည် Nano ဆိုသည့် ခေါင်းစဉ်လေးအောက်မှာ တရင်းတနှီးနှင့် တိုင်တိုင်ပင်ပင်လေး ပြောဆို ဆွေးနွေး ဖြစ်၏။ (၁၅) ရက် တကြိမ်ထုတ် စာစောင် (စာစဉ်) လေးအတွက် ကျနော်တို့မှာ အမြဲတွေးတောပြီး အလုပ်ရှုပ်နေလေ့ ရှိ၏။

စစချင်းထုတ်သည့် ပထမ တစောင်သည် မဆိုးဟု ဆိုလို့ ရ၏။ အထိုက်အလျောက် အားပေးမှုရခဲ့၏။ သို့ပေမယ့် ဒုတိယ တစောင်မှာတော့ ထင်သလောက် မှန်းထားသလောက် မအောင်မြင်ခဲ့ပေ။ ထည့်သွင်းထားသည့် အကြောင်း အရာ စာပေများကြောင့် မဟုတ်ပဲ၊ ပထမနှစ်ဝက် ဖြေရန် နီးကပ်နေချိန် ဖြစ်သောကြောင့် ကျောင်းမှာ လူနည်း နေခြင်း ဖြစ်၏။ ကျောင်းလာသူ နည်းသောကြောင့် စာစောင် ၀ယ်ယူအားပေးမည့်သူ ပထမ တစောင်လောက် မရှိပေ။ ဒုတိယပတ် စာစောင်မှ လွဲပြီး နောက်ပိုင်းထုတ်ဝေသည့် အပတ်စဉ်များတွင်မူ တဖြည်းဖြည်း ရောင်းအား ကောင်းပြီး၊ စောင်ရေများ တက်လာခဲ့၏။

received_367159270386272.jpeg

ပထမဆုံး အပတ်စဉ်များတွင်သာ ကိုယ်တွေက လိုက်ရောင်းနေရပြီး နောက်ပိုင်း စာစဉ်များတွင်မှု မိမိတို့က လိုက်ရောင်းစရာမလိုတော့ပေ။ ထွက်ချိန်ရောက်သည့် ရက်နီးလာလျှင် သူ့အလိုလို လာလာမေးပြီး ၀ယ်ကြ၏။ တခါတလေ ထွက်ချိန် နောက်ကျနေလျှင် မထွက်သေးဘူးလား၊ ဘာလို့လဲ ဆိုပြီး မေးယူခံရသည့် အထိပင်။ ကျနော်တို့၏ မြေတောင်မြှောက်ပေးမှုကြောင့် စာစဉ်လေး ထွန်းထွန်းပေါက်ပေါက် ဖြစ်လာခဲ့သလို ကျနော်တို့လည်း စာစဉ်လေးကြောင့် ယခင်ထက် မျက်နှာပို၍ ပွင့်လာခဲ့၏။ ဆိုရလျှင် ကျနော်တို့ စာစဉ်လေးသည် ပတ်ဝန်းကျင် ကောင်းလေး ရခဲ့ခြင်း ဖြစ်၏။ သူငယ်ချင်းများက ၀ိုင်းဝန်းခဲ့ကြသည့် အပြင် ဆရာ၊ ဆရာမများကလည်း အားပေးခဲ့ကြ၏။

ဤသို့ဖြင့် Fourth Year ကို ပျော်ရွှင်စွာ ဖြတ်သန်းခွင့်ရခဲ့၏။ ကျောင်းစာလုပ်လိုက်၊ စာစဉ်အတွက် အချိန်ပေးလိုက်နှင့် တက္ကသိုလ် နေ့ရက်များ ကုန်ဆုံးခဲ့၏။ မကြာမီ စာမေးပွဲ ဖြေ၏။ ကျောင်းတွေ ပိတ်၏။ အောင်စာရင်းတွေ ထွက်တော့ ကျနော့်အတွက် ၀မ်းနည်းဖွယ်ရာ တခုနှင့် ထပ်ကြုံရ၏။ ကျနော်နှင့် စာစဉ် အတူလုပ်သည့် သူငယ်ချင်း Fifth Year (BE) သို့ ပေါင်းကူး မပါပဲ Fourth Year (2BT) နှင့်ပဲ ရိုးရိုးအောင် ဖြစ်သွားသောကြောင့် ဖြစ်၏။ ကံကြမ္မာကြီးသည် ကျနော့်ကို အလွန်ပဲ ကျီစယ်၏။ ကျနော့်ကို နှောင့်နှေးစေလိုက်၊ သူငယ်ချင်းများနှင့်ခွဲခွာစေလိုက်နှင့် တက္ကသိုလ် နေ့ရက်များကို လွမ်းမောစရာများနှင့် နာကျင်စရာများနှင့် ပြည့်နှက်အောင် ကလူကျီစယ်၏။ တဆိတ်လေးတော့ ရက်စက်လွန်းလှ၏။ သို့နှင့် ကျနော်သည် (BE) တက္ကသိုလ် နောက်ဆုံးနှစ်ကို အနှီသူငယ်ချင်းမပါပဲ တကိုယ်တော် ဖြတ်သန်းရပေတော့မည်။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

‌ကျောင်းသားဘဝအ‌ကြောင်းဖတ်‌ရရင်‌ ‌ပျော်‌လည်း‌ပျော်‌ ဝမ်းလည်းနည်းရ၏

ဟုတ်တယ် အကို

ဒါမျိုး​တွေ ​ရေးရင်းနဲ့စဉ်းစားရတာ အ​တော်​ ဖီးရှိတယ်

အဟုတ်ပဲ

ဟောတော်!!! တက္ကသိုလ်ကျောင်းဆင်းသွားပြီမှတ်နေတာ မဆင်းသေးပဲကိုး ☺

ခုထိ တက်တုန်း

သတိရစရာ အချိန်​​တွေဗျာ 😄

Posted using Partiko Android

ဘယ်တော့မှ မမေ့

ဒို့ mscထဲ အင်ဂျင်နီယာတွေ အတော်များသားဘဲ

Posted using Partiko Android

ဟုတ်ပ

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66438.74
ETH 3268.32
USDT 1.00
SBD 4.39