Trouble : Always Right Time (Chapter 1)

in #myanmar5 years ago

t5n9axz4v5.jpg
လူရယ်လို့ ဖြစ်လာမှတော့ ပျော်စရာ ရွှင်စရာတွေ အပြင် ၀မ်းနည်းစရာ ဒုက္ခတွေနှင့်လည်း ကြုံရမှာ မလွဲပေ။ စိတ်လက်ပေါ့ပါးသည့် အခါမျိုး ရှိသလို၊ စိတ်ညစ် စိတ်ရှုပ်ရသည့် အခါမျိုးလည်း ရှိမှာပဲ။ အခြား သူများတော့ မသိပေ ကျနော့် အတွက်တော့ စိတ်လက်ပေါ့ပါးသည့် အကြိမ် အရေအတွက်က သာပြီး များလေ့ ရှိ၏။ စိတ်ရှုပ်စရာတွေ ရှိပေမယ့်လည်း ကိုယ်တိုင်က ပျော်အောင် နေထိုင်ဖို့ ဦးတည် ထားသူ ဖြစ်သဖြင့် တော်ရုံ စိတ်ရှုပ်မှုမျိုးကတော့ မတိုးပေ။ ကြီးကြီးမားမား ကိစ္စမျိုးတွေပင် ကျနော့်အား တဒင်္ဂလောက်သာ စိတ်ရှုပ်စေ၏။

သို့ပေမယ့် တခါတလေ မှသာ လာတက် ကြုံတက်သည့် စိတ်ရှုပ်စရာများသည် တခေါက်ဆို တခေါက် သိသာလှ၏။ ထိုသို့ သော အချိန်အခါ၊ နေ့ရက်မျိုးနှင့် ကြုံလျှင် တော်တော်လေးကို ဗျာများရ၏။ ဒီနေ့လည်း အနှီ စိတ်ရှုပ်စရာနှင့် ထပ်ကြုံရပြန်၏။ ဒီနေ့ အတန်းက နေ့လည် (၂) နာရီမှ ပြီး၏။ ပုံမှန် ဆိုလျှင်တော့ (၁) နာရီဆို ပြီးနေကြ ဖြစ်၏။ သို့ပေမယ့် အတန်းချိန် အပြောင်းအလဲ တခုကြောင့် (၂) နာရီမှ ပြီး၏။ အိမ်ပြန်ရောက်တော့ (၂) နာရီ (၁၅) မိနစ် ရှိနေပြီ ဖြစ်၏။ တူလေးကို (၂) နာရီခွဲ ကျောင်းကြိုရမည် ဖြစ်သဖြင့် ထမင်းစားဖို့က မမှီတော့ပေ။

သို့နှင့် သူ့ကို ကျောင်းကြိုဖို့ ပြင်လိုက်၏။ ကျောင်းကြိုပြီး အင်္ဂလိပ်စာ သင်တန်းကို တန်းပြီး ပို့ရမည် ဖြစ်၏။ သူ့ကို ကြိုပြီး ပို့ခဲ့ပြီးမှ ပြန်လာပြီး စားတော့မည် တွေးထား၏။ ညနေ (၃) နာရီလောက် အိမ်ပြန်ရောက်၏။ အိမ်ပြန်ပြီး မကြာမီမှာပင် မိုးက ရွာလာတော့၏။ မိုးမမိလို့ တော်သေး၏။ သို့နှင့် ထမင်းစားဖို့ ပြင်၏။ ထိုစဉ်မှာပင် အသိ သူငယ်ချင်းက phone ဆက်လာ၏။ Futsal ဖိနပ် ၀ယ်ချင်လို့ ဘယ်နား ကောင်းတုန်း တဲ့ အဆင်ပြေရင် လိုက်ကူပါလားတဲ့။ ထမင်း မစားရသေးလို့ စောင့်ဦး ခဏနေ လာခဲ့မယ်ဟု ပြန်ပြောတော့ လာခဲ့ပါ ထမင်းကျွေးပါ့မယ် ဆို၏။

သို့နှင့် ကျနော်လည်း အိမ်မှာ မစားတော့ဘဲ သူ့ထံသို့ သွားလိုက်၏။ သူ့ဆိုင်မှာ ဆိုင်ကယ်ထားခဲ့ပြီး ကားနှင့် သွားကြ၏။ မိုးက ပြောမရဘူးကိုး။ သူက ထမင်းအရင်စား မလားဟု လုပ်နေသဖြင့် ဖိနပ် အရင်ဝယ်ဖို့သာ ပြောလိုက်၏။ သူက ဗိုက်ဆာနေမှာပေါ့ဟု ပြော၏။ တကယ်လည်း ဗိုက်ဆာနေပါ၏။ သို့ပေမယ့် ကိုယ့်အကြောင်း ကိုယ် သိသဖြင့် ဖိနပ်ကိုသာ အရင် ၀ယ်ဖို့ ပြောလိုက်၏။ ဖိနပ်ဝယ်ပြီး Aurora လက်ဖက်ရည်ဆိုင်သို့ သွားကြ၏။ ထိုဆိုင်မှာ အစားအသောက်လည်း ကောင်း၏။ ကျနော့် အကြိုက် ၀က်စတူး ထမင်းပေါင်းနှင့် ၀က်ကလီစာ ထမင်းကြော် စားလို့ ရ၏။ ၀က်စတူး ထမင်းပေါင်းလေး မှာထားတုန်း ရှိသေး ကျနော့် အမထံက phone ၀င်လာ၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64060.81
ETH 3129.62
USDT 1.00
SBD 4.17