UCL FinalsteemCreated with Sketch.

in #myanmar5 years ago

FB_IMG_1527335451652.jpg

ဒီနေ့ မနက်မှာတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားပြီးသွားခဲ့ပြီ ဖြစ်၏။ အားလုံးနီးပါး ထင်မြင် ခန့်မှန်းထားသည့် အတိုင်း Liverpool အသင်းက အနိုင်ရသွားခဲ့၏။ Spurs အသင်းက သူတင်၊ ကိုယ်တင် ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း မသေချာမှုကြောင့် အရှုံးပေးလိုက်ရခြင်း ဖြစ်၏။ Liverpool ဂိုးသမား ကောင်းလွန်းနေသည် ဆိုတာထက် Spurs ကစားသမားများ ကိုယ်တိုင်က ဂိုးသွင်း မသေချာနေခြင်း ဖြစ်၏။ တကယ်တမ်း Liverpool ဂိုးသမားက သာမန်လောက်သာ ကာကွယ်သွားခဲ့ရခြင်း ဖြစ်၏။ တကယ့်ကို ထိုထက် မပိုခဲ့ပေ။

တကယ်တမ်း ပြောရလျှင် ယခုဗိုလ်လုပွဲသည် ကြည့်ဖူးသမျှ ချန်ပီယံလိဂ် ဗိုလ်လုပွဲများ အနက် ပျင်းဖို့ အကောင်းဆုံး ပွဲတပွဲ ဖြစ်ခဲ့၏။ နှစ်သင်းလုံး၏ ကစားပုံက ကွာတားနှင့် ဆီမီး ပွဲစဉ်တွေတုန်းကလိုမျိုး မဟုတ်ခဲ့ပေ။ ကြည့်ရှုသူ ကျနော်တို့ အဖို့လည်း တခုခု လိုနေသလိုကို ခံစားရ၏။ ထို ခံစားချက်က ကျနော် တယောက်ထဲမှာ ဖြစ်ခြင်းမျိုး မဟုတ်ဘဲ အခြားသူများလည်း ဖြစ်မည်မှာ အသေအချာပင်။

မနေ့ညက စနေနေ့ ဖြစ်သဖြင့် ကျနော်တို့ အဖွဲ့လည်း ဘောလုံး ကန်ကြသေး၏။ ဘောလုံးကန် ပြန်လာပြီးနောက် ဗိုလ်လုပွဲ ကြည့်သင့် မကြည့်သင့်၊ ကြည့်မလား မကြည့်မလားကို သေချာ မစဉ်းစားရသေးပေ။ ပုံမှန်အားဖြင့် မနက် (၂) နာရီမှ အိပ်လေ့ ရှိသူ ကျနော့်အဖို့ ဘောလုံးပွဲကို တမင်စောင့်နေစရာမလိုသည်ကတော့ အမှန်ပင်။ American’s Got Talent (AGT) 2019 ကို YouTube ကနေ ပြန်ကြည့်နေလိုက်၏။ ရှေ့ရက်ကလည်း ထို AGT ကြည့်နေသဖြင့် အိပ်ရာဝင်ချိန် နောက်ကျခဲ့သေး၏။

FB_IMG_1559474825762.jpg
photo from UCL facebook page
ယခု AGT 2019 က အတော်လေး ကြည့်လို့ ကောင်း၏။ အဘယ်ကြောင့်ဆိုသော် အနယ်နယ် အရပ်ရပ် (ကမ္ဘာ အနှံအပြား) မှ ဆုရဖူးသည့် ပြိုင်ပွဲဝင်များ လာရောက် ယှဉ်ပြိုင် ကြသောကြောင့် ဖြစ်၏။ Winner, Runner up, Final List များ ယှဉ်ပြိုင်ကြခြင်း ဖြစ်သဖြင့် တော်တော်လေးကို ကြည့်လို့ကောင်း၏။ ကြည့်ကောင်းလို့ပဲ အိပ်ချိန် နောက်ကျသွားရခြင်း ဖြစ်၏။ YouTube မှာ week အလိုက် တင်ထားပေး၏။ week 8 အထိ တင်ထားပေးသည်ကို တွေ့ရ၏။ ပြိုင်ပွဲဝင်တိုင်းက တကယ့်ကို ကောင်းကြ၏။ ရင်သပ်ရှုပ်မော စရာ၊ ပျော်ရွှင် စိတ်လှုပ်ရှား စရာ အပြည့်ပင်။

ကြည့်ကောင်းကောင်းနှင့် ကြည့်နေလိုက်တာ မနက် (၂) နာရီ ထိုးခါနီးသွား၏။ ဘောလုံးပွဲ မိနစ် (၃၀) စာလောက် လွတ်သွား၏။ ကျနော် ဖွင့်ကြည့်လိုက်တော့ Liverpool က တဂိုးတောင် သွင်းထားပြီ ဖြစ်၏။ နှစ်သင်းလုံး အပြန်အလှန် ကစားနိုင်ကြ၏။ Spurs ကတောင် ဘောလုံး ပိုင်ဆိုင်မှု အသာ၊ ခြေစွမ်း အသာဖြင့် ကစားနိုင်နေသေး၏။ သို့ပေမယ့် ဂိုးတော့ မသွင်းနိုင် ဖြစ်နေ၏။ ပထမပိုင်း ပြီးနောက် ဒုတိယပိုင်းမှာ လည်း Spurs က ပိုမိုပြီး ဖိကစားနိုင်ခဲ့၏။ ဂိုးသွင်းခွင့်များ ပိုပြီး ရပေမယ့် ဂိုး အဖြစ်တော့ ပြောင်းလဲ နိုင်ခဲ့ဖြင်း မရှိပေ။

ဒီလိုနှင့် ပွဲပြီးခါနီး (၈၇) မိနစ် အရောက်မှာတော့ Liverpool အသင်းက အနိုင်သေချာစေမည့် ဒုတိယဂိုးကို ထပ်မံသွင်းယူလိုက်တော့၏။ ထိုဂိုးပေးလိုက်ရပြီး နောက်မှာတော့ Spurs အသင်းလည်း လုံးဝ ပြိုဆင်းသွားခဲ့တော့၏။ အဆုံးမှာတော့ Liverpool အသင်းက ချန်ပီယံဆိုကို သိမ်းပိုက်သွားခဲ့၏။ ကျနော်လည်း ဆုချီးမြှင့်ပုံများကို စောင့်ကြည့်ပြီးနောက် အိပ်ရာဝင်ခဲ့၏။ အိပ်ရာ မ၀င်မီ နာရီ ကြည့်မိတော့ မနက် (၄) နာရီပင် ထိုးနေပြီ ဖြစ်၏။

Don Jaun

MSC 31

Sort:  

ကြည့်ဖူး ကြည့်ဖူး အိပ်ရေးပျက်လွန်းလို့

ငှယ့်

ကျေးဇူးပြု၍ ဖော်လိုး ပေးပါဦး ကိုဒွန်ရေ...
အသစ်ပြန်စရမှာဆိုတော့ အားမွေးရဦးမယ်

Posted using Partiko Android

ဟုတ်ဟုတ်
Fighting ကိုဟိန်း

ဘောတော့ မကြည့်ဖြစ်ဖူးအကို

ကြည့်ကြည့် ကောင်းတယ် 😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64058.80
ETH 3150.15
USDT 1.00
SBD 3.99