ကျနော်နှင့် အားကစား (Chapter 19)

in #myanmar5 years ago

FB_IMG_1527335451652.jpg

ထိုကဲ့သို့ အေးအေးလူလူ နေလေ့ ရှိသည့် တောင်ကြီးသူ၊ တောင်ကြီးသားများ လက်ရွေးစဉ် စခန်းသွင်း လေ့ကျင့်မှုမှာ ကောင်းကောင်း အခက်တွေ့တော့၏။ နေရထိုင်ရသည်က အနည်းငယ်တော့ အဆင်ပြေသည် ဆိုလို့ ရ၏။ ပမာဏ လက်ရွေးစဉ် အဖြစ် အရွေးခံထားရသူများသည် မိမိတို့ လေ့ကျင့်သည့် နေရာကို တပါတည်း သန့်ရှင်းရေးလုပ်ရ၏။ မကစားခင်လည်း သန့်ရှင်းရသလို၊ ကစားပြီးလျှင်လည်း သန့်ရှင်းရေး လုပ်ရ၏။ သန့်ရှင်းရေး လုပ်နေချိန်ဆိုလျှင် လေ့ကျင့်ရေးကွင်း (ခန်းမ) ထဲမှာ ရှိသည့် ကက်ဆက်ထဲသို့ မြူးကြွသွက်လက်သည့် အနောက်တိုင်း သီချင်း အမျိုးအစားများကို ဖွင့်ပြီး သူတို့ သန့်ရှင်းလုပ် ကြ၏။

ထိုသို့ ဖွင့်ရသည်မှာ ခဏသာ ဖြစ်၏။ ကိုရီးယား နည်းပြကြီး ရောက်လာလျှင် သူတို့ ဖွင့်နေသည့် သီချင်းခွေ ထုတ်ပြီး မာမာအေး သီချင်း ဖွင့်ရတော့၏။ အနှီ ကိုရီးယားကြီးသည် မြန်မာ စကား မပြောတတ်ပဲ အဘယ်ကနေ ဘယ်လို မာမာအေး သီချင်းကို ကြိုက်နှစ်သက်နေသည်ကို ထိုစဉ်က စီနီယာ အကို၊ အမများ အဖြေ ရှာမရပေ။ တရက် တလေ မဟုတ် နေ့တိုင်း မာမာအေး ဖွင့်၏။ ကြာတော့ ထိုစဉ်က လူငယ်များသာ ဖြစ်ကြသေးသည့် အကို အမများသည် ကိုရီးယားကြီး သီချင်းဖွင့်မည်ကိုပင် လန့်နေကြတော့၏။

rio-olympics-taekwondo.jpg
photo from Google

ကိုရီးယား ကြီးက သဘောကောင်းပေမယ့် စည်းကမ်းပိုင်း တင်းကြပ်သည် ဆို၏။ စည်းကမ်းချိုးဖောက်လို့ အပြစ်ပေးလျှင် ယောက်ျား၊ မိန်းမ မခွဲ (မရွေး) ပါးရိုက်လေ့ ရှိသည် ဆို၏။ တခုခု လုပ်ပုံ ကိုင်ပုံ အသုံးမကျ၊ အချိုးမကျတိုင်း လာဦးဟု လက်ယက်ခေါ်ပြီး ပါးရိုက် အပြစ်ပေးသည် ဆို၏။ နည်းပြနှင့်က အတော်များများ အဆင်ပြေကြ၏။ မပြေသည်က အခြားအဆင့် ဆရာများနှင့် ဖြစ်၏။ တခါသားက အကို တယောက် နေမကောင်း (ဖျား) သဖြင့် အားကစားသမားများအတွက် ဖွင့်ထားသည့် ဆေးပေးခန်းမှာ ဆေးခန်းသွားပြ၊ ဆေးသွားတောင်းသည် ဆို၏။ ထိုအခါ ဆေးခန်းမှ ဆေးမှူးက သောက်ဆေးပေးလိုက်၏။ ဆေးတော့ မထိုးပေးလိုက်ပေ။ တပတ်လောက်နေတော့ အခြား အကို တယောက် ဗိုက်နာသဖြင့် ဆေးခန်းသွားပြ၏။

ထိုအကို ကိုလည်း ဆေးမှူးက ဆေးပေးလိုက်၏။ ပေးလိုက်သည့် ဆေးက ဖျားနေတုန်းက အကိုကို ပေးသည့် ဆေးနှင့် အတူ တူပင် ဖြစ်နေ၏။ ထိုအကြောင်းကို အခြားလူများကို ပြောပြတော့ အဖွဲ့ထဲမှ မယုံသည့် အမတယောက်က အခြား ရှေ့လူများနှင့် မတူသည့် အခြား ရောဂါ တမျိုးကို ပြောပြီး ဆေးခန်းသွားပြ၏။ သူ သွားပြတော့လည်း ပေးလာသည့် ဆေးက ရှေ့လူများကို ပေးသည့် ဆေးနှင့် အတူတူပင် ဖြစ်၏။ (၉၆) ပါး ရောဂါ ပျောက်သည့် ဆေးဖြစ်မည် ထင်၏။ ထိုဆေးလောက်နှင့် ရှမ်းတောင် ကစားသမားများ အိမ်ပြန်လာသည့် အကြောင်းအရင်း မဟုတ်သေးပေ။

နေမကောင်းသည့် အကိုအတွက် ထမင်းအစား၊ ဆန်ပြုတ်ရနိုင်မလား ပြောဆိုမိရမှာ အစပြုခြင်း ဖြစ်၏။ အားကစားသမားများအတွက် ကျွေးမွေး ချက်ပြုတ်ပေးသည့် နေရာက မရ၊ မလုပ်ပေးနိုင်ဟု ဆို၏။ သို့နှင့် တာဝန်ရှိသူများ ထံသို့ သွားပြောပြန်တော့လည်း အဆင်မပြေပေ။ သို့နှင့် ရှမ်းတောင်မှ ပမာဏ လက်ရွေးစဉ် အဖြစ်ရွေးခံထားရသူများအားလုံး ပြန်လာကြတော့၏။ နေရေး စာရေး အဆင်မပြေသဖြင့် အစကတည်းက အကြောင်းရှာနေကြသူများ မဟုတ်လား။ ခုတော့ ပြန်စရာ အကွက် တွေ့သွားပြီ ဖြစ်၏။ ထို စီနီယာ အကိုအမများ နောက်ပိုင်းတွင်တော့ ပမာဏ လက်ရွေးစဉ် ရွေးချယ်မှုတွင် ရှမ်းတောင် ကစားသမားများ ပါဝင်လာခြင်း မရှိတော့သည်မှာ ခုချိန်ထိ ပင် ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ချ ချ မြန်​မာ့အားကစား ကမ္ဘာကို လွှမ်းရမည်

ခုတော့
အရှေ့တောင် အာရှတောင် မကျော်နိုင်သေးပါဘူး လေ

မြန်မာအားကစား ကမ္ဘာလွှမ်းဖို့ အားကစားသမားတွေကို အစာစားဂရုပြုကျွေးကြပါအုံးလို့

အမှန်ပဲ

မသိတာက ပိုကောင်းနေသလိုပါဘဲ။

ဟုတ်ပ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64513.75
ETH 3146.11
USDT 1.00
SBD 3.95