ကျနော်နှင့် Game (Chapter 5)

in #myanmar6 years ago (edited)

FB_IMG_1527335451652.jpg

စာအုပ်ဆိုင်မှာ အလုပ်လုပ်နေပြီ ဖြစ်သောကြောင့် ယခင်လို ဂိမ်းမဆော့နိုင်တော့ပေ။ ည (၇) နာရီခွဲမှ ပြန်ရောက် သဖြင့် အားချိန်လည်း သိပ်မရှိတော့ပေ။ တခါတလေ ညရေးညတာ ထွက်လည်တာလောက်ပဲ လုပ်နိုင်တော့၏။ ထိုကဲ့သို့သော အချိန်မှသာ ဂိမ်းဆော့ရတော့၏။ သူငယ်ချင်းတွေနှင့်လည်း သိပ်မဆုံ ဖြစ်တော့။ ဒီလိုနှင့် ဆယ်တန်း စာမေးပွဲများ အောင်စာရင်း ထွက်၏။ ဂုဏ်ထူး တခု ပါ၏။ Chemistry ဘာသာရပ် ဖြစ်၏။ (၈၈) မှတ်နှင့် ဂုဏ်ထူးထွက်ခြင်း ဖြစ်၏။ အမှတ်ပေါင်းက (၄၀၂) မှတ် ဖြစ်၏။

အောင်စာရင်း မထွက်မီ မနက်အစောပိုင်းကတည်းက ရလဒ်များကို ကျနော်တို့ သူငယ်ချင်းတစုက သိနေပြီး ဖြစ်၏။ အဖွဲ့ထဲမှ ဆိုင်ကယ်ရှိသည့် သူငယ်ချင်းက သန်းခေါင်ကျော်၊ အာရုံတက်ချိန် လောက်ကတည်းက ကျနော်တို့၏ မိခင် ကျောင်းတော်ကြီးတွင် သွားရောက်မေးမြန်းထားခြင်း ဖြစ်၏။ အောင်စာရင်းများကို သက်မှတ်ထားသည့် ကျောင်းများတွင် ကြော်ငြာပေးခြင်း ဖြစ်၏။ ကျနော်တို့၏ အောင်စာရင်းကို တခြားကျောင်းမှာ သွားကြည့်ရမည် ဖြစ်၏။ သို့သော် အနှီဆိုင်ကယ်ရှိသည့် သူငယ်ချင်းသည် ကျောင်းတွင် ကျနော်တို့ အတန်း၏ အတန်းခေါင်းဆောင် ဖြစ်သည့်အပြင် ဆရာ၊ဆရာမများ၊ စာရေးများနှင့်လည်း ခင်၏။ သို့နှင့် သက်ဆိုင်ရာကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသားများ၏ အောင်စာရင်းကို ကြည့်ခွင့်၊ သိခွင့်ရခြင်း ဖြစ်၏။

FB_IMG_1537191844110.jpg
photo from Facebook

ထို့နောက် နံနက်ခင်း ဝေလီဝေလင်းကြီးမှာပင် ကျနော့်အိမ်သို့လာပြီး ထိုဝမ်းသာစရာ သတင်းကို ပြောပြပေးခဲ့ခြင်း ဖြစ်၏။ ကျနော်နှင့် ထိုသူငယ်ချင်း နောက်တထပ် သူငယ်ချင်းတယောက်ကို သွားခေါ်ပြီးနောက် မိခင်ကျောင်းတော်ဆီသို့ သွားကြပြန်၏။ အတန်းခေါင်းဆောင် သူငယ်ချင်းကို မယုံလို့ မဟုတ်ပေ။ မိမိမျက်စိနှင့် သေချာ ထပ်ကြည့်ချင်သောကြောင့် ဖြစ်၏။ မိခင်ကျောင်းတော်ထဲတွင် မိမိအောင်စာရင်းနှင့် အခြား သူငယ်ချင်းများ၏ အောင်စာရင်းကို ကြည့်ပြီး သကာလ ကျောင်းပေါင်းဆုံမှ စာဖြေသူများ၏ အောင်စာရင်းကို ထုတ်ပြန်ပေးသည့် ကျောင်းသို့ ချီတက်ကြပြန်၏။

ထိုကျောင်းတွင် အောင်စာရင်းလာကြည့်သည့် မိဘ အုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရှုပ်ယှက်ခတ်လို့နေ၏။ သူ့ထက်ငါ အောင်စာရင်းကို တိုးဝှေ့ပြီး ကြည့်နေကြ၏။ ရလဒ်သိပြီးသား ကျနော်တို့ သူငယ်ချင်းတစုက မလှမ်းမကမ်းနေရာမှာ နေပြီး အောင်စာရင်းလာကြည့်သည့် သူငယ်ချင်းများကို စနောက်နေကြ၏။ ကြည့်မနေနဲ့ အောင်တယ်တို့၊ ဘာ မင်းက အောင်စာရင်း လာကြည့်တယ် ဟုတ်လား … မင်းမအောင်ဘူးလေ စသည်ဖြင့် သူငယ်ချင်းများကို စနောက်ပြီး ထိုမင်္ဂလာ နံနက်ခင်းလေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့၏။

1200px-PSX-Console-wController.jpg
photo from Google

ဆိုင်ရောက်တော့ အပျော်ရှိန်က မသေသေး။ ဆိုင်ရှင် ဆရာက ဒီနေ့ အောင်စာရင်းထွက်တယ်မလား။ ငါ့တပည့် စာမေးပွဲအောင်တော့ ဒီနေ့ နားနားနေနေ နေရအောင်လို့ အလုပ်နားချင် နားလေ။ ဒီနေ့တရက်ပေါ့။ မနက်ဖြန်မှ ဆိုင်ပြန်လာခဲ့။ သို့နှင့် ကျနော်လည်း အားရ၀မ်းသာ အိမ်သို့ ပြန်လေတော့၏။ အိမ်ပြန်ရောက် အမေ့ကို အကျိုးအကြောင်းပြောပြပြီး အပြင်ထွက်လည်ဖို့ ပြင်ဆင်၏။ ထို့နောက် သူငယ်ချင်းတွေကို ခေါ်ကာ ဂိမ်းဆိုင်သို့ ချီတက်ကြ၏။ တနေ့လုံး နီးပါး ဂိမ်းဆော့ ကြ၏။ ထို့နောက် မုန့်သွားစားကြ၏။ ထိုနေ့ တနေ့လုံး အပျော်တွေ အပြည့်နှင့် ထုံမွှန်းလို့ နေတော့၏။ နောက်ရက်များတွင် ဆိုင်သို့ ပြန်သွားရ၏။ တက္ကသိုလ် မတက်ရသေးခင်အချိန်ထိတော့ စာအုပ်ဆိုင်မှာ ရှိနေဦးမည် ဖြစ်၏။ ထို့အတူ ဂိမ်းဆိုင်နှင့်လည်း ဝေးနေဦးမည် ဖြစ်၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Sort:  

တမ်းတစရာငယ်ဘဝများ

ဟုတ်ပါတယ် အန်တီ

ဂိမ်းဆော့တာ ဥာဏ်ရည်ထက်ပါတယ်ဆို ကျန်သူတွေ မယုံကြဘူး ဦးဇင်းတို့ ဆို ကျောင်းသားဘဝက dota ခုတ် counter ပစ်နဲ့ စာမေးပွဲတွေ ကျော်လွှားခဲ့တာ အကျမရှိဘူးဆို ခုတော့ အချိန်တန်ဖိုးသိလာပြီ အရေးမပါတဲ့အရာတွေအတွက် အချိန်သိပ်မပေးဖြစ်တော့ဘူး

တပည့်တော် ပြောချင်တာလည်း အဲ့တာပဲ ဘုရား 😂

စာမေးပွဲအောင်တာကိုး ကြွားသွားတာပဲ ဆာဒွန်က

ရည်းစားမှ မရှိတာ ဒါပဲကြွားရတော့ မှာပေါ့ 😂

ဆယ်‌တန်း‌အောင်‌စာရင်းကြည့်‌ရတဲ့ ခံစားမှုက တစ်‌သက်‌မ‌မေ့စရာပါ။

ပျော်စေခဲ့သော နေ့ရက်များပေါ့ 😁😁
လွမ်းစေခဲ့သော နေ့ရက်များလည်း သိချင်မိသေးတယ်😊

လာမယ်
လွမ်းရက်တွေ အကြောင်း

ဟယ် ဆယ်တန်းကတည်းက အလုပ်လုပ်တာပေါ့ လေးစားပါတယ်လေ...

ဟီး အမေတို့က လုပ်ခိုင်းလို့လည်း ပါ ပါတယ်ဗျ။
50% 50% ပေါ့

အောင်စာရင်းကြည့်ပြီး ပျော်စရာကောင်းတဲ့ နေ့လေးကတော့ ဘဝမှာ အကောင်းဆုံးနဲ့အပျော်ဆုံး အမှတ်တရ နေ့လေးတစ်နေ့ဖြစ်ပါတယ်။

အမှန်ပါပဲဗျာ

အောစာအုပ်ဆိုင်မှာ နေခဲ့သေးတာကို အဲ့တာကြောင့် ကိုတပ်ပိုင်ကြီး စာရေး တစ်အားကောင်းတာ ။

ငှယ့် မြှောက်ပြီ

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အမှတ်များတာကို ကြွားတာလားခင်ဗျ
ဂိမ်းကို ပြောချင်တာလား

င်္ဟး

အဟီး

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64222.08
ETH 3135.29
USDT 1.00
SBD 3.99