Under Technology

in #myanmar6 years ago

FB_IMG_1527335451652.jpg

နည်းပညာ တိုးတက်လာမှုက ကြောက်ခမန်းလိလိပင်။ လူဖန်တီးသည့် နည်းပညာနောက်ကို လူတွေကိုယ်တိုင် မလိုက်နိုင် ဖြစ်နေရ၏။ တနေ့တနေ့ အသစ်အဆန်းတွေကလည်း နေ့စဉ် ထွက်နေ၏။ မိမိ မျက်စိရှေ့မှာပင် လူတို့၏ တီထွင်ဖန်တီးမှုတွေက အရှိန်အဟုန်ဖြင့် တဖြည်းဖြည်းချင်းစီ မြင့်မားလာနေပြီ ဖြစ်၏။ ယနေ့ခေတ်လူများသည် နည်းပညာ ၀ဲဂယက်ထဲတွင် တ၀ဲလည်လည် ဖြစ်လို့နေကြရ၏။ တချို့က ထို ၀ဲဂယက်ကနေ ရုန်းထွက်နိုင်ပေမယ့် တချို့ကတော့ လည်လို့ ကောင်းနေကြသေး၏။ တချို့များ မြုပ်ကိုသွားပြီး တော်တော်နှင့် ပေါ်မလာပဲ ရှိနေတတ်ပြန်သေး၏။

ကျနော့်တွင် phone တွေကို အလွန် သဘောကျပြီး နှစ်သက်လွန်းသည့် သူငယ်ချင်း တယောက် ရှိ၏။ ကျနော်လည်း နှစ်သက်ပါ၏။ သို့သော် သူနှင့် ကျနော်၏ နှစ်သက်ပုံခြင်းက မတူပေ။ ကျနော်က မိမိ စိတ်ကြိုက် phone တလုံးကို တပါတည်း သေချာ ၀ယ်ယူလိုက်ပြီးမှ ထို phone ကို မိမိ မည်သို့ သုံးရမည်၊ software အားဖြင့် မည်သို့ ပြောင်းလဲ အသုံးပြုလို့ ရမည်ကို ဦးတည်ပြီး နှစ်သက်ခြင်း ဖြစ်၏။ သူငယ်ချင်းက ထိုသို့ မဟုတ်ပေ။ သူက phone တလုံးပြီး တလုံး ပြောင်းကိုင်ရသည်ကို နှစ်သက်နေခြင်း ဖြစ်ဟန်တူ၏။ အဘယ်ကြောင့်ဆိုသော် သူသည် phone တလုံးကို ဘယ်တော့မှ ကြာကြာ မကိုင်သောကြောင့် ဖြစ်၏။ ထိုသို့ ကျနော် ပြောတိုင်း သူကြိုက်တဲ့ phone မျိုး မတွေ့သေးလို့ပါဟု ဆိုတတ်၏။ ထိုအခါ ကျနော်ကလည်း အင်း … ခင်ဗျား စိတ်နဲ့ တွေ့တဲ့ အဆင်ပြေတဲ့ phone မျိုး ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး ဟု ပြန်ပြောလေ့ ရှိ၏။ သူနှင့် အဆင်ပြေသည့် phone မှာ သူ့သူ ထုတ်လုပ်ပြီး ကိုင်မှပဲ ရပေလိမ့်မည်။

banner-img_WhyAndroid.jpg
photo from Google

သိပ်မကြာခင်ကမှ ၀ယ်ထားသည့် phone ကို ဟိုဟာ အကြောင်းပြ၊ ဒီဟာ အကြောင်းပြပြီး နောက် phone တလုံး လဲလေ့ ရှိ၏။ Ram နည်းလို့၊ Rom နည်းလို့၊ Camer သိပ်မကောင်းတော့လို့၊ LED မဟုတ်လို့ အစရှိသဖြင့် အကြောင်းပြချက် အမျိုးမျိုး ပေးလေ့ ရှိပြီး phone အသစ်ပြောင်းကိုင်လေ့ ရှိ၏။ တနှစ်လောက် ကိုင်ပြီးမှ ပြောင်းခြင်းကို အပြစ်မဆိုချင်သော်လည်း လပိုင်းလောက်သာ ရှိသေးသည့် အချိန်လေးအတွင်းမှာပင် phone ပြောင်းပြောင်း ကိုင်နေခြင်း ဖြစ်၏။ သူ့သူ ပြောင်းကိုင်တာ မင်းပိုက်ဆံ ကုန်တာကြလို့ဟု ပြောလိုက ပြောနိုင်ပါ၏။ သူငယ်ချင်း ဖြစ်နေတာ့ အမြင်မတော်လို့ ပြောမိနေခြင်း ဖြစ်၏။

ကျနော်တို့က မိမိလက်ထဲ မိမိလိုချင်သည့် phone ရောက်လာလျှင် တခြား phone များကို သိပ်ပြီး မစပ်စုတော့။ ( လေ့တော့လေ့လာ၏ ) စိတ်ရင်းမှာ စိုးသောကြောင့် ဖြစ်၏။ နည်းပညာ ပစ္စည်းဆိုသည့် အမျိုးက ဒီနေ့ အသစ် နက်ဖြန် အဟောင်းပင်။ မိမိ လက်ထဲရောက်ပြီး တပတ်သာ သုံးရသေးပါတယ်၊ အာမခံလည်း ကျန်ပါသေးတယ်ဟု မည်သို့ပင် ပြောပြော၊ အဟောင်းဈေး (second) ဈေး အဖြစ်သာ ရ၏။ ထို့ကြောင့် မိမိလက်ဝယ် ရှိသည့် phone လေးကိုသာ တသသနှင့် တယုတယ လုပ်နေ၏။ ပျော်ပျော်နေဖို့က အရေးကြီးသည် မလား။ သူငယ်ချင်းက ထိုသို့ မဟုတ် သူ့တွင် phone နှင့် ပတ်သက်ပြီး ဘယ်သောအခါမှ စိတ်ကျေနပ်မှု ရှိသည်၊ ရသည်ဆိုပြီး မရှိလှပေ။ သို့နှင့် မကြာမကြာ phone ပြောင်းပြီးတော့သာ ကိုင်နေတော့၏။ တမျိုးတော့လည်း ကောင်း၏။ phone အများကြီး ကိုင်ရတာပေါ့။

Top-5-Best-Flagships-Killer-Smartphones-Early-2018.png
photo from Google

မည်သို့ပင် ဆိုစေ မကြာမကြာ သူငယ်ချင်းတွေ ဆုံကြတိုင်း သူက phone အကြောင်းတွေ ပြောနေမြဲ၊ ကျနော်ကလည်း ၀င်ရောက်ဆွေးနွေး အကြံပေးမြဲပင် ဖြစ်၏။ ကျနော်တို့သည် နည်းပညာနှင့်မှ မကင်းနိုင်ပဲကိုး။ သို့သော် မည်သည့်အရာတိုင်း၊ မည်သည့်ကိစ္စတိုင်းမဆို တော်သင့်ရုံလောက်သာ ကောင်း၏။ ထိုထက် ပိုသွားလျှင် မိမိသာ ပင်ပန်းရပေလိမ့်မည်။ ထို့ကြောင့် မိမိသည် နည်းပညာကို ဖန်တီးသူလား။ သို့မဟုတ် နည်းပညာကို ကောင်းကောင်း နားလည် ဖမ်းမိသူလား။ နည်းပညာ၏ နောက်ကောက်ချခြင်းကို ခံထားရသူလား။ နည်းပညာ ၀ဲဂယက်ထဲမှ လည်နေသူလား။ သို့မဟုတ် နည်းပညာနှင့် ကင်းကွာနေသူလား ဆိုသည်ကိုတော့ မိမိ ကိုယ်တိုင်သာ သိပေလိမ့်မည်။

Don Jaun

MSC 31

Sort:  

နည်း ပညာလည်း မလိုက်ချင်တော့ဘူး အီး ပညာလည်း စိတ်မပါတော့ဘူး ခရီးလမ်းက အတော်ရှည်မယ် ☺

လိုက်ပါ
ကျန်ခဲ့မှာစိုးလို့
😂

လပိုင်းလောက်နဲ့ တစ်လုံးပြီးတစ်လုံးပြောင်းကိုင်နေတာတော့ သဘောမကျပါ။အစ်ကို့အယူအဆလေးကို ထောက်ခံပါတယ်ခင်ဗျာ။

ဟုတ်
ကိုယ့် အတွေး ကိုယ့်အကြိုက်တွေ ပေါ့ဗျာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by Don Jaun from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

နည်းပညာနဲ့တော့ စိမ်းလို့တော့ရဘူးဗျို့

ဟုတ်ပ

ဖန်တီးပေးလိုက်ပါ ဖုန်းတစ်မျိုး iron man ဆီက ပစ္စည်းတွေ အက်ဘန်းချားတွေဆီက နည်းပညာတွေနဲ့ rom တင် 100 exabytes လောက်နဲ့ battery ကလည်း အားသွင်းစရာမလိုအောင် နူကလိယ ဓါတ်ပေါင်းဖိုသေးသေးလေး ဖုန်းထဲ battery အစားထိုး ထည့်ပေးလိုက်ပါ ။ မတော်တဆပေါက်ကွဲလဲ မကွဲလောက်ပါဘူးနော် ။ ပေါက်ကရတွေး၍မန့်သွားသည် ။

Av Dome 😁

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63799.64
ETH 3130.40
USDT 1.00
SBD 3.97