Uni Uni

in #myanmar5 years ago

t5n9axz4v5.jpg

မပြီးသေးသော ယူနီကုတ် အကြောင်းကို ဆက်ပြောပါဦးမည်။ ခု တကြိမ် ယူနီကုတ်၏ တွန်းအားက မသေးလှပေ။ ယခင် အကြိမ်များထက် ယခုအကြိမ်ကတော့ တော်တော်လေး ရွေ့သည်ဟု ပြောလို့ ရ၏။ အားလုံး နီးပါး ၀ိုင်းတွန်းကြလို့လည်း ပါမည် ထင်၏။ ရှေ့ရက်က ဆောင်းပါးများမှာတော့ ယူနီကုတ်ကြောင့် တိုင်ပတ်သူများ အကြောင်းကို ပြောခဲ့၏။ အလွယ်တကူ ယူနီကုတ် ပြောင်းလို့ မရသည့် phone အမျိုးအစား ကိုင်ထားသူတွေပေါ့။ ထိုသူများ အပြင် တိုင်ပတ်ရသည့် အခြားသူများ ရှိသေး၏။ phone service လုပ်သူများ ဖြစ်၏။

ဆိုခဲ့ပြီးသည့် အတိုင်း အချို့ Phone များက ပြောင်းရလွယ်၏။ အချို့ phone များက မလွယ်ပေ။ မလွယ်တဲ့ မလွယ် ရိုးရိုး တန်းတန်း ပြောင်းလို့ မရပေ။ အချို့ phone အမျိုးအစား အထူးသဖြင့် မော်ဒန်နိမ့် phone များက root လုပ်ပြီးမှသာ Unicode ထည့်သွင်း အသုံးပြုလို့ ရ၏။ ထိုသို့ root လုပ်ရာမှာ အချို့ phone အမျိုးအစားများက အဆင်ပြေမယ့် အချို့ phone များက root လုပ်ခြင်းကြောင့် power သေသွားခြင်း၊ bootloop (logo လည်) ပတ်သွားခြင်းမျိုး ဖြစ်တတ်၏။

mgy6jv2i33.jpg

တချို့ နည်းပညာနှင့် သိပ်မစိမ်းသူများက နားလည် လက်ခံကြပေမယ့် နားမလည်သူများက ဘာလို့ ပိုက်ဆံ ယူရတာလဲ ယူနီကုတ်လေး ပြောင်းတာလောက်ကို။ ဟိုတယောက် phone ကို ပြောင်းတုန်းကတောင် ပိုက်ဆံ မပေးရဘူးလေ ဆိုပြီး ပြောကြသေး၏။ အခြားသူများ phone တွေက အလွယ်လေး ပြောင်းလို့ ရသည်ကိုး။ ကိုယ့် Phone က လွယ်လွယ်လေး ပြောင်းလို့ မရသည့် phone မျိုး ဖြစ်နေသည်ကို မသိဘဲနှင့်ပေါ့။

ကျနော့် သူငယ်ချင်း၏ service ဆိုင်သို့လည်း ထိုကဲ့သို့သော phone များ ရောက်လာနေပြီ ဖြစ်၏။ သို့ပေမယ့် သိပ်တော့ မများသေးပေ။ error လည်း သိပ်မရှိ၊ သိပ်မကြုံရသေးပေ။ online မှာ သိပြီး ရင်းနှီးနေသည့် service လုပ်သူ အချို့မှာတော့ ထိုပြဿနာမျိုးနှင့် ကြုံနေရ၏။ ပိုက်ဆံ ယူပြီးမှ ပြောင်းပေးလို့၊ ယူသည့် ပမာဏကလည်း များလို့ အစ ရှိသဖြင့် တွေ့ကြုံနေကြရ၏။ သူတို့ ခမျာလည်း တော်တော်လေး အခက်တွေ့ရ၏။ ယူနီကုတ်က ပေးသည့် ချိုမြိန်သော ဒုက္ခဟုပင် ခေါင်းစဉ် တက်ရမလိုပင်။

ယူနီကုတ် ကျေးဇူးကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားများလည်း ပြောစရာ ဆိုစရာ ငြင်းခုန်စရာ တခု ထပ်တိုးလာခဲ့၏။ ယူနီက ဘာဖြစ်တယ်၊ ဇော်ဂျီက ဘာဖြစ်တယ် ဆိုပြီးတော့ ပေါ့။ ကျနော်လည်း တနေ့ တနေ့ ထိုသတင်းများကို လိုက်ဖတ်၊ လိုက်ကြည့်ရင်းနှင့်သာ ရယ်နေမိတော့၏။ ထို့ပြင် ယူနီကုတ်ကိုလည်း ကျေးဇူးတင်နေမိ၏။ သူ့ကြောင့် ရေးစရာ ပိုစ့်တွေ ရလာသည် မဟုတ်လား။

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64107.21
ETH 3073.84
USDT 1.00
SBD 3.88